Arc 3.11

4.3K 604 19
                                    

"Summon"
Shou ရဲ့ ဆင့်ခေါ်မိန့်မှာ အကောင်ကြီးမားတဲ့ သားရဲနှစ်ကောင် ရောက်လာပြီး Maiden နှင့် အပြိုင် တိုက်ခိုက်တော့သည်။ Maiden က သားရဲများကို မဲနေပြီမို့ တိုက်ခိုက်နေသည့် ကျန်5ယောက် အတွက် အနည်းငယ် အသက်ရှုချောင်စေသည်။ ဆိုနိုက ဓားကြီး ကျိုးသွားပြီမို့ Quest မှ ရခဲ့ထူးသော ဓားရှည်ပြောင်းထားပြီဖြစ်ပြီး Kuro မှ လွဲ၍ ကျန် သုံးယောက်က Shou ၏ လက်နက် အသီးသီး ရထားတာကြောင့် ဆက်လက် တိုက်ခိုက်နေသည်။ Shou ကလည်း Tsuki အစွမ်းဖြင့် ရေစွမ်းအင်သုံး လှံတစ်ချောင်း ဖန်တီး၍ တိုက်ခိုက်နေသည်။

Maiden က HP 10% ပဲ ကျန်တော့တဲ့အချိန်မှာ နောက်ဆုံး အကြိမ်အဖြစ် ငိုလေသည်။ ထိုမျက်ရည်များက Maiden တဝိုက်မှာ အက်စစ်မိုးများအဖြစ် ရွာသွန်းတဲ့အခါမှာတော့  Shou ဆင့်ခေါ်ထားတဲ့ သားရဲများကို သေသွားစေသည်။ ထိုမိုးနဲ့ ထိတိုင်း player များက တစက္ကန့်ကို HP 2000 နှုန်းနဲ့ လျော့နေပြီး Attack Damage ကိုလည်း 2000 စီ နှုတ်သွားသည်။

နဂိုထဲကမှ HP နည်းလို့ ပုန်းရှောင်နေတဲ့ player တွေအတွက် အက်စစ်မိုးက သေမင်းတမန်ပင်။ တိုက်ခိုက်လျှင်လည်း Dmg မရှိလို့ မထူးတော့တဲ့အပြင် ဆေးပုလင်း အနည်းငယ်သုံးလျှင်လည်း မိုးထဲမှာ ကြာကြာ ဘယ်သူမှ နေနိုင်မည် မဟုတ်တာကြောင့် တိုက်ပွဲကို အဝေးက အကဲခတ်နေရုံမှ တပါး မတတ်နိုင်တော့ချေ။

Devilish ရဲ့ HP နဲ့ Dmg က အချိန်နဲ့ အမျှ ကျလာနေသည်။ ပုန်းရှောင်နေရာမှ စောင့်ကြည့်သူများက Devilish အဖွဲ့သားများအတွက် စိတ်ပူနေကြသည်။ Boss ကလည်း သေတော့မည် ဖြစ်ပေမယ့် ဒီအတိုင်း ဆက်သွားလျှင် အားလုံးသေဖို့သာ ရှိတော့မည်။

သူတို့ကိုယ်တိုင် ဆက်မတိုက်နိုင်တော့ပေမယ့် တိုက်နေသေးသည့် Devilish များကိုတော့ အန္တရာယ်များမှန်း သိသော်လည်း ဂိမ်ထဲက ထွက်ချင်လှပြီမို့ အားမလျှော့စေချင်ပေ။ ဒီအဖွဲ့က  သူတို့ရဲ့ မျှော်လင့်ချက်၊ သူတို့ရဲ့ နောက်ဆုံးကျန်တဲ့ အလင်းရောင်ဖြစ်သည်။

Healer များက HP နည်းသည့် player များကို ဦးစားပေး Heal ပေးနေသည့်အတွက် cool down လည်နေပြီး အကယ်၍များ spell ပြန်ရလို့ Devilish ကို Heal ပေးနိုင်လျှင်တောင် မိုးထဲမှာမို့ ခဏပဲ ရနိုင်မည်။  Shou ရဲ့ မြှားကလည်း ကျိုးသွားပြီမို့ Healing မန္တန် မတီးခတ်နိုင်တော့ချေ။ မိုးကိုလည်း ရပ်အောင် မည်သူမျှ မလုပ်နိုင်ချေ။

The Stranger I love (System)Where stories live. Discover now