Intro

6.2K 182 63
                                    

Hello beloved readers ...
အားလုံးကို ပြန်လည် မိတ်ဆက်လိုက်ပါတယ်ဗျ...

ခေါင်းစဉ်လေးကတော့ " လရောင်ချစ်သောနွေ " ဆိုတဲ့ Title လေးပါဗျ...
နည်းနည်း အပြောင်းအလွဲ ရှိနိုင်ပါတယ်

အခု ဖန်တီးမဲ့ Fanfic လေးဟာ ဆိုရင်
လက်တွေ့ တဝက် Imaginary ဆန်ဆန် ဇာတ်လမ်းလေး တဝက်ပေါ့နော်...

ဇာတ်အိမ်ကို ကျောင်းတကျောင်းပေါ်
အခြေခံထားပြီး နေ့စဉ်ဘဝ ပုံရိပ်တွေနဲ့ ရေးဖွဲ့သွားမဲ့ ပုံစံပါဗျ...

ပျင်းစရာ ကောင်းမယ်လို့ ထင်ရပေမဲ့ Imaginary ဆန်ဆန်မှော်ဝင် ဇာတ်လမ်းသွားလေးဖြစ်မှာ ဆိုတော့ ကြိုက်နှစ်သက်မယ် မျှော်လင့်မိလို့ ရေးဖြစ်သွားတာပါဗျ...

ဒီလို ရေးလို့လဲ တပဲ ခြောက်ပြားရယ်လို့ တစ်ခုမှ မရပါဘူး... ဝါသနာလည်း ပါသလို ဖတ်ရှုပေးမယ်လို့ အမြဲ အားပေးနေတဲ့ လူတချို့ကြောင့်ရေးဖြစ်တာပါဗျ...

အဲ့လို အားပေးခဲ့တဲ့ သူတွေကြောင့်လည်း
ခု ဇာတ်ကောင်တွေကို ဖော်ညွှန်းဖို့ လိုလာတဲ့အခါ DD အနေနဲ့ တကိုယ်တော် စိတ်ကြိုက် Yulsic ရေးမဲ့ အစား ဖတ်ရှုသူတွေ စိတ်တိုင်း
ကြ ဇာတ်ကောင်လေးတွေ ရေးပေးချင်လို့ပါ...

ဇာတ်လမ်းက တော့ DD ရေးပေးခဲ့ဖူးတဲ့ ပထမဆုံး Fanfic ကို Upgrade လုပ်ထားတဲ့ ပုံစံမျိုးပါ... ( ပထမဆုံး Fanfic က ဖျက်လိုက်တာ ကြာပါပြီ ရေးပြီးရင် ပြန်ဖျက်တာ အကျင့်လိုလိုဖြစ်နေလို့ပါ 😪😪😪)

ခု ဇာတ်အိမ်မှာတော့
၁. လင်းသော်တာ (Female)
၂. မြတ်နိုးဧကရီ (Female)
၃. သူရိန် ( Male)
၎. ယွန်း (Female)

အဓိက ဇာတ်ကောင်လေးယောက်ပေါ့ ကျန်တာတွေက တွေးလို့ ရပေမဲ့ အဓိက ဇာတ်ကောင်လေးယောက်ကိုတော့ Readers တွေကိုပဲ မေးပါရစေ...

လင်းသော်တာ ဆိုတဲ့ ကောင်မလေး နေရာကနေ ဘယ်သူ ကို ပါဝင်စေချင်လဲပေါ့...

မြတ်နိုးဧကရီ ဆိုတဲ့ ကောင်မလေး အနေနဲ့ရော နောက်ပြီး သူရိန်ဆိုတဲ့ ကောင်လေးနဲ့
ယွန်းဆိုတဲ့ ကောင်မလေး နေရာကို ကိုယ်ဖြစ်စေချင်တဲ့ ဇာတ်ကောင် ရွေးချယ်ပေးဖို့ တောင်းဆို ချင်ပါတယ်

readers အများဆုံး Point out လုပ်ခံရတဲ့ စုံတွဲကို DD ရေးပေးဖို့ ဆုံးဖြတ်ပြီးသားပါ...

လရောင်ချစ်သော နွေWhere stories live. Discover now