#Zawgyi
Noe's POV...
Thurain- " Noe ဘာစားမလဲ ကျွန်တော်သွားဝယ်ဖို့ တခါတည်း မှာလိုက်ပါလား??? "
"မဟုတ်တာ... Noe ကိုယ့်ဘာသာ သွားဝယ်ပါ့မယ်..."
Thurain- " မဝယ်ရပါဘူး Noe ရယ် ဆေးရုံဆင်းထားတာ ကြာသေးတာ မဟုတ်ဘူး...နားနားနေနေနေ... ကျွန်တော် အကုန်လုပ်ပေးမယ်.."
ကျွန်မ အရမ်းအားနာနေပေမဲ့ သူရိန်ဆိုတာ
လည်း လုပ်ပေးမယ်ဆိုဇွတ်... ပြောလို့ဆိုလို့ ရတာမှ မဟုတ်တာ" ဒါဆိုလည်း Noe အတွက် Pasta တစ်ပွဲလောက် ဝယ်ခဲ့ပေးပါ... "
Thurain- " okay ရစေရပါမယ်ဗျာ... အအေးရော??"
" hummm???Cola... "
Thurain- " ခဏလေးပဲစောင့်..."
သူရိန်က ကလေးလေး တယောက်လိုပင်
ကျွန်မ ရှေ့ ခုန်ပေါက် ပြေးထွက်သွားသည်။ တကယ် ပြောမနိုင် ဆိုမနိုင်ထဲမှာ သူရိန် တယောက် ထိပ်ဆုံးကပါသည်။ ကျွန်မ ဆေးရုံက ဆင်းထဲက ကျွန်မနောက် တကောက်ကောက်လိုက်ပြီး အရာအားလုံး သူပဲ လုပ်ပေးနေခဲ့သည်။ ကြာတော့ အားနာဖို့ ကောင်းပေမဲ့ သူက " မရဘူး သူလုပ်ပေးပါရစေ" ကြီး ပြောနေတော့ မနိုင်တဲ့ ကျွန်မ လွှတ်ထားရုံပင် မရှိခဲ့ပေ။ထိုသို့အတွေးကောင်းကာ ပြုံးမိနေတုန်း လင်းတယောက် နောက်မှရောက်လာကာ ကျွန်မ ပခုံးအား အသာလေးဆုပ်ကိုင်လိုက်သည်။
Lin- " Noe... "
" အော် လင်း လာပြီလား... လာထိုင်..."
Lin- " အင်း... သော်တာ Noe ကို အခန်းထဲမှာ ခဏစောင့်ဖို့မှာခဲ့တာလေ...ဘယ်သူနဲ့ လိုက်လာတာလဲ.. သော်တာမှာ ရှာလိုက်ရတာ... "
" အာာ ဒါလား... Noe လင်းကို စောင့်နေတုန်း သူရိန်နဲ့တွေ့တာ, သူရိန်က သူမှာဆိုင်ကယ်ပါတယ် တခါတည်းလိုက်ခဲ့ဆိုလို့... Noe သူရိန်ဆိုတော့ အားနာတာနဲ့ပဲ လိုက်လာခဲ့လိုက်တာ... "
Lin- " အွန်း...သူရိန်နဲ့လား..."
ဘာရယ်တော့ မဟုတ် လင်း မျက်နှာလေး
မှိုင်ကြသွားသည်ကိုတော့ ခံစားလိုက်ရသည်။" လင်း... အဆင်ပြေရဲ့လား..."
Lin- " ဟင်... အွန်း... ခုသော်တာ နေ့လည်စာသွားမှာမို့ ဘာမှာမလဲ Noe... သော်တာ ဝယ်ခဲ့လိုက်မယ်လေ..."
YOU ARE READING
လရောင်ချစ်သော နွေ
Fanfiction#Zawgyi Girl's Love ကို အခြေခံထားပြီး ရာဇာဝင် သမိုင်းတွေနဲ့ ယခုခောတ်ကို ပေါင်းစပ်ထားတဲ့ လွမ်းမောဖွယ် ဇာတ်လမ်းလေးတစ်ခုပါ... အတိတ် တစ်ခုရဲ့ အမှားတွေကြောင့် ကြုံရာဘဝမှာ ဝဍ်ကြွေးပြန်ဆပ်ရင်း အချစ်ဆိုတာကို ရှာဖွေတွေ့ရှိသွားမဲ့ လနတ်သမီးနဲ့ နေနတ်သမီးတို့ရဲ့...