ကျွန်တော်..ukeမဟုတ်ပါဘူး

Start from the beginning
                                    

"ပြောရင်းနဲ့ရောက်လာပြီ..သွား..သွား..အခန်းထဲဝင်နေ..အပြင်ကိုထွက်မလာခဲ့နဲ့နော်..ငါ့စကားနားထောင်..နင့်အတွက်ပြောနေရတာ ''

ဟုတ်ပြီ..သေချာလဲမရှင်းပြဘဲ..လူကိုအတင်း အခန်းထဲထည့်လိုက်တာရယ်..ဘာလား..ငါကဘာလုပ်မှာမို့လို့လဲ..သူ့သူငယ်ချင်းကိုဖြစ်နေလိုက်တာ..အဲ့လိုသည်းလေ...ငါကပိုလုပ်ချင်လေပဲ...ကြည့်နေ...ထွက်ကိုလာမှာ

မောင်လေးကိုအခန်းထဲသေချာထည့်ပြီး အိမ်ရှေ့အမြန်ပြေးလာရတယ်..မပြေးလို့ရမလား..ဟိုဟာမက သေအောင်အော်နေတာ..ထပ်အော်ရင် ရပ်ကွက်ကခဲနဲ့လာထုတော့မယ်...

" သေမ်ို့..အဲ့လောက်အော်နေတာလား ''

" ဟာ..အပြင်မှာပူတယ်ဟ..ငါလေးအသားမဲနေမှ..အလှပျက်တယ် ''

"ဟုတ်တယ်..တော်တော်လှတယ်ဆိုတော့..မလေးရှားသရဲမတောင်သူ့ထက်ချောသေး ''

ဝတ်ထားတာကကြည့်အပေါ်အင်္ကျီကမသိရင် စောင်ပတ်ထားသလားပဲ...ပွနေလိုက်တာများ ဘောင်းဘီကျ jjဘောင်းဘီကြီးနဲ့ ဆံပင်ကလဲ...ခေါင်းတောင်ဖြီးရဲ့လားမသေချာဘူးရယ်..တော်သေးတယ်..မျက်နှာတော့သစ်လာပုံပဲ

" ဗိုက်ဆာတယ်ဟာ..ဘာရှိလဲ ''

" အေး..ဧည့်ခန်းမှာသွားထိုင်နေ..ငါစားစရာသွားလုပ်အုံးမယ်..နင်ကမြိုရင်တစ်မျိုးနဲ့မရဘူးဆိုတာသိတယ် ''

" ဟီး...အများကြီးလုပ်လာခဲ့..မနက်ထကတည်းကဘာမှမစားရသေးဘူးဟ..မျက်နှာသစ်ပြီးနင့်ဆီလာတာ ''

မိရွှေမကနောက်ဖေးဝင်သွားပြီရယ်..သူပြောသလို ဆိုဖာပေါ်သွားထိုင်လိုက်တယ်...အာ..ငါခေါင်းမဖြီးလာရဘူးဘဲ

" ကဲ..မ​ကြီးအနောက်သွားတုန်း ထွက်ပြရမယ်''

ခန့်ထည်ဝါဟာဆိုရင် မှန်ကိုတစ်ချက်ကြည့်လိုက်တယ်..မဆိုးဘူး..မင်းအရမ်းကြည့်ကောင်းတယ်..ဘောင်းဘီဒူးလောက်ကိုမှ အပြာရောင်လေး..အင်္ကျီအဖြူနည်းနည်းပွတာလေးကိုကအသားဖြူလို့အရမ်းလိုက်နေပြီ..

ဆံပင်လေးကနက်မှောင်ပြီး နှုတ်ခမ်းနီတောင်မလိုဘဲ..ပန်ရောင်လိုလိုနီသလိုလိုလေးနဲ့..မျက်ခုံး..မျက်လုံး..နှာတံ..လုံးဝ perfect..

fujoမရဲ့ရည်းစား...သူကUke မဟုတ်ပါဘူး💖(Completed) Where stories live. Discover now