577 14 3
Unicode
" မောင်......"
ကြားလိုက်ရတဲ့ ခေါ်သံတစ်ခုက
ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံးကို
ဖမ်းဆုပ်သယောင်
ဖမ်းစားသွားသယောင်
ကျွန်တော်ကျက်သီတွေထမိ၏။
ကြားချင်လှတဲ့ ခေါ်သံလေး၊
စွဲလှမ်းနေတဲ့ ချိုသာသာ အသံတို့က
ထူးခြားလှပြီး အသံပိုင်ရှင်ကြောင့်
ကျွန်တော် ရင်ခွင် တစ်စုံက အထိန်းမရှိပဲကို
အားကုန်ခုန်တော့သည်။
"ဆေးလိပ်တွေသောက်နေတာလား "
ချိုသာလာတဲ့အသံလေးမှာ လေသံမာလေးတွေရောနေပြီး
ကျွန်တော် ကို ဝါးစားမတတ်ကို ကြည့်နေတဲ့
အကို့ ကြောင့် ကျွန်တော် ဆေးလိပ်ကို အဝရှိုက်ပြီး
အငွေ့များများထွက်အောင် အားကုန်မှုတ်ထုတ်လိုက်သည်။
အရွဲ့တိုက်လုပ်ရပ်ဆိုမမှား....။
" မသောက်ရဘူး "
" မင်းက လူကြည့်တော့ကလေးပဲရှိသေးတာ "
" အဲ့ဆေးလိပ်တွေ မသောက်ရနဲ့ "
ကမ္ဘာရဲ့ဆွဲငင်အားကို ဆန့်ကျင်ပြီး တည်ထားတဲ့
ပါးပြင်လေးကမှာ အလိုလို ပြုံးမိသွားသည်။
သောက်နေတဲ့ ဆေးလိပ်လေးကို မစွန့်လွှတ်နိုင်။
လက်ထဲ မွာ သာညုပ်ထားမိ။
" စိတ်ပူနေတာလား "
လူသူမရှိ ပဲတိတ်ဆိတ်နေတဲ့ ကားပါကင်လေးကနေ
စကားသံအေးစက်စက်လေးက
ကျောချမ်းစရာကောင်း၏။
လေညင်းကလည်းမတိုက်နိုင်
သစ်ရွက်လေးတွေတောင် ကျောက်ရုပ်သဖွယ်
ငြိမ်သက်နေသည်။
သစ်ပင်တွေအရိပ်ကြောင့်
မီးရောင်တိုးမလားနိုင်၊
အိပ်တန်းတက်သွားတဲ့ငှက်တို့နဲ့
ထိုကားပါကင်လေးမှ ဤလူသားနှစ်ယောက်
ကမ်ဘာတစ်ခုသက်သက်ဖြစ်နေသည်။
ကျွန်တော့် ရဲ့စကားတွက်
မျှော်လင့်ထားသိလို အဖြေပြန်မလာ၊
စောင့်စား နေရာတာသာ အဖတ်တင်သည်။
လက်ထဲဆေးလိပ်ကို ဆက်ပြီးသာ သောက်မိတော့သည်။
စိုက်ကြည်နေမိတဲ့ မျက်လုံးတွေကို
လွဲပြစ်ကာ ထိုအနားကနေ ဝေးရာနေရာကို
ထွက်သွားဖို့ ကြံတော့သည်။
ရုတ်တရက် တိုက်လာတဲ့လေညုင်းကိုသာ
ကျွန်တော် စောနကပြောလိုက်တဲ့ မေးခွန်းကို
ဖြေပေးသွားနိုင်မလား တောင်းတနေမိပြန်....။