Magic Love(12)

426 42 5
                                    

Zawgyi

နန်းတော် ပြန်ရောက်ပြီး ၂ပတ်အကြာမှာ နန်းတက်ပွဲကျင်းပကြတော့တယ်

နန်းတော်ရဲ့ တိုင်းလုံး တင်မက အဆောင်တိုင်းမှာ မင်္ဂလာ အရောင်ဖြစ်တဲ့ အနီရောင် ပိတ်စတွေနဲ့ တန်ဆာဆင်ထားကြတယ်

ပြတင်းပေါက်တွေ တံခါးတွေမှာလည်း မင်္ဂလာ အက္ခရာချိတ်ဆွဲထားကြတယ်

ဘုရင်ကြီးဟာ ထီးနန်းစွန့်ကာ သားဖြစ်သူ အိမ်ရှေ့စံ လီဝမ်ရှင်း ကို မင်းကြီးရာထူးခန့်အပ်လိုက်တယ်

"သားတော် က အခုကစပြီး အိမ်ရှေ့စံမဟုတ်တော့ဘူး တိုင်းပြည်ရဲ့ ဘုရင် တိုင်းပြည်ရဲ့ဖခင်ပဲ သားတော် အခုကစပြီး သားတော်ဘာပဲလုပ်လုပ် ပြည်သူတွေကို တွေးပါ သားတော်ရဲ့လုပ်ရပ်တိုင်း ဆုံးဖြတ်ချက်တိုင်းဟာ ပြည်သူတွေအတွက် ကောင်းတာဖြစ်နိုင်သလို ဆိုးတာလည်းဖြစ်နိုင်တာမို့ ဂရုစိုက်ပါ

"သားတော်နားလည်ပါတယ် ခမည်းတော်

"သားတော် မင်းကြီးကောင်းတပါး ဖြစ်မယ်ဆိုတာ ခမည်းတော်ယုံတယ်

"ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ် ခမည်းတော်စိတ်မပျက်စေရပါဘူး

မင်းကြီးက ခေါင်းငြိမ့်ပြကာ သူ့ဝတ်ရုံကို ချွတ်ကာ အဖြူဝတ်စုံဖြင့်ပင် စင်မြင့်ကနေ ဆင်းသွားတော့တယ်

"အရှင်မင်းကြီးရဲ့ ပထမဆုံး ကြင်ယာတော်တင်မြောက်ပွဲစတင်ပါပြီ

အသံရဲ့အဆုံးမှာတော့ မင်းသားတွေဝတ်တဲ့ဝတ်စုံ အနီနဲ့ လျောက်လှမ်းလာနေတဲ့ ကောင်လေးကို လူတိုင်းငေးကြည့်နေမိတယ်

ကြင်ယာတော်ဆိုသော်ညား ယောကျာ်းလေးတယောက်မို့ မိန်းကလေးလိုပြင်စရာမလို မင်းသားဝတ်စုံသာဝတ်ဆင်ရန် ဝမ်ရှင်းက မိန့်ကြားခဲ့တာကြောင့်လည်းပါသည်

"အို လှလိုက်တာ သူကမင်းသားလား

"သူက လူသတ်သမားရဲ့သားမဟုတ်လား ဘာလို့ သူကသာမန်လူတန်းစားလို့မထင်ရတာလည်း

"အေးနော် သူ့ကြည့်ရတာ သာမန်မိသားစုကလို့ကို မထင်ရတာ

ထိုလူတွေစကားကြောင့် ဝမ်ရှင်းမသိမသာ ပြုံးလိုက်မိတယ် စင်မြင့်ကိုရောက်လာတဲ့သူ့လက်ကိုင်ကာ...

Magic Love ( ရပျနား)Where stories live. Discover now