Chapter 7 : bloody Mary of room no.(c) /3

756 114 44
                                    

အခန်း (၇)
အခန်း စီ၏ သွေးသံရဲရဲ မယ်ရီ ❨၃❩


ညဉ့်နက်ချိန်၏ အလင်းရောင်များသည် ညအရိပ်မြို့တော်၏ ၁၉လမ်း ၊ အထက်တန်းနယ်မြေတွင် ကြည်လင်စွာ ထွက်ပေါ်လျက်‌ရှိ၏။ ချွဲဂန်းသည် သူ၏ ရှုပ်ပွနေသော ငှက်သိုက်သဖွယ် ဆံပင်များကို ထိုးဖွလိုက်၍ စဉ်းစားခန်းဝင်၏။

"ဒီတစ်ယောက်က လူသတ်တရားခံဆိုရင် ဒီလောက်သိသာတဲ့အမှားမျိုးကို လုပ်မှာမဟုတ်ဘူး"

"ဒါပေမယ့် မတော်တဆ အမှားလုပ်မိတာလည်း ဖြစ်နိုင်တာပဲလေ.."

ဆုန်းယယ်ယောင်းသည် ချွဲဂန်း၏မျက်နှာ အရိပ်အကဲကို တစ်ချက်ချောင်းကြည့်ပြီးနောက် စကားဆက်သည်။

"ပြီးတော့ သူ့ရဲ့ နဂိုအစီအစဉ်အရ အဖမ်းခံရတာမျိုးကို တွေးထားပုံမရဘူး ဒီကျောင်းကနေ ထွက်သွားပါတယ်ဆိုတဲ့ အလီဘိုင်အတုကိုလုပ်မယ် ပြီးရင် တခြားနေရာကနေ ကျောင်းကိုပြန်ဝင်ပြီး နစ်နာသူကို သတ်ပစ်လိမ့်မယ်၊ မျက်မြင်သက်သေ ကျောင်းသားသာ သူ့ကို မတွေ့ခဲ့ရင် ဒီအကွက်က ပိရိနေရောပဲ မဟုတ်ဘူးလား အဖွဲ့မှူး"

"မင်းပြောတာ ဖြစ်နိုင်ချေရှိတယ် ဒါပေမယ့် ကျူးလွန်သူက ဒီအခြေအနေကို မတွေးထားဘူးလို့ထင်လား ပြီးတော့ ကျောင်းကထွက်သွားတဲ့ စီစီတီဗွီမှတ်တမ်းလောက်နဲ့ သူ့ကို တရားခံပါလို့ စွပ်စွဲလို့မရဘူး"

"ကျွန်မတို့ သက်သေကို ပိုရှာဖို့လိုတယ် အဖွဲ့မှူး"

"လောလောဆယ် ဂင်ထယ်ဟျောင်းကို သံသယရှိသူစာရင်းသွင်းပြီး ပိုတိတိကျကျ စစ်မေးရမယ်…သက်သေက မလုံ‌လောက်‌ပေမယ့် ဝရမ်းယူဖို့အတွက် အထက်ကို တင်ပြလိုက်"

ညဆယ့်တစ်နာရီအချိန်တွင် ဆောင်းလေအေးသည် အရိုးထဲသို့ စိမ့်ဝင်လောက်သည်အထိ အေးစက်နေပြီဖြစ်သည်။ အထက်တန်းကျောင်း၏ အေးစိမ့်သော အခန်းများသည် အပူဓာတ်မရှိဘဲ ချမ်းအေးမှုကိုသာ ပို၍ဖြစ်စေ၏။

"…ဒီမှာ လက်စသတ်ပြီး စခန်းကို မြန်မြန်ရွေ့ရမယ် အေးလိုက်တာ…"

ကျောင်းရုံးခန်းအတွင်းသို့ ချွဲဂန်းဝင်သွားသည့်အခါ ထယ်ဟျောင်းက ဦးစွာ ပြုံးပြလေ၏။

sea of sorrowsWhere stories live. Discover now