Chapter 2 : on a summer night

1K 140 21
                                    

အခန်း (၂)
နွေညတစ်ညမှာ


သာယာသော မနက်ခင်းကို ထယ်‌ဟျောင်းမှာတော့ ဝမ်းနည်းမှုများဖြင့် စတင်ရသည် ။ အိပ်လည်း စာလုပ်ဖို့၊ ထလည်း စာလုပ်ဖို့၊ ပြောင်းလဲမှုမရှိဘဲ ထပ်ခါဖြစ်နေသော ကိစ္စရပ်များတွင် ထယ်ဟျောင်းသည် သူ့မိဘများ စိတ်ချမ်းသာစေရန်အတွက် မညည်းညူဘဲ အရုပ်တစ်ရုပ်ကဲ့သို့ ထားသိုသည့်အတိုင်း၊ ခိုင်းစေသည့်အတိုင်း နေရ၏။

သူ သဘောကျတဲ့အရာတွေကို သိအောင် မဖော်ထုတ်ပြရဲဘူး ။ ကလေးတစ်ယောက်လို လိုချင်တာရဖို့အတွက် ငိုကြွေးပြီး စိတ်ဆိုး စိတ်ကောက်တာတွေ သူ မလုပ်ရဲဘူး ။သူ သဘောကျတဲ့ တိတ်ခွေကို အမေ ဖျက်ဆီးပစ်ပြီး သူ့ကို မြေအောက်ခန်းထဲမှာ အပြစ်ပေးကတည်းက သူကြောက်သွားတာ ။ အဲ့ဒီအချိန်တုန်းက ထယ်‌ဟျောင်း သိခဲ့ရတာ တစ်ခုရှိတယ် ။

သဘောကျတဲ့အရာတွေကို သိသာအောင် မဖော်ပြရဘူး ။

"ပြင်သစ်စာ စာတမ်းဖတ်ပွဲအတွက် လိုအပ်တာတွေ ပြင်ဆင်ပြီးပြီလား မနက်ဖြန် အမေ လိုက်ပို့ပေးနိုင်မှာ မဟုတ်ဘူး ဒရိုင်ဘာလိုက်ပို့လိမ့်မယ် အဆင်ပြေလား"

"…ဟုတ်ကဲ့…အဆင်ပြေပါတယ်"

ပညာတွေက ဘဝအတွက် ဘယ်လောက်အရေးပါသလဲ ။ ထယ်ဟျောင်း သိခဲ့ရတာတော့ ဒီပညာတွေက သူ့ဘဝ ပျော်ရွှင်စေဖို့အတွက် ကြီးမားတဲ့ နံရံကြီးတွေပဲ ။

ဒီပညာတွေ စာတွေ မလေ့လာဘဲ သူ့စိတ်တိုင်းကျ ထွက်သွားပစ်လိုက်ချင်တယ် ။ ဒါပေမယ့် အဖေ၏ အမတ်လောင်း ၊ အမေ၏ ပါမောက္ခဆိုသော ဂုဏ်ပုဒ်များက ထိခိုက်လာနိုင်သည့်အတွက် ထယ်ဟျောင်း စိတ်ကို အမြဲ ချုပ်တည်းခဲ့ရသည်။

အဖေနှင့် အမေက ထယ်ဟျောင်းကို ဂုဏ်ပစ္စည်းတစ်ခုကဲ့သို့ သဘောထားနေလောက်မလား၊ သူ မသိပေမယ့် သူကတော့ မိဘများကိုချစ်သည် ။ မိဘနှစ်ပါး စိတ်ချမ်းသာနေလျှင် သူပျော်သည် ။ မိဘနှစ်ပါး စိတ်ပင်ပန်းနေရလျှင် သူ ဝမ်းနည်းသည် ။ ထို့အတွက် ထယ်ဟျောင်းမှာ ဘယ်လောက်ပဲ ပင်ပန်းမှုတွေများများ ထိုအရာများကို သူသည်းခံရမည် ။

"သခင်လေး ကားက တစ်ခုခုဖြစ်သွားတယ်ထင်တယ် ကျွန်တော် တောင်းပန်ပါတယ် ဟို ဟို ကျွန်တော် တက္ကစီ ငှားပေးလိုက်ပါမယ် သခင်လေး ပြိုင်ပွဲက နောက်ကျသွားရင် ကျွန်တော့်ကို.."

sea of sorrowsWhere stories live. Discover now