Arc 1.11

7K 791 12
                                    

Arc 1.11
ဒီနေ့ လေ့က အိမ်ပြောင်းရတော့မည်မို့ ရန်ကျင့်ကျောင်းကြိုပြီး တခါတည်း အိမ်ပို့ပေးသည် .. ကားကိုလည်း ပစ္စည်းများများဆန့်အောင် သူငယ်ချင်းကားဖြင့် လဲလာလိုက်သည် .. ပစ္စည်းကူသယ်ပေးရန် အိမ်ထဲ လိုက်ဝင်မည် အပြု ခဏလေးစောင့် ဟုဆိုကာ ပြောပြီး ခြေလှမ်းကျဲဖြင့် အိမ်ထဲဝင်သွားတာကြောင့် ဘာလုပ်ရမှန်းမသိ ကြောင်ပြီး ရပ်နေမိသည်

ငါးမိနစ်တောင် မကြာဘူး ဆရာသမားက အိတ်တအိတ်ဆွဲပြီး ပြန်ထွက်လာသည် .. ပြီးတော့ ကားပေါ် ခပ်တည်တည်နဲ့ တက်ထိုက်လိုက်သည် .. 'ကြောင်အ'နေသောသူ့ကို
"သွားမယ်လေ ဘာလုပ်နေတာလဲ"
"အန် .. ဒါပဲလား"
"အင်း ဒါပဲ"
"ဟမ် .. မင်း ငါ့ဆီ ခဏလေးပဲနေပြီး ပြန်သွားမှာတော့ မဟုတ်ပါဘူးနော် .. ငါပြန်မလွှတ်ဖူးနော် project ပြီးရင်တောင် တခြား ......"
"အားကျင့် .... " ဟုန်လေ့ စိတ်မရှည်တော့တာကြောင့် စကားဖြတ်ပြောလိုက်သည်
"မောင်းတော့ .. ဒါငါပိုင်တာ အကုန်ပဲ .. တခြားပစ္စည်းတွေက ငါ့ဟာ မဟုတ်ဖူး"

ရန်ကျင့် အားနာသွားသည် .. စိတ်မကောင်းလည်း ဖြစ်မိသည်.. အမှန်တော့ သူက ဟုန်လေ့သူ့ဆီမှာ ရက်နည်းနည်းပဲ နေပြီး ပြန်သွားမှာ ကြောက်တာ . . ဟုန်လေ့အိမ်က ဟုန်လေ့ကို ကောင်းကောင်း မဆက်ဆံမှန်းသိသော်လည်း ဒီလောက်တော့ ဆိုးမယ် မထင်ခဲ့ ... ခုတော့ အိမ်ပြောင်းတဲ့ အထုပ်အပိုးက ခရီးတပတ်စာအထုပ်အပိုးပင်မရှိ ..

အလုပ်ရုံးရဲ့ အပေါ်ထပ် သီးသန့်လေး ဖြစ်နေတဲ့ ယခင် သူနေတဲ့ အခန်းလေးကို ခေါ်လာပြီး အိတ်ကို ချပေးလိုက်သည် .. ဖြစ်သလိုထည့်လာသော ဆယ်စုံ မပြည့်သော အဝတ်အစားများကို ဘီဒိုထဲ ထည့်ပေးလိုက်သည် ..

ဟုန်လေ့ အခန်းထဲ တချက် ဝေ့ကြည့်လိုက်သည် .ကုတင် ဘီဒို စာအုပ်စင်နဲ့ စာပွဲတလုံးသာ ရှိသည် . ဘယ်နေရာမှာပဲနေနေ သူက ဒီကမ္ဘာကို ခဏလာတဲ့ ဧည့်သည်ပဲလို့ သူ့ကိုယ်သူ မှတ်ယူထားပေမယ့် ဒီအခန်းလေးကိုတော့ ကြိုက်သည် .. တကယ်ကို ရိုးရှင်းပြီး သက်တောင့်သက်သာရှိစေသည်လို့ခံစားရသည် .. သွက်သွက်ပဲ ပစ္စည်းတွေ နေရာ ချလိုက်သည် .. ကျောပိုးအိတ်ကို စားပွဲပေါ်တင်ပြီး laptop နဲ့ လုပ်လက်စ စာရွက်စာတမ်းတွေ စာရေးကိရိယာတွေ တင်လိုက်သည် ..

The Stranger I love (System)Where stories live. Discover now