Magic Love(13)

406 40 1
                                    

"ကျင်းရဲ့မိဘတွေက ကျင်းရဲ့မိဘမဟုတ်ဘူးဆို ကျင်းလာလုပ်မလည်း

"အရှင်ဘာပြောချင်တာလည်း

"ကျင်းသိသင့်တယ်ထင်လို့ ကိုယ်တော်ပြောပြချင်ပေမယ့် ကျင်းသိချင်ပါ့မလား

"?

"ကျင်းရဲ့ မိဘတွေဘာလို့ကျင်းကို အဲ့မိသားစုစီပို့ခဲ့လည်း ကျင်းမိဘအရင်းတွေကဘယ်သူလည်း ကိုယ်တော့ ကြင်ယာတော် ဘယ်လိုသေသွားလည်း

"? အရှင့်ကြင်ယာတော်သေတာ ကျွန်တော့ ဖခင်လုပ်ကြံလို့ဆိုတာကျွန်တော်သိပါတယ်

"ဟုတ်တယ် ကျင်းရဲ့ဖခင်က လုပ်ကြံလို့ ဒါပေမယ့် ကျင်းစဉ်းစားကြည့် ကိုယ်တော်တို့ရဲ့ ဒီခန်ယန်းက လူတိုင်းလွယ်လွယ်ကူကူ လာပြီး သတ်လို့ရလို့လား ညဆိုတာ အရမ်းအေးပြီး ရေတောင်ခဲနိုင်တယ် မနက်ဆိုလည်း လူတွေအများကြီးရှိတဲ့နန်းတော်ထဲမှာ လုပ်ကြံဖို့ဆိုတာ ဟက် အတွင်းလူရှိမှပေါ့ မဟုတ်ဘူးလား

"ဟင် အတွင်းလူ?

"ကျင်းသိချင်လား ကိုယ်တော်အကုန်ပြောပြမယ် ကျင်းသိသင့်တယ်ထင်လို့

"ကျွန်တော်သိချင်တယ် မှတ်မိချင်တယ် ကျွန်တော်နဲ့ အရှင် ဘယ်ထဲက စသိခဲ့လည်းဆိုတာကို

ကိုယ်တော်ပြောပြမယ် လာ မွေ့ရာထဲ ကျင်းလည်းမအိပ်ချင်တော့ဘူးမလား ထိုင်နေရင် ညောင်းမှာဆိုလို့ လှဲပြောပြမယ် တိုတို တုတ်တုတ်ပဲပြောပြမယ်နော်

"ဟုတ်

"အင်း ကိုယ်တော် သက်တော် ၆နှစ် ကစပြောရမယ်

"၆နှစ်? ကျွန်တော်ကဘယ်လောက်လည်း

"ပြောပြမှာပေါ့ ကိုယ်တော်အဲ့တုန်းက အိမ်ရှေ့စံအနေနဲ့ ပညာရေးစီးပွားရေးဘာသာရေး လဲလည်ဖို့ ငြိမ်းချမ်းရေးအနေနဲ့ တန်ရီ တိုင်းပြည်ကိုသွားဖူးတယ် အလည်အပတ်အနေနဲ့ပေါ့ အဲ့တုန်းက တန်မင်းကြီးရဲ့ မိဖုရားကြီးမှာသားတော်လေး၁ပါးရှိတယ်သူက ၃နှစ်အရွယ်ပဲရှိသေးတယ် သူက ဘယ်သူလို့ထင်လည်း

"ကျွန်တော်လား

"အင်း ဟုတ်တယ် အဲ့တုန်းက ကျင်းလေးက ကိုယ်တော့ကို အရမ်းတွယ်တာခဲ့တာ တန်မင်းကြီးနဲ့ လက်ဖက်ရည်သောက် ဆွေးနွေးစကားပြောချိန်ဆို မိဖုရားကြီးက ကျင်းကိုအမြဲတမ်းခေါ်လာတယ် ခေါ်လာတိုင်းလည်း ကျင်းက ကိုယ့်ပေါင်ပေါ်မှာအိပ်တယ်

Magic Love ( ရပျနား)Where stories live. Discover now