ညနေစောင်း နေဝင်ချိန်လေးကတောင်ငူမြို့နဲ့အတူဝင်ခဲ့သည်။
ကျောင်းရှေ့ရောက် တဲ့ထိကားမို့ လမ်းလျှောက်စရာမလိုပဲ
ရောက်သွားတော့သည်။ကားပေါ်ကဆင်းတာနဲ့မြင်နေရတဲ့ကျောင်းရဲ့မြင်ကွင်းမှာ
လူသူတောင်မရှိတော့ပေ။
အမှောင်ထုတွေ အုပ်စိုးနေပြီး အလင်းအနည်းငယ်သာရှိတော့သည်။
ကားပေါ်ကဆင်းတာနဲ့မောင် အိပ်ကပ်ထဲကဖုန်းလေကိုထုတ်ပြီး
Contact ထဲမှာမရှိပင်မဲ့ အလွတ်ရနေတဲ့အကိုရဲ့ ဖုန်းနံပတ်လေးကို
ရိုက်ကာဆက်လိုက်သည်။"ဟယ်လို "
ဝင်တာနဲ့တစ်ခါထဲတန်းကိုင်းတာပြီး ကြားလိုက်လိုက်တဲ့
အကို ရဲ့အသံက မောင့်ကို ပိုပြီးလွမ်းလာစေသည်။"မောင် ကျောင်းရှေ့ရောက်ပြီးအကို"
"အကိုဘယ်မှာလဲဟင် မောင်ဘယ်ကိုလာရမလဲ""မောင်ဘယ်မှမလာနဲ့ အဲ့နားမှာပဲစောင့်နေအကိုလာခဲ့မယ်"
"ဘယ်မှမသွားနဲ့နော် ငါးမိနစ်လောက်ပဲစောင့်"အကိုဘက်ကဖုန်းချသွားလေသည်။
တစ်ကိုယ်လုံး ကိုက်ခဲနေသလို အားမရှိသလိုဖြစ်ပြီး
မောင့် စိတ်တွေလေးနေတာကြောင့် လမ်းဘေးမှာတင်စိတ်ပြတ်လတ်ပြတ်
ထိုင်ချလိုက်သည်။လမ်းဘေးမှာသွားနေတဲ့ကားတွေ လူတွေဘာမှဂရုမစိုက်ပဲ
တိုက်ခတ်နေတဲ့ လေတွေကိုသာ ဂရုတစိုက်ရှူသွင်းနေတော့သည်။"မောင်..."
အကို အသံပဲအကိုရောက်လာပြီးပဲ
ခေါ်သံကြားတာနဲ့ထိုင်ရာကနေထပြီး ဖက်ထားလိုက်မိသည်။
မလွတ်ချင်လောက်အောင်။
အလွမ်းတွေများလွန်းလို့ မခံစားနိုင်တော့ပဲပြေးထွက်ချင်မိနေတဲ့
အခုတော့သက်သာသလိုဖြစ်သွားတော့သည်။မောင် မလွတ်ချင်တော့ဘူး။
အကို ကိုမောင်သိမ်းပိုက်ထားချင်နေမိပြီ။
အကို ကိုမောင်အရမ်းချစ်မိနေတာ အခုလိုအနေဝေးမှမောင်သိတော့တယ်။
မောင် နားလည်ပီ မောင်အချစ်ရဆုံးကအကိုပဲ...အကိုပဲဆိုတာ။
မောင် အကို ကိုအရမ်ချစ်တယ်နော် များကြီး ချစ်တယ်..။
YOU ARE READING
Romanceအကို ထွက်ပြေးခဲ့တယ် ရတယ်ပြေးစမ်း..အကြိုက်ပြေးအကို ကမ္ဘာအဆုံးမကလို့ ကမ္ဘာ့အပြင်ဆိုရင်တောင်.မောင်လိုက်ပြီးသိမ်းပိုက်မယ် အကိုဆိုတာ မောင်ပိုင်တဲ့အရုပ်လေး အကိုမောင်ကို ချစ်ခွင့်ရှိသည်။သို့သော်မုန်းခွင့်မရှိ အကိုမောင့်ကို စိတ်ဆိုးခွင့်ရှိသည်။သို့သော်စိတ်နာ...