2.5K 123 4
Unicode
မောင်....မောင်ဖန်တီးပေးထားတဲ့ကောင်းကင်ကြီးကလှလိုက်တာ
ဒါပင်မဲ့ အကို ကအစစ်အမှန်ပဲလိုချင်တာ
ဘယ်လိုအရာတွေကို မောင် အစစ်ဖြစ်အောင် ဘယ်လောက်လုပ်လုပ်
အတုကအတုပဲမောင် အစစ်ဖြစ်မလား
ထို့အတူပဲ ပျက်ဆီးသွားတဲ့စစ်ကလည်းဘယ်တော့မှကောင်းမလားဘူးမောင်
ဥပမာ... မောင့် ရဲ့ဖန်ရုပ်လေးလိုပေါ့
မောင် ကိုယ်တိုင်ပဲဖြတ်ဆီးပြီး မောင်ကိုယ်တိုင်ပဲအသက်ပြန်သွင်းခဲ့တယ်
အသက်ပြန်သွင်း လိုက်တဲ့ဖန်ရုပ်လေးက
မောင်သွင်းလိုက်တဲ့အသက်နဲ့ ရှင်သာရှင်နေမယ်
ဖန်ရုပ်လေးပေါ်က အနာဆာတွေတော့
မောင်ဘယ်တော့မှာပျောက်အောင်လုပ်နိုင်တော့မှာမဟုတ်ဘူးမောင်
ဒီနေ့လည်း...မောင်ရဲ့..ဘာနေ့လေးဖြစ်မလဲ ။
ဖန်တီးမှုကြောင့် အပြစ်အနာအစာကင်မဲ့နေတဲ့
အတုအရောင်ကောင်းကင်ကြီး နဲ့အတူစီးမျှော်လိုက်ပါဖို့ ဖိတ်ခေါ်နေတာကြောင့်
မျှော်လွှင့်ရင်း တူဆုံ ကူလူးကာ အမှောင်ကမ္ဘာသို့
ခဏတာ ဖြတ်သန်းရတော့သည်။
.................အတိတ်ရက်စွဲများစီသို့...................
ညခင်းပိုင်းကပျော်စရာတွေစီးကူးကာ
သာယာတဲ့မနက်လေးတစ်ခုမှာတော့
ဖုန်းသံကြောင့်နိုးထလာသည်။
နိုးနိုးချင်း ဖုန်တောင်မကိုင်နိုင်သေးဘဲ
အိပ်ယာဘေးက ဒိုရေမွန် အရုပ်လေးကို
ရင်မှာပိုက်ကာ
တစ်ဖက်သာပါတဲ့ပါးချိုင့်လေး
ပေါ်ပြီး သွားတက်လေးထင်းနေတဲ့ထိ
အာရပါးရကိုပြုံးလိုက်တဲ့ပြုံးများ
နံရံတွေတောင်ကြွေကျလို့ရတဲ့မောင့်အပြုံး...။
မရပ်မနားမြည်နေတဲ့ ဖုန်းလေးကို
ကောက်ကိုင်လိုက်ရ​တော့သည်။
Content မှတ်ထားတော့တက်နေတဲ့နမည်ကာ
"သစ္စာဂေါက်သီးမ" ပင်။
"အေး....ပြော မနက်စောစော ဘာကျက်သရေတုံးအုံးမလဲ"
သစ္စာဘက်မှစကားတောင်မရသေးသော်လည်း
ကျွန်တော့ ဘက်ကစရန်စကားကြိုပြောထားသည်။
ဟား......
ကျွန်​တော့် စကားကို သစ္စာ ရယ်တောင််နေလေသည်။
"မောင် နာရီ လည်းကြည့်အုံး
နေ ကနင့်ဖင်ထဲထိုးဝင်တော့မယ်"
"တုံးစရာကျက်သရေ ငါမဟုတ်ပဲ နင်ဖြစ်နေမယ်"