Arc 2.10

6.5K 749 9
                                    

ချန်ကျစ်မေ > "အချိန်ကျပြီ"
ပိုင်လင်း တည်တည်ငြိမ်ငြိမ်ပင် အသာထရပ်လိုက်သည်။

သမားတော်က ဓားတစ်ချောင်းနဲ့ ကြွေဇလုံကို ကိုင်ပြီး လက်တွေ တုန်နေသည်။ အနာတွေ ဘာတွေ ခွဲပြီး ဆေးထည့်တာမျိုးတွေက လုပ်ဖူးပေမယ့် နှလုံးသွေးဖောက်ဖို့က အခန့်မသင့်ရင် လူသတ်သမား ဖြစ်သွားနိုင်သည်။ ချန်ကျစ်မေက ခိုင်းလို့သာလုပ်ရပေမယ့် တသက်လုံး အသက်သာကယ်လာတာ နှလုံးသွေးမဖောက်ဖူးပေ။ လူလည်း မသတ်ရဲပေ။

ဝါးခေါက်သံ နှစ်ချက် ကြားရပြန်သည်။
ပိုင်လင်းက နှုတ်ခမ်းလေးတွန့်ရုံ ပြုံပြီး
"သမားတော်ကြီး မဖောက်ရဲလို့လား  .. အဲ့တာဆို အိမ်ရှေ့မင်းသား ဖောက်ပေးမလား"

မင်းကြီးက စိတ်ဆင်းရဲအားနာစွာဖြင့် ပိုင်လင်းကို ကြည့်သည်။ သူဒီပါရမီရှင် အချောအလှလေးကို တကယ်ကို မထိခိုက်စေချင်။ တဖက်မှာလည်း သား၊ တဖက်မှာလည်း ကျေးဇူးရှင်။ အခန့်မသင့်လျှင် နှစ်ဘက်လုံး ဆုံးရှုံးသွားနိုင်သည်။

သမားတော်က ဓားနဲ့ ဇလုံကို ချက်ချင်းပဲ စုန့်လီချင်းကို ပေးလိုက်သည်။
"ကိုယ် မလုပ်ချင်ဘူး ပိုင်လင်း။ မဟုတ်ဖူး  .. မလုပ်နိုင်ဘူး .. မင်းကို ထိခိုက်ဖို့ ကိုယ်မလုပ်နိုင်ဘူး။ ခမည်းတော် .. ကျနော်တို့ ရိမင်ကိုပဲ နည်းနည်းလောက် ထပ်စောင့်ရအောင်လား"

"မင်းတို့ တစ်ယောက်ပြီး တစ်ယောက် ဘယ်လို ဖြစ်နေကြတာလဲ .. ရိရန်က စောင့်နေတယ်လေ"

ပိုင်လင်းက ခနဲ့ပြုံးလေးနဲ့ ဓားနဲ့ ဇလုံကို မင်းသားလက်ထဲကနေ မိဖုရားကြီးဆီ ကမ်းပေးရင်း
"မိဖုရားကြီးလုပ်မလား"
" ငါ... ငါ .... "

မိဖုရားကခေါင်ကြီးက မလုပ်ရဲတာမျိုးတော့ မဟုတ်ပေမယ့် ရှင်ဘုရင်ရှေ့မို့ နည်းနည်း ဆင်ခြင်နေတာ ဖြစ်သည်။ ပြီးတော့ နိုင်ငံရဲ့မိခင်က အပြစ်မရှိတဲ့သူကို သူ့သားအတွက် သေစေတယ်ဆိုတာကြီးက လူကြားလို့ မကောင်းပေ။ ပိုင်လင်း ချန်ကျစ်မေကို ကြည့်လိုက်သည်။ သူကတော့ နှလုံးသွေးတင်မဟုတ်ဖူး အသက်ပါယူမယ့် ဒီဇိုင်းနဲ့မို့ သူ့ကိုတော့ ဓား မပေးချင်။

The Stranger I love (System)Where stories live. Discover now