Magic love (18)

230 26 2
                                    

Zawgyi

အနွေးထည်နဲ့ပဲ အပြင်ကိုထွက်ကာ ကျင်းရဲ့ မယ်တော်ကို အော်ခေါ်နေမိတယ် ဒီအချိန်မှာ ဘုရင်တစ်ပါးရဲ့ စည်းကမ်းတွေ ကျင့်ဝတ်တွေ သူမသိတော့ သူသိတာ ကျင်းရဲ့ မယ်‌တော်ကိုခေါ်ဖို့ပင်

"ငါ့ကိုဘာလို့ အဲ့လောက်အကျယ်ကြီးအော်ခေါ်နေတာလဲ

မယ်တော်က ဘယ်နားကထွက်လို့ထွက်လာမှန်းမသိ သူ့အနားမှာ ပေါ်လာခဲ့တယ်

"မယ်တော်!! ကျင်းလေးဘာဖြစ်နေတာလဲ မသိဘူး သူ့ နှလုံးခုန်သံနှေးနေတယ် မယ်တော်

"အော် ဟုတ်လား အရှေ့ကနေ လမ်းပြပေးပါ

"ကျွန်တော့နောက်လိုက်ခဲ့ပါ

ကျင်းရဲ့အဆောင်ကိုရောက်တော့ အစေခံတွေအကုန် အပြင်ထွက်ခိုင်းကာ အထဲမှာ ကျင်းရယ် ဝမ်ရယ် မယ်တော်ရယ်ပဲရှိတော့တယ်

မယ်တော်ကြီးက ကျင်းရဲ့ နှဖူးကို ဘယ်လက်နဲ့ကိုင် ညာဘက်လက်နဲ့ ကျင်းရဲ့ ညာလက်ကိုကိုင်ပြီး မျက်စိမှိတ်ထားတယ်

တစ်ခဏအကြာမှာပဲ သူမမျက်နှာမှာ အပြုံးဟုမြည်တဲ့ ကွေးကြောင်းတစ်ခုဖြစ်ထွန်းသွားတယ်

"သူဘာမှမဖြစ်ပါဘူး ဒီလိုပါပဲ

"သေချာလို့လား မယ်တော် သူနေမကောင်းဖြစ်နေတာမလား အားမနာပါနဲ့ ကိုယ်တော့ကိုပြောပြပေးပါ

"တကယ်ဘာမှမဖြစ်ပါဘူး လာ အရှင်မင်းကြီးကိုလဲ တစ်ချက်လောက်ကြည့်ချင်တယ်

"??

"ထိုင်ခုံမှာထိုင်ပြီးလုပ်ကြတာပေါ့

မယ်တော်ဘာပြောလဲသူနားမလည်ပေမယ့် သူမပြောတဲ့အတိုင်းထိုင်ကာ လက်ပေးလိုက်တယ်

"လက်၂ဖက်ကို ပလပ်ထားပြီး မျက်လုံးမှိတ်ထား

လက်ပေးလိုက်တော့ ပလပ်ထားထားတဲ့လက် ၂ဖက်အပေါ် မှောက်လျက်လာကိုင်တဲ့အထိအတြွေခံစားလိုက်ရတယ် ခဏအကြာမှား

"ဟားဟားဟား

ရုတ်တရက်ကြီးထရယ်တဲ့ မယ်တော်ကိုသူနားမလည်စွာကြည့်မိတယ်

"ကံပဲပေါ့ ကံပဲပေါ့ တကယ်ကို ရေစက်မကုန်သေးတာပဲ

"မယ်တော်ကြီးဘာတွေပြောနေတာလဲ

Magic Love ( ရပျနား)Where stories live. Discover now