အနမ်းတို့၏ တိုက်ပွဲ

1.5K 154 12
                                    

Zaw Gyi, Unicode နှစ်မျိုးလုံးနဲ့ ရေးထားပါတယ်
အောက်မှာ Unicode ရှိပါတယ်

#ZawGyi
Lin's POV

Thurain- " ဒီတခေါက် Culture Show မှာ အလှဆင်မီးသီးတွေ သုံးဖို့ ပြင်ဆင်ထားတယ်.. ပြီးတော့ Mr & Miss ဝတ်စုံကို သော်တာ က စီစဉ်ပေးလိမ့်မယ်... ပြီးတော့ သော်တာ..."

တကယ်တော့ Culture Show အတွက် အစည်းအဝေး လုပ်နေချိန်မှာ ကျွန်မ ဟိုတွေး ဒီတွေး လုပ်နေတာ သိပ်မကောင်းပေမဲ့...ကျွန်မ အတွေးတွေကိုတော့ မရပ်တန့်နိုင်ခဲ့ပေ။

ကျွန်မ မျက်နှာ ချင်းဆိုင်မှာ ထိုင်နေတဲ့ မြတ်နိုးဧကရီကတော့ ကျွန်မ ကို မျက်နှာ လွှဲရင်း မသိသလို ဟန်ဆောင်နေခဲ့သည်။ တနေ့က ကျွန်မ ပြောလိုက်တာ လွန်သွားလား??? တကယ်
ပြောရရင် ကျွန်မက မိန်းမ စိတ်ဝင်စားတဲ့ သူမဟုတ်ပါဘူး... အိမ်မက်ထဲက လင်းကတော့ ချွင်းချက်ပေါ့... မိန်းမချင်း ရည်းစားထားဖို့လဲ စိတ်ကူးမရှိသလို ယောကျာ်းလိုနေဖို့လဲ စိတ်မပါဘူး... ဒါပေမဲ့ ကျွန်မ ယောကျာ်းလေး ဆန်တာတော့ ဝန်ခံပါတယ်...

မတွေးတက်တာက ဘာလို့ ကျွန်မက Noe ကို အဲ့နေ့က ဟိုစကားကြီးတွေ ပြောခဲ့မှန်း မသိ။
အေးလေ... ကျွန်မ တောင် ခု အဲ့စကားတွေးမိရင် အော်ဂလီဆန်လာတာ အပြောခံရတဲ့ သူဆိုရင်တော့ မပြောနဲ့တော့...

" ဟူး!!!! လေပါတယ်... "
ကျွန်မ ပါးစပ်က ရောင်ပြီး ထွက်သွားတော့ အခန်းတွင်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

Thurain- " သော်တာ နင်ဘာဖြစ်နေတာလဲ??"
Shitt!!!! ကျွန်မ အစည်းအဝေး ခန်းထဲမှာ ဆိုတာ မေ့ပြီး သက်ပြင်းချမိခဲ့သည်။

" ဟုတ်ကဲ့ အစီအစဉ်တွေ ကောင်းပါတယ်... မီးသီးတွေ လည်းသဘောကျတယ်... Mr & Miss အပိုင်းဆက်တာပေါ့... "
ကျွန်မ ရောတောပေါတောဖြင့် ရောချကာ ကျွန်မ ရောက်ချင်သော အပိုင်းအားကျော်ချလိုက်သည်။

Thurain- " Mr & Miss အတွက်တော့ ကျွန်တော် Steven ကို အကူအညီတောင်းထားတယ်... ကျွန်တော်တို့ အကကို ကူညီပေးမဲ့ သူပေါ့... သူက နိုင်ငံခြားသားပေမဲ့ ယုံကြည်ရပါတယ်... ကျွန်တော့် သူငယ်ချင်း အရင်းကြီးပါ... ကကွက် မပေါက်ကြားစေရပါဘူး... ခုဖွင့်ပြမဲ့ Video က ကျွန်တော်နဲ့ မမြတ်နိုးဧကရီ အတွက် Steven နဲ့ သူ့ကောင်မလေး ကပြထားတဲ့ Videoပါ... "

လရောင်ချစ်သော နွေWhere stories live. Discover now