Magic Love (20)

258 20 6
                                    

Zawgyi

"ပြင်လို့ပြီးပြီလား

ကျင်းထွက်လာတာမြင်လိုက်ရတဲ့အချိန်...

ဒီနေ့ပွဲတော်နေ့မို့ အတိုင်းတိုင်းအပြည်ပြည်ရဲ့ ကိုယ်စားလှယ်တွေ အရာရှိ အရာခံတွေကို ဖိတ်ထားတာမို့ မတူညီတဲ့စစ်သည်ဝတ်စုံတွေနဲ့ ရဲမတ်တွေဟာ ခန်းမကြီးရဲ့ သူ‌တို့ခေါင်းဆောင်အနောက်မှာ မတ်တပ်ရပ်ကာ ကာကွယ်ပေးနေကြတယ်

"အရှင်မင်းကြီးကြွချီလာပြီ

တိုင်းတစ်ပါးရဲ့ ဘုရင် ဘယ်လိုပဲဖြစ်နေပါစေ ယဉ်ကျေးမှုအရ မတ်တပ်ရပ်ကာ နှုတ်ဆက်ကြလေတယ် သူတို့ရဲ့ နှုတ်ဆက်မှုရဲ့နောက်မှာ မျက်လုံးတွေက ဘုရင်ရဲ့ အနောက်က ဖြူဖြူလေးစီရောက်သွားလေတယ်

"အဟမ်း

ချောင်းဟန့်သံကြားမှပဲ မျက်လုံးတွေအားလုံးက အသံလာရာကိုပြန်အာရုံစိုက်လိုက်ကြတော့တယ်

"(ဘယ်လိုတောင်အတင့်ရဲနေကြတာလဲ ငါကိုယ်တော်ရဲ့ကြင်ယာတော်ကို ) အခုလိုကြွရောက်လာတာဝမ်းသာပါတယ် ဒီပွဲတော်ကရပ်တန့်ခဲ့တာကြာပြီဆိုသော်ကြား တစ်စုံတစ်ဦးအတွက် ပြန်ပြီး လုပ်ပေးခဲ့တာပါ

"ဟေဘယ်သူလဲ

"လီမင်းကြီးကဘယ်သူ့အတွက်လဲမသိဘူး

"အားလုံးသိချင်ကြမှာပေါ့ ရှေးဘုရင်တွေကဖျက်သိမ်းခဲ့တဲ့ပွဲတော်ကို ဘယ်သူ့အတွက်ကြောင့်ပြန်လုပ်လဲဆိုတာကို ကိုယ်တော်မိတ်ဆက်ပေးပြစေ ဒါက ကျင်းဖန် ကိုယ်တော့ရဲ့ ကြင်ယာတော်

"ဟမ် ငါကသူ့သားထင်နေတာ

"တော်တော်နုတာပဲ

အားလုံးဘယ်လောက်ပဲတီးတိုးပြောပြော ဝမ်ရှင်းကြားနေရသေးတယ်

"အဲ့တော့ ကျေးဇူးပြုပြီး ကိုယ်တော်နဲ့စစ်မခင်းချင်ကပြါနဲ့

အားလုံးကိုငါသိတယ်ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်မှပဲ ငြိမ်သွားတော့တယ် ဘေးက ပွဲစီစဉ်သူကိုခေါင်းငုန့်ပြလိုက်တော့မှ

"လက်ဆောင်တွေဆက်သထားတာကြေညာပါတော့မယ်!! **တိုင်းပြည်မှ ကျားသားရေ...
.
.
.

ရှည်လျှားလှတဲ့ လက်ဆောင်တွေလပ်ခံနေတုန်း လက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကိုင်တာခံစားရလို့လှည့်ကြည့်လိုက်တော့ ကျင်းလေးကတစ်စုံတစ်ခုကိုကြည့်နေလေတယ်

Magic Love ( ရပျနား)Where stories live. Discover now