တဖန်ပြန်လည်မွေးဖွားခြင်း

1K 142 20
                                    

# Zawgyi

Lin's Pov

" တီ!!! တီ!!!!! တီ!!!! တီ!!! "

အရာအားလုံးကို ခါဝါချရင်း ပင်လယ်ပြင်အား မျက်နှာမူကာ ထိုင်နေသော ကျွန်မ အသံမြည်နေသော ဖုန်းအား လျစ်လျှူ ရှုရင်း မျက်စိ မှိတ်လျက်သား ထိုင်မြဲတိုင်း ထိုင်နေခဲ့သည်။

" Ring!!!! Ring!!!! "

ဒီချိန် ဆုပေးပွဲ ကြော်ငြာချိန်ဆိုတော့ President ဖြစ်တဲ့ ကျွန်မဆီ ဖုန်းခေါ်နေတာ မဆန်းပါဘူးလေ...
ပုံမှန်ဆို ကျောင်းကိစ္စတွေက ဘယ်တော့မှ ရှောင်မပြေးတတ်တဲ့ ကျွန်မ ဒီနေ့တော့ ကျောင်းကိစ္စတွေက ရှောင်ပြေးရင်း ပင်လယ်ပြင်အား ရင်ဖွင့်ဖို့ ကြိုးစားနေခဲ့သည်။

မျက်လုံးမှိတ်လိုက်တိုင်းလည်း စင်ပေါ်မှာ နမ်းနေကြမည့် မြတ်နိုးဧကရီနှင့် သူရိန် ပုံရိပ်တွေ ပေါ်လာတော့ ကျွန်မ ဒေါသက အလိုလိုထွက်ရင်း ခြေမကိုင်မိလက်မိကိုင်မိတွေ ဖြစ်လာတော့သည်။

" fkkkkk!!!!! " ကျွန်မ တကယ်တမ်း Noe အား ဝင်မပါရန် တားလိုက်ခဲ့သင့်သည်။ ခုတော့ အရာအားလုံးနောက်ကျရင်း အဖက်မဆယ်နိုင်ဖြစ်ကာ ဒေါသထွက်နေသော ကျွန်မ ကိုယ် ကျွန်မ ပင် စိတ်တိုနေမိတော့သည်။

Noe နှုတ်ခမ်းဖျားဖူးဖူးလေးကို နမ်းရှိုက်နေမည့် သူရိန် ပုံရိပ်တွေရယ်

နောက်ပြီး စင်အောက် ကနေ အားပေး အားမြှောက် ဝိုင်းအော်ကျမဲ့ လူတစ်စုရယ်...

ဒီလို လူတွေ ကြားထဲ မခံမရပ်နိုင် လက်သီးဆုပ်ပြီး ကြည့်နေမဲ့ အစား ကျွန်မ ရှောင်ထွက်လာမိခဲ့တာ မှားသလား...

ဒါပေမဲ့ တဖက်က ကြည့်ရင် အရာအားလုံးကို အတူတူ ရင်ဆိုင်ပါ့မယ် ဆိုပြီး ကတိပေးကာ တယောက်တည်း ရင်ဆိုင်ရန် ထားပစ်ခံခဲ့ရရှာတဲ့ Noe...

" ကျွန်မ မှားသွားပြီလား..."
ကူဖော်လောင်ဘက်မဲ့နေတဲ့ ကျွန်မ ပင်လယ်ပင်ကြီး ကို အဖော်ပြုရင်းသာ အတွေးတွေကြား ဘောင်ပင် ခတ်နေခဲ့သည်။

ထိုစဉ်-

Someone- " ဘာတွေ စိတ်ညစ်နေတာလဲ လင်းသော်တာ... "

ကျွန်မ နာမည် အတိအကျခေါ်ကာ ဘေးနား ဝင်ထိုင်လိုက်သော အသက်ကြီးကြီး ၄၀-၅၀ ကြား လူကြီးအား ကျွန်မ ကြောင်တောင်တောင်လေးဖြင့် ပြန်ကြည့်မိလိုက်သည်။

လရောင်ချစ်သော နွေHikayelerin yaşadığı yer. Şimdi keşfedin