713 43 0
Unicode
နေရောင်ခြည်တွေဖြာခါဝင်ကာ
ထောက်ပနေတဲ့အခန်းငယ်လေးထဲက
ထိုလူသားလေးနှစ်ယောက်ကို
မနက်ခင်းကြီးကကြိုဆိုလျက်...။
အကို ဘေးမှာမှေးစက်အိပ်ပျော်နေတဲ့
ကလေးငယ်လေး။
အကို နိုးနေသော်လည်း
မောင့်မျက်နှာလေးကို ကိုက်စာမတက်ကြည့်ဖြင့်
ကြည့်နေပြီး
ဖြာဝင်နေတဲ့နေရောင်က
ဖြူဖွေးနုဖက်လှတဲ့ မောင်မျက်နှာလေးပေါ်ကို
ကျရောက်နေကာ
မျက်နှာလေးဝင်းဝါ၍
အကြောစိမ်းလေးတွေထင်းနေသည်။
မောင်....နိုးလာရင်
အခုလိုအိပ်ပျော်နေတဲ့ ကောင်လေးကနေ
အကို ကိုစိတ်ဆိုးပြီးမုန်းနေတဲ့ ကောင်လေး
ဖြစ်သွားမှာအကိုမလိုချင်ဘူး
မလိုလာဘူး ...။
မောင့် နဖူးလေးကိုအသာလေး
လက်လေးတင်ကာ ကိုယ်ပူလေးစမ်းသည်။
နေမင်ကြီးနဲ့အတူပြုံးလိုက်တဲ့
အကို ရဲ့ အပြုံးကို အိပ်ပျော်နေတဲ့မောင်တော့
မြင်ခွင့်မရလိုက်ချေ။
ထိုချိန်မှာမှာတရှိန်ထိုးမြည်လာတဲ့
ဖုန်းသံကြောင့် အတော်လေးစိတ်တိုသွားသည်။
သိုသော်ဖုန်း contact လေးမြင်သည်နှင့်
မျက်နှာလေး ညိုးသွားလေသည်။
"ဟုတ် မေမေ"
ကလေးတစ်ယောက်လိုချက်ချင်း​ပြောင်း သွားတဲ့ အကိုရဲ့အသံလေးကိုဖုန်းသံကြောင့်
နိုးလာတဲ့ကျွန်တော် တိတ်တိတ်လေး
ခိုးနာထောင်နေတော့သည်။
"သား...အိမ်ဘာလို့အိမ်ပြန်မအိပ်တာလဲ
မေမေ ကသားတောင်ငူပြန်ပြီးဆိုပြီး
တောင်ငူအိမ်ကိုဖုန်းဆက်တော့မှ
သား မပြန်လာသေးဘူးတဲ့
သား ဘယ်တွေလျှောက်သွားနေတာ
မေမေကိုမုန်မုန်ပြော
မေမေ သိမှ မေမေ အဆိုးမဆိုနဲ့"
မာတာမိခင်မှာ စလာသည်နှင့်
ကြိမ်းမောင်းတော့သည်။
"ဟုတ်ပါဘူး မေမေ သားသူငယ်ချင်းမွေးနေ့
အဲ့ဒါ သား ကိုခေါ်လို့သားသွားနေလို့
သူကလည်း သားကိုမပြောမဆိုနဲ့ခေါ်တာဆိုတော့
သား တောင်ငူမပြန်ပဲ သူရှိအရင်သွားလိုက်တာ "
ခိုးနားထောင်နေရာကနေ
ကျွန်တော် ထကာရေချိုးခန်းသို့
ခြေထောက် လေးထော့နဲ့ထော့နဲ့ ဝင်သွားသည်။