Magic Love (15)

353 24 4
                                    

ဒီနေ့ဟာ ကျင်းဖန်လေးရဲ့ ၂၅နှစ်ပြည့်မွေးနေ့ပွဲပင်

အနယ်နယ် အရပ်ရပ်မှာ မြို့စားနယ်စား ဘုရင်ခံနဲ့ အိမ်နီးနားချင်းနိုင်ငံ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းပြည်ကိုယ်စားလှယ်တွေနဲ့ ကျင်းဖန်လေးရဲ့ တကယ့်မိဘတွေ တက်ရောက်လာကြတယ်

"စစ်သူကြီး ကျန်း

"ဟုတ်ကဲ့အရှင် အကုန်ပြင်ဆင်ထားပါတယ်

"အင်း

"ဒါနဲ့ကျွန်တော်မျိုးသိချင်လို့အတင့်ရဲစွာမေးပြစေ

"ပြောပါ

"ဘာလို့ ရဲမက်တွေအစား နတ်နန်းကလူတွေကို ပတ်ပတ်လည်မှာ စည်းတားခိုင်းတာလည်း

"မင်း ငါတို့တိုင်းပြည်ဘာလို့ အမြဲတမ်းဆောင်ရာသီဖြစ်နေလည်းသိတယ်မလား

"ကျွန်တော်မျိုးကြားတော့ကြားဖူးပါတယ် အရှင် ကျိန်စာကြောင့်လို့ကြားဖူးပါတယ်

"အင်းဟုတ်တယ် ကျိန်စာ အခု အဲ့ဒါအသက်ပြန်ဝင်တော့မယ် အရင်က ကျင်းဖန်လေးနဲ့ဘာလို့သဘောမတူလည်းသေချာနားမလည်ခဲ့ဘူး

"ခင်ဗျာ?

"ကျင်းဖန်လေးက နှင်းမြေခွေးဝင်စားတာ သူက ဒီကျိန်စာရဲ့အစပဲ

"နှင်းမြေခွေးဆိုတာ အရင်တုန်းက!! ဖြစ်နိုင်လို့လား

"အင်း ဒီနေ့ပွဲမှာ သူတို့ရဲ့ဘုရင်မက ကျင်းဖန်လေးကိုပြန်လာခေါ်သွားမှာ ကိုယ်တော်ဆိုးရိမ်မိနေတယ်

"ကြင်ယာတော်ဟီကိုယုံကြည်လိုက်ပါ

"အင်း ကိုယ်တော်သူ့ကိုယုံကြည်တယ် ကံကြမ္မာကိုမယုံရဲတာ

ထိုအချိန် တံခါးလာခေါက်ကာ အချိန်ရောက်ပြီလို့ လာအော်တဲ့ကုန်းကုန်းကြောင့် ပြောနေနဲ့စကားကိုရပ်ကာ ပွဲတော်ကိုထွက်လာခဲ့တယ်

ပလင်ပေါ်ရောက်တော့ ကျင်းမိဘတွေကိုငဲ့ကြည့်လိုက်တယ် သူတို့မျက်နှာပေါ်မှာ စိုးရိမ်မှုက အထင်းသား

ကျင်းက အချိုရည်ငှဲ့ပေးတော့ သူ့ရဲ့လက်ကိုကိုင်ကာ

"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ကိုယ်တော် ကျင်းကိုယုံကြည်နေမယ်

Magic Love ( ရပျနား)Where stories live. Discover now