ငါဘာတွေဖြစ်နေတာလဲ😔😔

Start from the beginning
                                    

အဲ့အဖြစ်ကိုကြည့်နေတဲ့အိမ်ရှေ့တံခါးပေါက်ကလူသုံးယောက်...

"အဲ့ဒါကြောင့်ပြောတာ..ရှင့်သမီးကိုဆေးခန်းပြသင့်ပြီ''

" သက်ဦးအရူးဆိုတာမှန်​​နေတာကို...ဘယ်တတ်နိုင်မလဲ..ငါကြည့်လုပ်လ်ိုက်ပါ့မယ် အမေကြီးရယ်''

" အာ့ဆိုမြန်မြန်လုပ်..ပါး...မကြီး ကိုသွားပို့ပြီးဆန်တစ်အိတ်..ဆီတစ်ပုံးယူလာခဲ့''

(အဲ့လိုအချစ်ခံရတာ..ပြောရရင်အရူးထောင်ပို့မယ်ဆိုတဲ့သဘော)

နောက်ကျောမလုံသလ်ိုခံစားရလို့ နောက်လှည့်ကြည့်တော့...လူကိုကြည့်နေတာများ သိ​နေတယ်...ငါလေးကိုအရမ်းချောလို့ကြည့်တာ..ဒါမဲ့မားသားကြီးကို ကြည်တာမဟုတ်ဘူးမလား.....

အဲ့တော့ ဖင်က​​လေးကို​​နောက်ပစ်ပြီး လှုပ်ပြလိုက်တယ်...မကြောက်ဘူးပေါ့..အဲ့မှာစတာ...မာတာမိခင်ကြီးက သူ့ကိုစပါတယ်ဆိုပြီး...ရှေ့ကဖိနပ်တစ်ဖက်နဲ့ ငါလေးကိုကောက်ပစ်လိုက်တာမြင်တော့ ရှောင်လိုက်တာပေါ့...ကြည့်...ခု ကိုယ့်ရှေ့ကမီးပုံထဲတန်းကျရော အဲ့ဖိနပ်က

"အမလေး..အဲ့တာ..နင့်အဖေဖိနပ်ကြီး...အမလေးသွားပါပြီ...မနေ့ကမှဝယ်ပေးထါးတာ..ဟဲ့..ဘာလုပ်နေလဲ..မီးထဲကပြန်ထုတ်လေ''

" မား လွန်ပြီ..ချီလုပ်တာမှမဟုတ်တာ..မားပစ်တာလေ..နောက်ဒီလောက်ပူနေတာ..သွားနှိုက်ရင် လက်ကင်ပြီးသားဖြစ်သွားမှာပေါ့..''

" ဘာ..နင်..နင်..အေး..မရတော့လဲမထူးဘူး..ကျန်တစ်ဖက်နဲ့နင့်ကိုသေအောင်ရိုက်သတ်မယ်''

ဘာလားနောက်တစ်ဖက်ကိုကိုင်ပြီး လိုက်ရိုက်သတဲ့..ရက်စက်ပါ့...အဲ့တော့ပတ်ပြေးရတာပေါ့..ဘယ်လောက်ရိုက်ချင်လဲမသိဘူး....ထမီတောင်ကျွတ်တယ်..

အဲ့ဒါလဲမရိုက်ဘူးထင်လား..ထမီကြီးကိုတစ်ဖက်ကကိုင်ပြီးကိုလိုက်ရိုက်တာ..စစ်ကူတောင်းဖို့အဖေကိုကြည့်တော့ မီးပုံလေးက်ိုကြည့်ပြီး ဆွေးနေတာရယ်..

ဖ်ိနပ်သစ်လေးကိုနှမြောနေမှန်းသိပေမဲ့..အဖေသာမဆွဲရင် ဒီသမီး​လေးကမာတာမိခင်ကြီးသတ်လို့သေတော့မယ်...အသံကျယ်​ကြီးနဲ့..

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now