Magic Love(4)

666 55 1
                                    

Zawgyi

ပြန်ပေးဆက်ရမယ် အစားထိုးတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျင်းဖန် ရုန်းမရခဲ့ မိဘတွေရဲ့ အပြစ်ကို ဒီလိုဆက်လို့ ထိုအိမ်ရှေ့စံကျေနပ်မယ်ဆို သူအဆင်ပြေပါတယ်

မားကသတင်းကြားကြားချင်း စိတ်မကောင်းဖြစ်သွားတယ် အစားထိုးဆိုပေမယ့် ကြင်ယာတော်ရာထူးတော့မဟုတ် အချစ်တော်အဆင့်သာ

ဒါကြောင့် ကြီးကျယ်တဲ့ မင်္ဂလာပွဲဆိုတာမရှိ သုံ့ပန်းတယောက်လို နေထိုင်ရမည်သာ

မားနန်းတော်ကို လာတုန်းက

"သားရယ် သားရဲ့ပါးကအဲ့လိုဆိုတာ မားမသိခဲ့ဘူး မားတောင်းပန်ပါတယ် အခုတော့ မားရဲ့သားလေး ဒုက္ခတွေ ခါးစီးခံရတော့မယ် သားပြော သားဘာဖြစ်ချင်လည်း ထွက်ပြေးချင်လားဟင် မားရအောင်ထုတ်ပေးမယ်

ကျင်းဖန်က တင်းကြပ်စွာဖက်ထားတဲ့ မိခင်ကို အသာလေးဖယ်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး

"နေပါစေမားရယ် သားသူ့သဘောအတိုင်းနေလိုက်လို့ ဘာပြသာနာမှဖြစ်မှာမဟုတ်ပါဘူး မားသာဒီမှာတယောက်ထဲနေခဲ့ရမှာအဆင်ပြေရဲ့လား

"မားကိုစိတ်မပူပါနဲ့ ကိုယ့်ကိုကိုယ်သာစိတ်ပူပါသားရယ်

မားကမိခင်တယောက်မို့ မသိုက်ကစွန့်ခွာမယ့် ငှက်ကလေးကို စိတ်ပူနေတာမထူးဆန်းပါဘူး ဒါကြောင့်လည်း ကိုယ့်ကိုကိုယ် စိတ်ပူမယ့်အစား မားစိတ်ချမ်းသာအောင်သာပြောဖို့တက်နိုင်တယ်

➖➖➖➖➖✳️✳️

ထီယံတိုင်းပြည်ကို အုပ်ချုပ်မယ့် လူရွေးပြီးတာနဲ့ အိမ်ရှေ့စံဖြစ်တယ့် ထိုသူက အမိမြေ ခန်ယန်းကိုပြန်ရတော့မည် သေချာတာပေါ့ ကျင်းဖန်ပါ ပါသွားသည်

"စစ်သုန့်ပန်းတွေသေချာခေါ်ခဲ့

ထိုအုပ်ချုပ်မည့်သူကလည်း တခြားလူမဟုတ် ထီယံ တိုင်းပြည်ကိုပျက်စီးအောင် ပျောက်ကွယ်အောင် ကူညီပေးတဲ့ အတွင်းသူလျို အမတ်တဦး ထိုသူကယုံကြည်ရတဲ့ အမတ်ထဲကတဦးပင်

သာမန်ဆို ဒီလိုတိုင်းပြည်အသေးလေးဘာပဲဖြစ်ဖြစ် ခန်ယန်းတိုင်ပြည်စိတ်မဝင်စား ဒါပေမယ့် ကြင်ယာတော်ကို လုပ်ကြံတဲ့အတွက် အပြစ်ပေးလိုက်ချင်းသာ စစ်ကိုလက်ခံခဲ့တယ် အခုတော့အိမ်ရှေ့စံဆိုတဲ့လူရဲ့ ဆန္ဒတွေပြည့်ဝသွားပြီ အစားထိုး ကောင်လေးတယောက်ရပြီမဟုတ်ပါလား

Magic Love ( ရပျနား)Onde as histórias ganham vida. Descobre agora