မျက်ရည်များ၏ နောက်ကွယ်

705 93 19
                                    

#Zawgyi

Noe's POV

မှောင်မိုက်နေသော အခန်းထောင့်လေးထဲ ကျွန်မ တယောက်တည်း ထိုင်ရင်း အပြင်အား ငိုင်တိုင်တိုင်လေး ငေးကြည့်နေခဲ့မိသည်။

လရောင်၏ မှိန်တိန်တိန် ဖြန့်ကျက်လျက်ရှိသော အလင်းရောင်လေးနှင့်အတူ
လေအေးအေးလေးတွေကလည်း ဖွင့်ထားသော ပြတင်းပေါက်တလျောက် ဖိတ်မခေါ်ပဲ ဝင်လာနေခဲ့သည်။ ထိုလေဖြေလေးနှင့်အတူ ပြတင်းပေါက်၌ အလှဆင်ထားသော လိုက်ကာလေးတွေကတော့ ကခုန်လျက်ပေါ့...

" လင်းသော်တာ... သူကဘာလဲ??? "
ဖိတ်မခေါ်ပဲ ဝင်လာတဲ့ သူမ အကြောင်းက ကျွန်မ စိတ်ထဲ ကြီးစိုးပြန်တော့ ခေါင်းလေးအား ခါရမ်းလိုက်ရင်း နံရံနှင့် တဒုန်းဒုန်း ပိတ်တိုက်လိုက်မိသည်။

" ငါ့အတွေးထဲ ဝင်မလာပါနဲ့တော့လား လင်းသော်တာရယ်..."

ဒီနေ့ ညနေက သူမ ပျောက်သွားလို့ ကျွန်မမှာ ဘယ်လောက် စိတ်ပူလိုက်ရလဲ??? သူရိန်ရော ကျွန်မရော ရှာလိုက်ရတာ...
အချိန်ကုန် လူပင်ပန်း... နောက်ဆုံးတော့ သူမကို မတွေ့နိုင်လို့ ဆိုပြီး ကျွန်မ မျက်ရည်တွေ ဝဲလာသည်အထိ စိတ်ပူခဲ့ရသည်။

ဒါတွေခဏထား...
ယွန်းဖုန်းဆက်လို့ သူ့ကို ရှာတွေ့ပြီ ပြောတော့လည်း ကျွန်မ မှာ အရူးမကြီးလိုပဲ ပျော်လိုက်ရတာ...
သူက တော့ " အော် ...မင်း စိတ်ပူသွားခဲ့တာလား " ဆိုပြီး စကားလေးတစ်လုံးတည်းနဲ့ ဖုန်းချသွားခဲ့သည်။

လင်းသော်တာ...
သူကလေ တခါတလေ အရမ်းသွေးအေးတယ်
သူခံစားနေရတာကိုတောင် ဖုံးပြီး အကောင်းဆုံး ပြုံးတတ်တဲ့ လူစားမျိုး...
ဘယ်လိုပဲ ဖြစ်နေပါစေ...
ကျွန်မဖုန်းဆက်တာကိုတော့ အနည်းဆုံး ခုလို တော့ ခွန်းတုန့် မပြန်သင့်ဘူး...

တခါတလေ ကျွန်မ လင်းသော်တာကို ဘယ်လို နားလည်ပေးရမှန်း မသိဘူး...

ပိုဆိုးတာက ဒီလို ကျွန်မအပေါ် အဖက်မလုပ်တဲ့ လူတယောက်ကို ခုထိ မအိပ်နိုင်ပဲ စိတ်ပူနေသည့် ကိုယ့်ကိုယ်ကို ဘယ်လိုနားလည်ပေးလို့ ပေးရမှန်း မသိ ဖြစ်နေခြင်းဖြစ်သည်။

" ငါက ဘယ်လိုဖြစ်လို့ ခုလိုတွေ ဖြစ်နေရတာလဲ??? "

တကယ်ပြောရရင် ကျွန်မ သူမကို တွေ့ချင်နေမိသည်။ ဘာလို့များ တစ်ယောက်တည်း ဘာမပြော ညာမပြောနဲ့ ည၂ နာရီလောက်ထိ ပျောက်သွားရတာလဲ?? ပြန်တွေ့မဲ့ တွေ့တော့လဲ သူမက ကျွန်မကို တစိမ်းတွေ ဆန်နေလိုက်တာ... ကျွန်မက ဘာတွေ လုပ်မိလိုက်လို့ သူက ခုလိုတွေ အတွေ့မခံချင် ဖုန်းမပြောချင်တွေ ဖြစ်ကုန်ရတာလဲ????

လရောင်ချစ်သော နွေHikayelerin yaşadığı yer. Şimdi keşfedin