Magic Love(6)

579 50 2
                                    

Zawgyi

အမြဲတမ်း အေးနေတဲ့ တိုင်းပြည်မို့ သူဆင်ပေးတဲ့ အဝတ်အမွေးပွပွကြီးတွေဝတ်ဆင်ထားရတယ်

ရာသီဥတုမှာ ခန်ယန်းနဲ့ ထီယံနဲ့ ယှဉ်ရင် ဆီနဲ့ရေလိုပင် ထီယံက ရာသီဥတုစုံတယ် ဒီမှာတော့ အမြဲတမ်း နှင်းကျတယ်

တောင်ပေါ်ပိုင်းမို့ ရေကြောင်းဆက်သွယ်ရေးမရှိဘူး

ဒီတိုင်းပြည်ရဲ့အားသာချက်ဆို ဒီမြေကလူမပါပဲ ဒီတိုင်းပြည်ကို သိမ်းပိုက်လို့မရတာပဲ ဒီကမြေဆီလွှာတွေက နှင်းတွေနဲ့ဖုံးလွှမ်းနေတာကြောင့်လေ

"အေးနေလား

ဘေးက အိမ်ရှေ့စံရဲ့အမေးကြောင့် လှည့်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်တယ် လိမ်စရာအကြောင်းမှမရှိတာ

"မင်းအေးမယ်ဆိုတာ ထင်ပါတယ် မင်း အခန်းထဲပြန်မလား

"ရပါတယ်

"အဲ့ဆို မင်းကို...

"အိမ်ရှေ့စံ!

"ဘာလည်းအလောတကြီး

"အရှင်မင်းကြီးက အိမ်ရှေ့စံကိုခေါ်လို့ပါ

"ကောင်းပြီ အဲ့ဆိုလာခဲ့မယ် မင်းသွားချင်ရင် လျောင်သွား ပြန်ချင်လည်းပြန် အခုကိုယ်တော်သွားတော့မယ်

"ဟုတ်ကဲ့ပါ

အိမ်ရှေ့စံထွက်သွားတော့မှ မိန်မိန်က ကျင်းဖန်နားလာပြီး

"အချစ်တော်ဟီ ဘယ်သွားချင်ပါလည်း အိမ်ရှေ့စံက အချစ်တော်ဟီသွားချင်တာပို့ပေးလိုက်ပြောလို့ပါ

"ပန်းချီအေးဆေးဆွဲလို့ရမယ့်နေရာရှိလား

"အင်းးးး ရှိပါတယ် အချစ်တော်ဟီ

"အဲ့ဆို အဲ့သွားကြတာပေါ့

"ဟုတ်ကဲ့ပါ

မိန်မိန်လမ်းပြရာနောက်ကိုလိုက်သွားတော့ လမ်းမှာ သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကိုတွေ့ရတယ်

"မယ်တော်ကြီးနဲ့ ကြင်ယာတော်ကို အရိုအသေပေးပါတယ်

"(အာ သူတို့က လက်ရှိဘုရင်ရဲ့ မိဘုရားခေါင်ကြီးနဲ့ ကြင်...ကြင်ယာတော်? ယောကျာ်းလေးလေ

Magic Love ( ရပျနား)Where stories live. Discover now