Arc 1.17

6.4K 728 2
                                    

နှုတ်ခမ်းပေါ်မှ နူးညံ့သော အထိအတွေ့က ဟုန်လေ့ကို ခေတ္တဆွံ့အ သွားစေသည် ..

အနမ်းတွေ နက်ရှိုင်းမလာခင် တွန်းဖယ်လိုက်ပြီး အိမ်ပေါ်မှ ပြေးဆင်းတော့သည် .. တံခါးမှအထွက် ဖန်းဟော်နဲ့ တိုက်မိပြီး လဲလေသည် .. အား .. ရှက်ပါတယ်ဆိုနေ သောက်ရှက်က ထပ်ကွဲပြန်သည် ..

ရန်ကျင့် မျက်နှာကို လက်နဲ့အုပ်ကာ အရူးလို ပြုံးနေရာက ဟုန်လေ့ လဲကျသွားတဲ့အသံကြောင့် ကမန်းကတန်းပြေးကာ ထူပေးလိုက်သည် ..

ဖန်းဟော်က ..သခင်လေး ... ဘာဖြစ်လာတာလဲ အဖျားပြန်တက်နေတာလား .. မျက်နှာကရဲနေတယ် ဆိုပြီး ခြေဟန်လက်ဟန်နဲ့ စကားပြောလာတာကြောင့် ဘာမှ မဖြစ်ဖူး လို့သာ ပြောပြီး ကားဆီသို့ ပြေးရတော့သည် ..

ကားနားရောက်တော့ ရန်ကျင့်က အရင်ဝင်ထိုင်လိုက်တာမို့ .. "အားကျင့် နေခဲ့ပါဆိုနေကွာ"
"ဘယ်သွားမို့လဲ မှန်မှန်ဖြေ"
"ဖြေရင် နေခဲ့မှာလား"
"စဉ်းစားပေးမယ်"

"ငါ့အိမ်ကို ပြန်မလို့"
"ဘာ ... လေ့‼️"
"မဟုတ်ဖူး အထင်မလွဲနဲ့ ယွင်ဖန်တ်ို့ကို သွားမောင်းချမို့ .. နေပါဦး မင်းငါ့ကို ဒီနေ့ ဘယ်နှခါလောက် အထင်လွဲနေဦးမှာလဲ .. ငါထွက်မပြေးဘူး .. ဟုတ်ပြီလား .. နေခဲ့တော့"

"ဟင့်အင်း .. ငါလိုက်မှာ .. အဲ့ဘက်မှာ မင်းမကျွမ်းကျင်ဘူး .. ငါကျွမ်းကျင်တယ် .. ပြီးတော့ မင်း ကားလိုင်စင်လည်း ရှိတာ မဟုတ်ပဲနဲ့ "
"............."

ရှက်ပြီး ထွက်ပြေးလာတာ ဒီကမ္ဘာမှာ လိုင်စင် မရသေးမှန်း မေ့သွားတယ် .. ဖေးရဲ့ မင်းတော်တော်ဖြစ်ပဲ ..

ရန်ကျင့်က ရှေ့နေနဲ့ လက်ထောက်ဆီ ဖုန်းဆက်လိုက်ပြီး ဟုန်လေ့အိမ်အဟောင်းသို့ ဦးတည်လိုက်သည် .. အိမ်ရှေ့ရောက်တော့ အနက်ရောင်နဲ့ လူများက ယွင်ဖန်တို့ သားအမိကို ဆွဲချနှင့်နေပြီ ..ရှေ့နေက Notice စာကို ကမ်းပေးလိုက်ပြီး ယုံကြည်စွာ အပ်နှံထားသော ပစ္စည်းကို အလွဲသုံးစားလုပ်မှုအပြင် ထိခိုက်နာကျင်စေမှု အိမ်တွင်းအကြမ်းဖက်မှုများနှင့် တရားစွဲလေသည် ..

စိတ်လွတ်နေပုံရသော ယွင်ဖန်က ဟုန်လေ့ကို မြင်တော့ ပြေးလာကာ .. ကိုကြီး အဲ့လို မလုပ်ပါနဲ့ .. ညီမလေးတို့မှာ ဒါပဲ ရှိတော့တာ .. ကိုကြီး ညီမလေး မှားမှန်း သိပါပြီ .. မမောင်းချပါနဲ့ .. တောင်းပန်ပါတယ်" ဟုဆိုကာ ဟုန်လေ့ ခြေထောက်ကို ဖက်၍ ငိုယိုနေသည် .. သမီးဖြစ်သူ၏ သွေးပျက်နေတာကို မြင်ပြီး အမေဖြစ်သူမှာ နှုတ်ခမ်းကိုက်ထားရလွန်းလို့ ပေါက်ပြဲနေလေပြီ

The Stranger I love (System)Tahanan ng mga kuwento. Tumuklas ngayon