၃၇။အဆုံးမရှူံးခံ အချစ်။အဆုံးမရႉံးခံ အခ်စ္
1.6K 26 5
အိပ်ယာထတာလေးနောက်ကျမိတာ​တောင်
နေမင်းကြီးက ဘယ်အညိုးနဲ့ အလုံးအထည်ကို
အားပြုပြီး ပူပြင်းနေသလဲကိုမသိအောင်
ပူပြင်းနေတော့သည်။
အကိုကတော့ရေ တောင်မချိုးနိုင်၊
မျက်နှာသာသစ်သွားပြီး သုတ်ပြာသုတ်ပြာနဲ့
ပြန်သွားတော့သည်။
အမှတ်မထင် တဖြတ်တွေ့လိုက်တဲ့ အကို့ကို
ဘယ်သူဘယ်ဝါလဲဆိုတာ မေးခွန်းထုတ်ဖို့
အိုလီဗာ တော့ ခေါင်ထဲမေးခွန်းထုတ်နေတော့မည်မှာ
အသေအချာပင်။
" သား နိုးပြီးလား "
" လာ "
" အဖေတို့လည်းအခုပဲစားတာ "
ထိုကြောင်းကိုတော့အဖေကတော့မသိပါ။
အစောပိုင်း အကိုပြန်ချိန်မှာ အဖေနဲ့မဆုံးပဲ
ငနဲသားဖြင့် ဆုံးခဲ့တာကြောင့်ပင်။
အဖေခေါ်ရာ ထမင်းဝိုင်းသို့အဆင့်သင့်သာ
ဝင်ထိုင်ကာဖင်တောင်နေရာမကျသေး
" ဟိုအကောင်ကဘယ်သူလဲကွ "
အိုလီဗာတို့လုပ်ငန်းစတင်ပါတော့သည်။
ဖင်နေရာကို အတည်တကျဖြစ်အောင်နေရာယူကာ
အသင့်ထည့်ထားပြီး ထမင်း​ကြော်ကို
နှစ်လုတ်လောက် အရင်စားလိုက်ပြီမှ
" ငါ့သူငယ်ချင်ပါကွာ "
ဒီကောင်ကိုလေသံနဲ့ပြတ်ပြတ်နဲ့သာပေါ့ပေါ့ပါးပါး
ပြန်ဖြေလိုက်၏။
" သူကဘာလာလုပ်လဲ "
" ဪ...ငါမင်းကို ဦးတော်တင်ရဦးမှာလား "
ပလုတ်ပလောင်းစားသောလေသံဖြင့်သာ။
" ဘယ်သူညလာအိပ်လို့လဲသားရဲ့ "
" သားသူငယ်ချင်းဆိုတော့ ဇော်ထက်လား "
ငနဲ့သား မွေနှောက်မှုနဲ့ အဖေပါ
မေးတဲ့စီရောက်တော့သည်။
" ဟုတ်ပါဘူး "
" အကိုပါ "
" ညကသောက်ပြီး မူးနေလို့ အိမ်ခေါ်လာတာ "
" မင်းတို့ဟာ မူးလို့အိပ် ကြတာရောဟုတ်လို့ "
" မင်းဟာ ဘာစကားပြောတာလဲ !!"
ပါစပ်စားဖို့ဆဲဆဲ ရွယ်ထားတဲ့ ထမင်လုတ်ကို
စောက်ခါပြစ်ခါရင်
ဒေါသတကြီး မေးမြန်းမိသည်။
ဘာကြောင််အခုလိုဒေါသထွက်မိသလဲတော့
ကျွန်တော် အဖြေရှာမရပေ။
You've reached the end of published parts.
⏰ Last updated: Feb 17, 2022 ⏰
Add this story to your Library to get notified about new parts!