မနက် ကိုနိုးထဖို့အားအင်တွေအတော်ကုန်ခမ်းနေမိသည်။
တစ်ညလုံးသောက်ထားတဲ့အရှိန်နဲ့ မူးနေတဲ့ခေါင်းကြောင့်
မောင် မထနိုင်ပဲခွေနေမိတော့သည်။အကို....... မောင် ကိုရှင်းပြခွင့်လေးတောင်မပေးခဲ့ဘူးနော်
ဘယ်လို.....အခုလို ဘယ်လို့လုပ်ရတာလဲ
မောင်တွက်ထည့်မစဉ်းစားခဲ့ဘူးလား
မေးချင်တယ် အကိုသာပြန်ဖြေပေးမယ်ဆိုရင်ပေါ့......။အမူးပြေအောင် အနားမှာရှိတဲ့လက်ကျန်ပုလင်းကိုမော့သောက်ချလိုက်သည်။
ဒီနေ့ တနင်္ဂနွေ နေ့မို့မောင် ဆေးရုံးမသွားရချေ။
ဇော်ထက်နဲ့ တွေ့ဖို့ချိန်းထားတာရှိသေးသည်မို့ မျက်နှာသစ်ကာ
အနည်းငယ်ပြင်ဆင်ထားတော့သည်။
ဇော်ထက်ဘယ်ချိန်လာမည် ကိုမသိသောကြောင့်
မောင့် ရဲ့ချစ်လှစွာသောလူသားရဲ့လက်လေးကို ဆုပ်ကိုင်ရင်ဖြင့်သာ
စောင့်မျှော်နေတော့သည်။မွန်းမလွဲခင်းအချိန်မှာ မြည်လာတဲ့အိမ်အချက်ပေးသံလေးကြောင့်
အမြန်ခြံထဲပြေးဆင်းပြီးမျှော်လင့်တကြီးတံခါးသွားပြေးဖွင့်မိသည်။"ဟယ်....မောင် "
"မြန်လှကြီလား....ဘာလဲစိတ်ပြောင်းသွားလို့လား"မမျှော်လင့်ထားတဲ့ဧည့်သည်ဖြစ်သလို မဖိတ်ခေါ်ထားသောဧည့်သည်သစ္စာပင်။
လက်ထဲမှာ စက္ကူဗုံးတစ်ခုကိုကိုင်ထားပြီး အရင်တုန်းကထက်
ပိုခေတ်မှီတောက်ပတဲ့ အဝတ်အစားတို့နဲ့...။"နင်ပြန်တော့.....ငါနင့်ကိုလာဖွင့်ပေးထားမဟုတ်ဘူး"
မောင်တံခါးပြန်ပိတ်ဖို့ကြိုးစားလေသည်။
"မရဘူးမောင် ငါဒီနေ့နင့်အိမ်ထဲဝင်မှရမယ်"
"နေပြီး ငါပေးတဲ့လက်ဆောင်ကိုလည်းနင်ယူရမယ်""ငါဒါနောက်ဆုံးပြောမယ်သစ္စာ"
"ငါကလေနင်ဖန်ဆင်းထားတဲ့အရုပ်တစ်ရုပ်မဟုတ်သလို
နင်ရေးချယ်ပုံသွင်းထားတဲ့ပြဇာတ်မှာကနေတဲ့ ဇာတ်ကောင်လည်းဟုတ်ဘူး"
"နင်အဲ့တာမြဲမြဲမှတ်တာပါ"မောင့်ရဲ့စကားတိုင်းဟာသစ္စာတွက် အနာပေါ်ဒုတ်ကျသလို
အထိနာလို့ သစ္စာ အသားတွေပါတုန်တာ လက်ကိုတင်းနေအောင်ဆုပ်ထားလေသည်။
မောင် အိမ်ထဲပြန်ဝင်ဖို့ ကြိုစားကာ သစ္စာကိုကြောခိုင်းလိုက်သည်။
YOU ARE READING
Romanceအကို ထွက်ပြေးခဲ့တယ် ရတယ်ပြေးစမ်း..အကြိုက်ပြေးအကို ကမ္ဘာအဆုံးမကလို့ ကမ္ဘာ့အပြင်ဆိုရင်တောင်.မောင်လိုက်ပြီးသိမ်းပိုက်မယ် အကိုဆိုတာ မောင်ပိုင်တဲ့အရုပ်လေး အကိုမောင်ကို ချစ်ခွင့်ရှိသည်။သို့သော်မုန်းခွင့်မရှိ အကိုမောင့်ကို စိတ်ဆိုးခွင့်ရှိသည်။သို့သော်စိတ်နာ...