A place where I belong

1.3K 135 40
                                    

#ZawGyi

Thurain's POV

Hanlin- " ဟေ့ရောင် သူရိန်... ရေးကြီး သုတ်
ပြာနဲ့ ဘာဖြစ်လာတာလဲ....."

" အော်... ဟန်လင်း!!! ဘာလုပ်ဖို့လဲ??? "

Hanlin- " မင်းကလည်း ဆိုင်ကယ် ခဏရပ် !!လာစမ်းပါအုံးဟ!!!! "
ကျွန်တော် မှန်မှန်ပြောရရင် Noe ဆီ သွားချင်နေတာကြောင့် အတန်းပြီးပြီးချင်းပင် သုတ်ချေတင် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်လောလည်း လောချင်စရင် Lunch break တုန်းက Noe တယောက် မူးပြီး အခန်းပြန်တာ ဒုတိယစာသင်ချိန်တောင် မတတ်နိုင်သည် အထိပင်။

ထိုကိစ္စကြောင့်ပဲ စာသာသင်ခဲ့ရတာ စိတ်တွေက တောင်ရောက်မြောက်ရောက်၊ Noe များ အခန်းထဲ တယောက်တည်း လဲကျနေမလား??
နေ့ခင်းတည်းက ဘာမှ မစားရသေးလို့ ဗိုက်များ ဆာနေမလား...
အတွေးမျိုးစုံ ဂရက် ထပြီး စာထဲ အာရုံစိုက်မရခဲ့ပေ။

ဟော ခု အတန်းချိန်ပြီးလို့ Noe ဆီ သုတ်ချေတင်ရမလားဆိုတော့ ဟန်လင်းတို့အဖွဲ့က ကျွန်တော့်အား "သူတို့ဆီတောင် မလာတော့ဘူးတွေရော အသစ်တွေ့လို့ အဟောင်းမေ့တယ်" တွေရောဖြင့် Noe ဆီ သွားခွင့်မပေးရစ်နေပြန်တော့သည်။

"ဟေ့ရောင် ဟန်လင်း... မင်းကလည်းကွာ ငါသွားတော့မယ်..."

Hanlin- " မင်းက ဖြစ်ပျက်နေတာကွာ... တချိန်လုံး Noe ဟိုဟာလည်း Noe ဒီဟာလည်း Noe...တလုံးတည်း Noe နေတာ... ကြည့်လို့ကို မရဘူး..."

" ဟာမင်းကလည်းကွာ သူမှ နေမကောင်းတာ ဘေးမှာ ရှိပေးရမှာပေါ့... "

Hanlin- " ဟေ့ရောင် မင်းလျှောက်ပြောမနေနဲ့ ဆေးရုံကဆင်းတာဖြင့် ကြာလှပြီ... မင်းကိုက အသဲပိုနေတာ"

" ဘာပဲဖြစ်ဖြစ်ကွာ... မင်းတို့ပြောချင်ရာပြော... ငါသွားပြီ..."

Hanlin- " သားကြီး မင်းကြည့်ရတာ ပင်ပန်းတယ်ကွာ... မင်းကြိုက်နေရင်လည်း ဖွင့်ပြောတော့ တကျောင်းလုံးတောင် သိတော့မယ် သူမသိဘူးဆိုတာ မဖြစ်နိုင်ဘူး..."

" ဟေ့ရောင် မင်း မဟုတ်တာတွေ..." ကျွန်တော် ငြင်းသာငြင်းရတာ...လိမ်တတ်တဲ့သူမဟုတ်တော့ မျက်နှာ မှာ အတိုင်းသားပေါ်နေမှာ အမှန်ပင်။ ကျွန်တော်အဲ့လောက်တောင် သိသာနေတာလား...

လရောင်ချစ်သော နွေWhere stories live. Discover now