Mr& Miss

1.4K 161 19
                                    


#ZawGyi

Noe's POV

ကျွန်မ နားရက် ရက်တိုလေး ကုန်လို့ အတန်းချိန် စတတ်ရသည့်နေ့တွေ ရောက်ရှိခဲ့ပြီဖြစ်သည်။ Scholar ရထားတဲ့ ကျွန်မ သူတို့ချမှတ်ထားသော စည်းတွေနဲ့ အညီ မလိုက်
နာနိုင်ပါက အကုန်ပြန်လျှော်ရမည် ဟူသော စည်းကမ်းကြောင့် ကျွန်မ အရမ်း ကြောက်နေမိသည်။ အထူးသဖြင့် GPA 2.75 မကျော်ရင် နောက် တစ်နှစ် ဆက်တတ်ခွင့် မရှိဟူသော
စာသားကြီးက ထိပ်ဆုံးကပင်။

ဘာပဲ ဖြစ်ဖြစ် ဒီရောက်လာပြီးမှတော့ ဘယ်သူမဆို ဘွဲ့လေးတော့ ရအောင်
ယူချင်ကြသည်မှာ သဘာဝပင်။ အချိန် နှစ်နှစ်ဆိုသည်မှာ တွေးကြည့်ရင် နည်းသည့် ကာလတော့မဟုတ်... ကျွန်မ ဒီမလာခဲ့ရင်တောင် လုပ်သက်နှစ်နှစ် ယူလို့ရသည့်အနေအထားဖြစ်သည်။ ထို့ကြောင့် ကျွန်မ စာမေးပွဲ မကျချင်။

ဒါပေမဲ့ တဖက်နိုင်ငံရဲ့ ပညာရေးမှာ မြန်မာ ပညာရေးနှင့် အနည်းငယ်ကွာလွန်းတော့ ကျွန်မ ဂလယ်ရိုက်ရင်း စာတွေ နားမလည်ဖြစ်နေရသည်။ ပြောရရင် မြန်မာ မှာ မြန်မာလို သင်တော့ နားလည်ရလွယ်ပေမဲ့ ဒီမှာက English လိုဆိုတော့ အလွယ်တကူနားမလည်နိုင်... ကြားထဲ ဆရာတွေက တယောက် အသံထွက်နှင့် တယောက် မတူတာကြောင့် မနည်းရုန်းပန်းနေရသည်။

အလွတ်ကျက်စနစ်နဲ့ တက်လာတဲ့ ကျွန်မ အတွက်တော့ Open internet နှင့် Open Bookစာမေးပွဲဆိုသည့် ကြေငြာချက်ကြီးမှာ လူကို ငိုင်ကနဲ ဖြစ်သွားစေခဲ့သည်။

ခုလည်း တယောက်တည်း စာကြည့်တိုက်ထဲထိုင်ရင်း သင်သမျှ စာများအား လိုက်မှီဖို့အရေး တကျော့ ပြန်ကြည့်နေရသည်။

ထူးဆန်းတာက သူရိန်နဲ့ လင်းကတော့ ကျွန်မလို မဟုတ်အေးဆေးပင်။ သွားသည် လာသည် စားသည်။ စာလုပ်ချိန်ကောင်းကောင်း လုပ်သည်။ အတန်းထဲတွင်လည်း မြန်မာပင်မဲ့ ဝင့်ဝင့်ကြွားကြွား ထိပ်ဆုံး ၅ ယောက်စာရင်းတွင် သူတို့ပါသည်။ ကျွန်မကတော့ အောက်ဆုံးက ရေရင် ၅ ယောက်မြောက်ပေါ့...

" ဟူး!!!! ငါလာတတ်တာများ မှားသွား
ပြီလား??? " ကျွန်မ စိတ်ညစ်လာတာကြောင့် စာအုပ်အား ကောက်ပိတ်လိုက်ရင်း ထူလွန်းလှသော စာအုပ်ကြီးပေါ် ခေါင်းအုံးချလိုက်သည်။

လရောင်ချစ်သော နွေDove le storie prendono vita. Scoprilo ora