Party Night!!!

1.2K 152 24
                                    

#Zawgyi

Lin's POV

ကျွန်မ လေ ဘာရယ် မဟုတ်... မှန်ကြီး ကြည့်ရင်း ရယ်နေမိသည်။

" မြတ်နိုးဧကရီ... မြတ်နိုးဧကရီ...Kissing တောင် မဆွဲဖူးဘူးဆိုတော့ တော်တော် ရိုးတာပဲ... " ကျွန်မ ဆံပင်ဖီးရင်း Noe အကြောင်းတွေးနေမိသည်။ ဒီနေ့လေ ကျွန်မ One Night Stand နေတယ်လို့ ပြောလိုက်တော့ Noe တယောက် မျက်နှာကြီး ဆူပုတ်သွားတာ ဆိုတာ Video ရိုက်ထားလို့ ရရင် ရိုက်ထားခဲ့ချင်မိသည်။

Yoon- " အံမယ် သော်တာ ဒီနေ့ပျော်နေပါ့လား... ကျောင်းက ပြန်လာတည်းက ပြုံးနေတာ ခုထိ မရပ်တော့ဘူး... "

ကျွန်မ ယွန်းဆီမှ ထိုစကားကြားတော့ ပိုပြုံးမိသွားသည်။

" လူ့ဘဝဆိုတာ တိုတယ်လေ ယွန်းရဲ့...
ပျော်ပျော်နေမှပေါ့...မဟုတ်ဘူးလား..."

Yoon- " ဟုတ်ပါပြီ မှတ်ထားပါ့မယ် မလင်းသော်တာရှင့်... ဒါနဲ့ သော်တာ ဒီနေ့ စာသွားသင်ပေးရအုံးမှာလား... ယွန်း Driver ခေါ်ထားပေးမို့... "

" ခု ဘယ်နှစ်နာရီ ရှိနေပြီလဲ??? ယွန်း..."

Yoon- " 5:45... "

" okay လေ ကားပိတ်အုံးမှာနဲ့ ခေါ်ထားလိုက်တော့ ယွန်း...ဒီနေ့က Beach Party ရှိတယ် ပြောတယ် အဲ့ဒါကားကျပ်လောက်တယ်... စောစော သွားတာကောင်းတယ်... "

Yoon- " ဟုတ်ကဲ့ ယွန်းခေါ်ထားလိုက်တော့မယ်နော်... "

" အင်း... " ယွန်းကျွန်မ အား လုပ်စရာရှိတာ လုပ်ပေးပြီး ထွက်သွားသည်နှင့် ကျွန်မ ကုတင်ပေါ် ပစ်လှဲကာ phone အား ကောက်ကိုင်ရင်း instagram ဖွင့်လိုက်မိသည်။

စစခြင်းပေါ်လာတာတော့ သူရိန်ပေါ့... ထင်တဲ့ အတိုင်း Beach Party မှာ ကဲနေတဲ့ ပုံတွေမှ တစ်ပုံကြီး...

" သူရိန် တကောင် နားမညည်းဘူးလား မသိဘူး... စိတ်ပျက်စရာ နေရာတွေ... " ကျွန်မ သူ့ပုံတွေအား ကျော်ရင်း လျှောက်ကြည့်နေတုန်း Yuki ကားထဲ နမ်းနေသော ပုံကြီး တက်လာခဲ့သည်။ သူ Tag ထားတဲ့ နေရာကြည့်လိုက်တော့ Beach Party ... ဒါဆိုသူလည်း Beach party သွားတာပေါ့...

" အေးပါကွာ... နမ်းကြ နင်တို့ပဲ...ပိုးကူးမှာ
မကြောက်ဘူးလား မသိ... " ကျွန်မလည်း နမော် နမဲ့ကြည့်ပြီး ကျော်သွားမလို့ရှိသေး... ရုတ်တရက် Yuki တို့ အတွဲနောက်မှ ကြားညပ်ပါလာသော မြတ်နိုးဧကရီအား တစွန်း တစ မြင်လိုက်ရသည်။ ကျွန်မ အစကတော့ မယုံလို့ မဟုတ်လောက်ဘူး တွေးမိသေးပေမဲ့ သေချာ ဖြဲရဲကြည့်မှ မြတ်နိုးဧကရီ ဟုတ်နေမှန်းသိလိုက်ရသည်။

လရောင်ချစ်သော နွေWhere stories live. Discover now