Devilish ရဲ့ Prototype ကို နောက်နှစ်လမှာ ပွဲထုတ်ဖို့ စီစဉ်လိုက်တာကြောင့် ..Devilish ဝန်ထမ်းများအလှည့်ကျ အချိန်ပိုဆင်းကာ အလုပ်လုပ်နေရသည် .. သို့သော် လုံးဝမနားရသည်က ဟုန်လေ့ပင် .. Accounting Software ဘက်က တက်လာတဲ့ သူဖြေရှင်းမှ ရမယ့် Error တချို့ ဖြေရှင်းပေးရသလို Devilish အဖွဲ့သားတွေရဲ့ ပြသနာ error ပေါင်း သောင်းခြောက်ထောင်ကိုလည်း တာဝန်ယူ ဖြေရှင်းပေးနေသည်
သူကအလုပ်ရုံအပေါ်ထပ်မှာပဲ နေတာကြောင့် .. ညထိ ရုံးတက်တဲ့ ဝန်ထမ်းအကိုတွေက တခုခုဆို မသိတာရှိရင်တိုင်း၊ မလုပ်နိုင်တာရှိတိုင်း အပေါ်တက်လာပြီး သူ့ကိုလာမေးကြသည် .. သူရှိနေတဲ့အတွက် အလုပ်က ရှေ့အရမ်းရောက်ပေမယ့် အလုပ်ထဲ ဝင်ပြီးရင် ပြန်မထွက်တတ်တော့တဲ့ ဟုန်လေ့က လိုက်ကူညီပေး၊ ဆွေးနွေးပေးရတာနဲ့ညတိုင်း ညဉ့်နက်မှ အိပ်ဖြစ်လာသည် ..
နေ့ခင်းကော ညရော ဆက်တိုက်တာဝန်ယူရတဲ့ အရမ်းပင်ပန်းတဲ့ ရက်တွေဆို နှိုးစက်မြည်တာတောင် မနက် မနိုးတော့ .. ရန်ကျင့်အလုပ်ထဲလာမှ အပေါ်တက်ကာ ကျောင်းသွားဖို့ နှိုးယူရသည် .. မနက်စာဆိုလည်း ထမင်းဟင်း မချက်တတ်သော ဟုန်လေ့က ပေါင်မုန့်နှစ်ချပ် နွားနို့ပဲ သောက်တာမို့ ရန်ကျင့်က အိမ်ကတခုခုမဟုတ်ရင်တောင် လမ်းကတွေ့တဲ့စားစရာ ယူလာပေးတာလည်း အလေ့အထလို ဖြစ်နေပြီ ..
ဟုန်လေ့က အလုပ်မှာ ဘာမဆိုတော်သော်လည်း အလုပ်ကလွဲရင် တကယ် ဘာမှမသိပေ .. ပိုဆိုးတာက ဒီကမ္ဘာမှာ အိမ်နဲ့ကျောင်းကလွဲရင် မသွားတတ်တာကြောင့် တခုခုဆို ရန်ကျင့်ကိုပဲ အားကိုးရသည် .. ဟုန်လေ့က အလုပ်မှာ စေ့စပ်သလောက် သူ့ကိုယ်သူဆို ဘယ်လိုဂရုစိုက်ရမှန်း မသိသူဖြစ်သည် .. Air Con အရမ်းအေးလို့ နှာရည်တွေ စီးကျနေရင်တောင် Air Con ထပိတ်ရမယ်မှန်း သတိမရတတ်ပဲ နှာတရှုံ့ရှုံနဲ့သာ အလုပ်ဆက်လုပ်နေတတ်သူ ဖြစ်သည် ...
မီးဖိုချောင်လေး တခါဝင်တာ လက်ထိသွားတာကြောင့် ရန်ကျင့်က ပေးမဝင်တော့ .. အလုပ်ရုံမှာထားတဲ့ ဆေးအိတ်က ဟုန်လေ့ တယောက်ထဲအတွက်လို့တောင် ထင်မှတ်ရလောက်အောင်.. ဓားနဲ့ ပက်သက်ရင် ခဏခဏ ရှလွန်းလို့ Design ဆွဲမယ့် ခဲတံ၊ ပန်းချီဆွဲမယ့် ခဲတံကစ ရန်ကျင့်ကပဲ ချွန်ပေးရသည် ... ချွန်စက်လေး ဝယ်ထားပေမယ့် ရန်ကျင့် မရှိမှ သုံးသည် .. ရန်ကျင့် ချွန်ပေးတဲ့ ခဲတံလေးတွေက အဆံရှည်ပြီး ခဲဆံကို ပြားပြားလေး ဖြစ်အောင် ချွန်ပေးတာကြောင့် ပန်းချီဆွဲရတာ ပိုကောင်းသည်
أنت تقرأ
The Stranger I love (System)
قصص عامةလမ်းမကြီးပေါ်မှာ ကောင်လေးတယောက်က သွေအိုင်ထဲလဲနေသော အသက်မဲ့နေသောခန္ဓာကိုယ်ကို ထွေးပိုက်လျှက် သွေးရူးသွေးတန်းအော်ဟစ်နေသည် ... Qing Yan: "ဖေးရဲ့ မင်းထပါဦး .. ဖေးရဲ့ သတိထားပါဦး မင်း အရမ်းရက်စက်တာပဲ .. ပြောတော့ ငါ့ကို မင်းရဲ့အချိန်တွေ ပေးမယ်ဆို .. ဒီ...