အိမ်မက်တို့ ခေါ်ဆောင်ရာ

1.4K 147 12
                                    


#ZawGyi

Lin's POV

Yoon- " သော်တာ ပြန်လာတာ နောက်ကျလှချီလား... ပုံမှန်ဆို ၄:၁၅ လောက်ကျောင်းဆင်း၅နာရီလောက်ဆို ရောက်ပြီ ခုက ၆နာရီခွဲတောင် ကျော်နေပြီ..."

" အင်း ဒီနေ့ ကျောင်းမှာ ပွဲလေးတစ်ခုရှိလို့ အဲ့မှာ မနေမဖြစ် နေပေးရတာမို့ နောက်ကျနေတာ..."

Yoon- " အင်းပါ.. ဒါနဲ့ သော်တာ ညစာဘာစားချင်လဲ..."

" ဘာမှ မစားချင်သေးဘူး ယွန်း ... ကမ်းခြေဘက်ခဏဆင်းလိုက်ဦးမယ်... ခဏနေ ပြန်တက်လာခဲ့မယ်... "

Yoon- " ဒါပေမဲ့ သော်တာ ဆောင်းတွင်းဝင်စဆိုတော့ မှောင်စပြုနေပြီ မဆင်းပါနဲ့တော့လား မနက်မှ ကျောင်းမသွားခင် လမ်းထလျှောက်
လေ... "

" Yoonရယ် ... သော်တာ ဒီနေရာမှာ နေလာတာ ငါးနှစ်တောင် ပြည့်နေပါပြီ... စိတ်မပူပါနဲ့.."

Yoon- " ဟုတ်ကဲ့ပါ သတိထားတာတော့ ကောင်းတာပေါ့ သော်တာက နေသိပ်ကောင်းတာမှ မဟုတ်တာ..."

" Yoon... " ကျွန်မပြောချင်ခဲ့ပေမဲ့ ပြောလည်း ဘာမှ ထူးမှာ မဟုတ်တာကြောင့် ဆက်မရှင်းတော့ပဲ တွေ့ရာအင်္ကျီ ကောက်ဆွဲရင်း ကမ်းခြေဘက် ဆင်းချလာတော့သည်။

သူတို့ ဘာလို့ ဒီလိုတွေ သိပ်ပြီး စိတ်ပူနေလည်း သိလား...
ကျွန်မ မြန်မာမပြန်ချင်တဲ့ အဓိက အကြောင်းရင်းကရော ဘာများဖြစ်မလဲ တွေးမိကြဖူးလား...
တကယ်တော့ ကျွန်မ ပြောပြလိုက်ရင် ကျွန်မကို ခပ်ကြောင်ကြောင်ရယ်ပါဆိုပြီး ရယ်ကြမှာပါ...
အဲ့ဒါကြောင့်လည်း ကျွန်မတော်ရုံဆို ဘာမှ ဖွင့်မပြောပဲ တိတ်တဆိတ်ပဲ နေခဲ့တယ်...

စိတ်ညစ်လာတိုင်း ပင်လယ်ဘက်ဆင်းသွားတယ်... ပြီးရင် ပင်လယ်ကြီးဆီ အော်ဟစ်လိုက်တယ် ဒီလိုနည်းနဲ့ပဲ ခံစားမှုတွေကို ဖြေလာတာ ကြာပေါ့... ပင်လယ်ကြီးက ကျွန်မအပေါ် အမြဲ သစ္စာရှိတယ် ကျွန်မ ရင်ဖွင့်တိုင်း သူလှောင်မရယ်ဘူး... ဟားမတိုက်ဘူး... ကျွန်မကို လေပြေအေးအေးလေးတွေနဲ့တောင် ထွေးပွေ့ပေးသေးတယ်...အဲ့တော့
ပင်လယ်ကြီးကို တွယ်တာနေမိတာ ကျွန်မ အပြစ်လား...

နောက်ပြီး လူတွေက ပြောကြတယ် ကျွန်မ ဆွေမျိုးတွေအပါအဝင်...ကုန်ကုန်ပြောရရင် ကျွန်မ မိဘတွေ ရောပေါ့...

လရောင်ချစ်သော နွေWhere stories live. Discover now