01

16.7K 606 5
                                    


Unicode

လက်က နာကျင်နေတဲ့ တစ်ဆစ်နာကျင်နေတဲ့ ခံစားချက်နှင့်အတူ နှာခေါင်းထဲဝင်လာတဲ့ ဆေးရုံက ပိုးသတ်ဆေးအနံ့။
မျက်လုံးကို အသာအယာဖွင့်ကြည့်မိတော့ ။
‌ကုတင်ဘေးနားမှာတော့ ဆရာဝန်နှင့် နာ့စ်မလေးတို့ကရပ်နေသည် ။ အနည်းငယ်မလှမ်းမကမ်းမှာတော့ ဦးဧရဲ့ အတွင်းရေးမှူး ကိုဟန်... ။
ကိုဟန့်ကိုမြင်တော့ ဦးဧပါမလားဆိုသည့် မျှော်လင့်ချက်ဖြင့် ဆေးရုံခန်းအပြင်ဖက်ကို လှမ်းကြည့်မိ‌၏ ။ သို့သော် မျှော်နေခဲ့သူက မလိုက်လာခဲ့ပါ ။

တစ်ကယ်ဆို စွဲလမ်းနိုင် က ‌ဘရိတ်ဓားဖြင့် လက် အကြောကို ဖြတ်တောက်၍ ရေချိုးခန်းထဲမှာ သတ်သေခဲ့တာဖြစ်သည်။
ဒါပေမယ့် စွဲလမ်းနိုင် မသေခဲ့ဘူး ။
သေပြီထင်ခဲ့ပေမယ့် မသေခဲ့ဘူး ။

ဆရာဝန်က စစ်ဆေးစရာရှိတာ စစ်ဆေးပြီး ဆောင်ရန်ရှောင်ရန်တို့ကို ပြောပြကာ ဆေးရုံခန်းထဲက ဆရာဝန်နှင့် သူနာပြုဆရာမလေးတွေအပါအဝင်
ထွက်သွားတော့မှ ဘေးနားမှာ ရပ်နေတဲ့
ကိုဟန်က စွဲလမ်းရဲ့အနားကို တိုးလာခဲ့တော့သည်။

“နာနေလား၊ သက်သာလား ”

“Daddyမပါဘူးလား ကိုဟန် ”

အမေးတခြားအဖြေတခြား ဖြစ်နေတာကြောင့် ကိုဟန့်မျက်နှာ ထက်မှာ စိတ်ပျက်မှုတို့ပေါ်လာခဲ့သည်။
စွဲလမ်းကို စိတ်ပျက်လို့တော့မဟုတ်။
စွဲလမ်းရဲ့ နာမည်နဲ့လိုက်တဲ့ စိတ်ကို စိတ်ပျက်လို့ဖြစ်သည် ။

“ ဦးဧကရာဇ်ပါ အခေါ်အဝေါ်ဆင်ခြင်ပါ
သခင်လေး ”

“အာ..ဆောရီး ကျွန်တော်မေ့သွားလို့၊
ဦးဧ ၊ မပါဘူးလား ”

ထိုသို့‌မေးတော့ ကိုဟန်က သက်ပြင်းချသည် ။

“ သခင်လေးက အခုမှ ကိုးတန်းပဲရှိသေးတာ
အချစ်ရေးတွေနဲ့ မပတ်သက်သင့်ဘူး ၊ အထူးသဖြင့် ယောင်္ကျားတွေနဲ့ပေါ့ ။ သခင်လေးကို ညီတစ်ယောက်လို ချစ်ခင်လို့ ပြောတာ ၊ သခင်လေးကို ပတ်ဝန်းကျင်က Gayဆိုပြီး ရှုံ့ချမှာဆိုးလို့ပြောတာ ”

“ကျွန်တော် Gayမဟုတ်ဘူးလို့!
ကျွန်တော် တစ်..တစ်ကယ်...Gayမဟုတ်ဘူး
ဘာလို့မယုံကြတာလဲ?
ကျ..ကျွန်တော်က ဦီးဧကို
ချစ်မိသွားရုံလေးပဲ  ”

I'm Not D A D D Y's SonWhere stories live. Discover now