နေနတ်ဘုရား၏ အမုန်း

983 87 26
                                    

၃ ရက်ကြာပြီးနောက်...

Noe's POV

"ယွန်း... ခဏနားပါလား လင်းကို Noe ကြည့်ပေးထားပါ့မယ်... "

Yoon- " အဆင်ပြေရဲ့လား Noe ပင်ပန်းနေမှာ ဆိုးလို့ပါ..."

" မပင်ပန်းပါဘူး ယွန်းရဲ့... ယွန်းသာ တနေ့လုံး တညလုံး လင်းဘေး ရှိနေတာ.. ယွန်း ခဏပဲဖြစ်ဖြစ်တော့ နားလိုက်ပါ... မဟုတ်ရင် ယွန်းလဲသွားလိမ့်မယ်..."

Yoon- "ဒီလိုဆိုတော့လည်း ယွန်း ခဏတော့ မှေးလိုက်မယ်နော်... Noe လိုအပ်တာရှိ ယွန်းကိုချက်ချင်းနှိုးလိုက်..."

"အွန်း စိတ်ချ ယွန်း... "

ယွန်း... လင်းဘေးနားက ထသွားသည်နှင့်
ကျွန်မ သတိမရရှာသေးသော လင်းနား တိုးသွားရင်း သူမလက်ကလေးအား ကိုင်ထားလိုက်မိသည်။ သူမလက်ကလေးတွေက ခါတိုင်းလို နွေးထွေးမနေပဲ အေးစက်စက် ဖြစ်နေသည်ကိုလည်း ကျွန်မ သတိထားမိခဲ့သည်။ ၄၈ နာရီကျော်လို့ ဆရာဝန်တွေက သေဘေးက လွတ်မြောက်လာပြီလို့ ပြောခဲ့ပေမဲ့ တဖက်မှာ သတိပြန်မလည်လာသေးတဲ့ သူမကြောင့် ကျွန်မ စိတ်ပူတာ လုံးဝ ရပ်မသွားခဲ့ပေ။ သူမ ခုလို ဖြစ်ရတာ ကျွန်မကြောင့်လေ... ကျွန်မသာ ကြောင်တောင် အမ်း ရပ်မနေခဲ့ရင် သူမ ခုလိုတွေ ဖြစ်မှာမဟုတ်ဘူး...
ခုတော့ လင်းခမျာ...

ကျွန်မ သက်ပြင်း အရှည်ကြီး ချလိုက်ရင်း သူမလက်ကလေးအား တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်လိုက်မိသည်။ ခန္ဓာကိုယ် တဝက် ပတ်တီးသိုင်းပတ်ခံထားတဲ့ သူမကတော့ မလှုပ်မရှပ်ပေါ့... သူမ ဒဏ်ရာက နက်တယ်ဆိုတာထက် ခန္ဓာကိုယ်ကို ထုတ်ခြင်းပေါက်သွားရှာတာ ဆိုတော့ သူ ဘယ်လောက်တောင် နာကျင်နေရှာမလဲ... ကျွန်မလေ တကယ် ခုချိန် သူမနာကျင်မှုကိုသာ ဝေမျှပေးလို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ အချိန်တိုင်း တွေးနေမိသည်။

"လင်း... Noe ဘာလုပ်ပေးမှ လင်း နိုးလာမှာလဲ??? Noe လင်း နိုးလာဖို့အတွက်ဆို ဘာမဆို လုပ်ပေးရဲပါတယ်... ဒါ Noe ရဲ့ သစ္စာစကားပါ.."

ကျွန်မ ဖွေးအုနေသော သူမမျက်နှာလေးအား တချက်ကြည့်လိုက်ရင်း မျက်လုံးလေး အသာမှိတ်ကာ သူမဒဏ်ရာရှိသော ညာ ဘက်ပခုံးလေးထက် ကျွန်မ လက်ဖဝါးလေး ခပ်ဖွဖွတင်လိုက်မိသည်။ စိတ်ထဲမှာလည်း သူမ အမြန်သက်သာဖို့ အကြိမ်ကြိမ်ဆုတောင်းရင်းပေါ့...

You've reached the end of published parts.

⏰ Last updated: Nov 23, 2021 ⏰

Add this story to your Library to get notified about new parts!

လရောင်ချစ်သော နွေWhere stories live. Discover now