Magic Love(8)

528 49 7
                                    

Zawgyi

"ဟဲ့ သိပြီးကြပြှီလား

"အိမ်ရှေ့စံကို ထီးနန်းပေးပြီး မိဖုရားတပါးမြောက်မှာကိုလား

"ဟင်ငါတောင်မပြောရသေးဘူး

"အောင်မလေး အကုန်သိပြီးပါ့ ဒီလောက် နန်းတော်ထဲမှာ ဆူဆူညံညံဖြစ်နေတာကို မသိတာသူဆိုလို့ နားကန်းနေရတဲ့လူပဲရှိတယ်

"ပြီးတော့တခုရှိသေးတယ်လေ ဟိုအချစ်တော်ကို ကြင်ယာတော်မြောက်မယ်တဲ့

"လူသတ်သမားသားကိုလား? အံ့သြပါ့ အိမ်ရှေ့စံဘာစဉ်းစားတေလည်းနားမလည်ဘူး

"အဲ့လိုတော့မပြောပါနဲ့အေ သူတို့မှာလည်းအကြောင်းရှိလို့နေမှာပေါ့

"နင်ကသူ့ဘက်ကလား

"အဲ့လိုမဟုတ်ပါဘူးဟယ် အဲ့အချစ်တော်ကြည့်ရင်သနားလို့ပါ သူ့မှာ ဒီကို အထီးကျန်ပြီးရောက်လာတာလေ ဘယ်သူကမှလည်းစကားမပြော ဘယ်လောက်တောင်သနားဖို့ကောင်းလည်း

"အေးနော် ငါသာဆိုပျင်းလို့သေမှာပဲ

"ငါကြားတာတော့ မင်းကြီးရဲ့ ကြင်ယာတော်နဲ့အမြဲတွေ့တယ်ဆိုပဲ

"အေးငါလည်းကြားတယ် သူတို့က အရမ်းခင်ကြတဲ့လူတွေလိုပဲတဲ့

"အင်းပေါ့ ၂ယောက်စလုံးက အထီးကျန်နေကြတဲ့သူတွေပဲကို

ပထမကတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့စကားဝိုင်းဟာ အခုတော့ တိတ်ဆိတ်သွားပြီး ကိုယ်တာဝန်ကျနေရာကိုသွားရောက် ထမ်းဆောင်ကြရတော့တယ်

➖➖➖✳️✳️✳️

"ကျင်းဖန်လေးဘာစားပြီးပြီလည်း

နေ့တိုင်း အဆောင်ကိုလာလည်ဆဲ့ ကျင်းဖန်ကြောင့် သူပျော်ရပါတယ် အရင်ကလို တယောက်ထဲဖြစ်မနေတော့တာကြောင့် အရင်ကထက်ပိုလန်းဆန်းလာသလိုခံစားရတယ်

"မစားရသေးဘူး အကို ကျွန်တော် အကိုနဲ့မှစားမလို့

"အားးချစ်ဖို့ကောင်းလိုက်တာ အဲ့ဆို မနက်စာ အတူတူစားကြမယ်နော်

"ဟုတ်

"ကုန်းကုန်း မနက်စာ၂ယောက်စာပြင်ပေးပါ

Magic Love ( ရပျနား)Where stories live. Discover now