Magic Love (1)

3.2K 93 5
                                    

မှောင်မဲနေတဲ့ မျက်လုံးကို အားယူပြီးဖွင့်လိုက်တော့ ရှေးကျတယ်လို့ထင်ရတဲ့ ကုတင်ဘေးမှာ သက်ရှိဆိုလို့ အရိပ်တောင်မတွေ့ရ

တကိုယ်လုံးရဲ့ အပူတွေဟာ နေမကောင်းသူတယောက်သဖွယ် လက်နဲ့ တခြားလက်ကို စိတ် ကြည့်ပြီးတော့ သက်ပျင်းချလိုက်တယ်

"နာလိုက်တာ~ ငါအသက်ရှင်သေးတာပဲ ငါ...ဘာလို့များ အသက်ရှင်နေသေးတာလည်း~~~ဘာလို့များ သေခွင့်မပေးကြတာလည်း

〰️〰️〰️〰️
သေခြင်းဆိုတဲ့ အရာကိုမရောက်ခင် 'ဟီကျင်းဖန်' ရဲ့ဘဝဟာ အရမ်းပျော်ဖို့ကောင်းခဲ့တယ်

'ဟီကျင်းဖန်' လို့ပြောလိုက် ဒီ 'ထီယံ' တိုင်းပြည်မှာမသိသူ မရှိဘူး ပန်းချီ ပညာလက်ရာမြောက်တာကြောင့် လူတိုင်းနီးပါးသိကြသည် အထူးသဖြင့် အမျိုးသမီးတိုင်းသိကြတယ်

ရုပ်ရည်ကလည်း ချောမောလှပသလို စိတ်ထားလေးလည်းကောင်းတယ် သူ့မိဘတွေဟာ သူ့ကို ရှားရှားပါးပါး အသက်ကြီးမှရလာတာကြောင့် အရမ်းချစ်ကြတယ်

ညီအကိုမောင်နှမ ဆိုလို့ ဝမ်းကွဲ တွေပဲရှိတယ် ဒါပေမယ့် သူတို့မိသားစုတွေက ခရီးသွားကုန်သည်တွေမို့ တွေ့ဖို့က ခက်ခဲလွန်းတယ်

'ဟီကျင်းဖန်' ရဲ့မိဘတွေက အရင်ကကုန်သည်ဆိုသော်ညားလည်း အခုတော့ အသက်ရလာတာနဲ့ အမျှ ထီယံတိုင်းပြည်မှာပဲ အခြေချကြတော့တယ်

စီးပွားရေးအနေနဲ့ သူတို့ကိုယ်ပိုင်ဖွင့်ထားတဲ့ အထည်ဆိုင်လေးရှိတယ် ပိတ်စတွေနဲ့ ပန်းချီခြယ်ရတာကိုဝါသနာပါတဲ့ 'ဟီလန်' အတွက်ကတော့ အဆင်ပြေတာပေါ့

"ဟီကျင်းဖန်လေး မတွေ့ရတာတောင်ကြာပြီ

အမြဲတမ်း ပိတ်စလာလာဝယ်နေတဲ့ ဖောက်သည်ကိုတွေ့တော့ ဟီလန်လည်းပြန်ပြုံးပြကာ

"မတွေ့ရတာတောင်ကြာပြီနော် အမ ဒီတခေါက်ကော ဘယ်လိုပုံစံလိုချင်လည်း ကျွန်တော် အမကို အလှဆုံး ပိတ်စလုပ်ပေးမယ်

"အောင်မလေး တို့ ဟီကျင်းဖန်လေးက အပြောကောင်းလိုက်တာ အဲ့ဒါကြောင့် ဒီကပဲအမြဲလာဝယ်ချင်တာ

"ဟဟား အမကတော့မြောက်ပြီ ကျွန်တော်တော့ အိမ်နဲ့တက်စောင့်နေပြီ

Magic Love ( ရပျနား)On viuen les histories. Descobreix ara