Magic Love (22)

201 20 1
                                    

❇️ Unicode

ကျင်းရဲ့ အတိတ်ကလူနဲ့ တွေ့ပြီး ရက်တော်တော်ကြာချိန်မှာ ကျိန်စာ စာအုပ်ကို စရှာရတော့တယ်

ဒီတစ်လော ဝမ် နေမကောင်းဖြစ်တာ ရက်တွေများလားတယ်

ပထမကတော့ အိမ်မက်လို့ပဲ ထင်ပေမယ့် တကယ်သာဆိုရင်ဆိုပြီး ကြောက်နေမိတယ်

"(အိပ်ဆောင် စာကြည့်ဆောင်မှာမရှိဘူး သူဘယ်မှာများထား... တော်ဝန်ကျောက်တိုင်အခန်း)

တော်ဝန်ကျောက်တိုင်အခန်းဆိုတာ ရှေးဘုရင်နဲ့ တော်ဝန်မိသားစုတွေ အနားယူတဲ့ နာမည်ရေးထိုးထားတဲ့ ကျောက်တိုင်တွေထားတဲ့ နေရာပါ

တခြားသူတွေလို နန်းတော်ထဲမှာမဟုတ်ပဲ ဂူတစ်ခုနဲ့ ထားတယ်လို့တော့ စုံစမ်းမိသလောက်သိရတယ်

"(အဲ့ထဲကိုဘယ်လိုဝင်ရမလဲ )

"ကြင်ယာတော် ဘာတွေ တွေးတော်နေတာပါလဲ

"မိန်မိန် အတော်ပဲ မင်းဘယ်သူ့ကိုမှမပြောနဲ့နော်

"ဟုတ် ကြင်ယာတော်

"တော်ဝန် ကျောက်တိုင်တွေထားတဲ့နေရာကိုသိလား

"ဟင် တော်ဝန်ကျောက်တိုင်ထားတဲ့နေရာဆိုတော့ ရှေးဘုရင်တွေရဲ့ ဂူကိုပြောတာလား

"အင်းအင်း

"သိတယ်လေ နန်းတော်ရဲ့ အနောက်ထဲမှာပဲရှိတယ်လေ

"နန်းတော်ထဲ? ငါသိတာ နန်းတော်အနောက်ဘက်က နေရာပါ

"ကျွန်တော်မျိုးမသိတာတော့ နန်းတော်ထဲက တစ်ခုပဲ အာအခုမှသတိရတယ်

"ဘာလဲ ဘာလဲ

မိန်မိန်က ဟိုကြည့် ဒီကြည့်လုပ်ပြီး အနားနားကပ်ကာ

"အဲ့နန်းဆောင်ထဲမှာ လျို့ဝှက်လမ်းရှိတယ်တဲ့ အဲ့ ထဲက ဝင်ရင် ဂူရှိတယ်ဆိုလားပဲ ဒီလိုပဲကောလဟာလ တွေပေါ့

"(လျို့ဝှက်လမ်း? အခန်းများရှိနေမလား)

❇️ Magic Love ❇️

ကျင်း ဒီနေ့လဲ ဝမ့်အဆောင်သွားအိပ်ပြန်တယ် ဝမ်ဒီတစ်လော နေမကောင်းတာ ပိုပိုဆိုးလာတာကြောင့် သူတစ်ကယ်ဆိုးရိမ်လာမိတယ်

You've reached the end of published parts.

⏰ Last updated: Sep 05, 2021 ⏰

Add this story to your Library to get notified about new parts!

Magic Love ( ရပ်နား)Where stories live. Discover now