ပိုင်လင်းရဲ့ ဝတ်ရုံက အရောင်ပြေးမို့ တချက် လှမ်းတိုင်းမှာ အနက်ရောင်ကြားက ခရမ်းရင့်ရောင် တချက် တချက် ပေါ်လာပြီး ဖြန့်ချထားတဲ့ ဆံပင်ငွေမင်ရောင်က လေအဝှေ့တိုင်းမှာ ဝဲဖြာနေသည်။ မင်းသား၁ရဲ့ခုံဘက်ကို တချက်လေးမှ မကြည့်ပဲ ဖြတ်လျှောက်သွားကာ  စင်မြင့်အလယ်မှာ ဘုရင်နဲ့ မိဖုရားတွေဘက်လှည့်ကာ အရိုအသေပေးလိုက်သည်။

ဘုရင်က အံ့ဩနေပေမယ့် ပြုံးပြီး ခေါင်းညိတ်ပြသည်။ ကြိုးစားဆိုတဲ့ သဘောပေါ့။ ပိုင်လင်း အိမ်ရှေ့မင်းသားနဲ့ မင်းသား၃ ဘက်ကို တချက်ဝှေ့ကြည့်လိုက်သည်။ အိမ်ရှေ့မင်းသားကလည်း အပြုံလေးနဲ့  'လုပ်ပြလိုက်'ဆိုတဲ့ ပုံစံလေးနဲ့ အရက်ခွက်လေးမြှောက်ပြီး မင်းသားသုံးကတော့ ခေါင်းလေးစောင်းပြီး 'ငါမင်းကို ယုံတယ်ဆိုတဲ့အကြည့်လေးနဲ့ နှုတ်ခမ်းလေးတွန့်ရုံပြုံးပြသည်။  ပိုင်လင်းက အပြုံးသေးသေးလေးပေါ်လာပြီး Pipa ကို ရွေးလိုက်သည်။

လက်မှာရှည်ကျနေတဲ့ ဝတ်ရုံကို အနည်းငယ် ခတ်တင်လိုက်ပြီး လက်ချောင်းသွယ်သွယ်လေးများ pipa ပေါ်တွင် နေရာယူလိုက်သည်။

"ဝိုး ကျူးရှားကျစ်က ရဲနေတာပဲ"
"လုံးဝ အဆင့်အတန်းမြင့်တဲ့ကောပဲ"
"ရုပ်ကလည်း ပြောစရာမလိုအောင် ချောသေးတယ်"
"ပိုင်ဆိုင်ချင်လိုက်တာ"

ပိုင်လင်းရဲ့ တီးတဲ့သီချင်းကလည်း ထိပ်တန်းစာရင်းဝင်ပဲ ဖြစ်သည်။ သီချင်းရေးတဲ့သူ နာမည်ကြီးအနုပညာရှင်က ဒီသီချင်းရေးပြီးပြီးချင်း ဆုံးသွားသည်။ သူရေးတဲ့ သီချင်းကို ပထမဆုံး တီးပြတဲ့ တော်ဝင် ကုချင်းတီးခတ်သူမှာလည်းပထမဆုံးတခေါက်တီးပြီးကတည်းက ကုချင်းကိုတောင် ဘယ်တော့မှ ပြန်မကိုင်တော့ပေ။ နောက်ပိုင်း တီးနိုင်မယ့်သူရှာပေမယ့်လည်း ဘယ်သူမှ မတီးရဲကြတာမို့ ထူးခြားတဲ့ နောက်ခံသမိုင်းကြောင့် နာမည်ကြီးပေမယ့် နားထောင်ဖူးသူ မရှိသလောက် ရှားသည်။

ပိုင်လင်း သီချင်းစတီးတာနဲ့ ပတ်ဝန်းကျင်လေထုက အေးစက်သွားသလို ခံစားရသည်။

သီးချင်းသံ ကြားရပြီး ခဏမှာ ပရိသတ်ထဲမှ အသက်ကြီးကြီးလူတယောက်က တကိုယ်တည်းရွတ်သလိုနဲ့ သွေးပျက်စွာ အသံထွက်လာသည်။

The Stranger I love (System)Tempat cerita menjadi hidup. Temukan sekarang