Chapter 16 : second murder of 'bloody Mary'/2

212 33 9
                                    

အခန်း (၁၆)

'သွေးသံရဲရဲ မယ်ရီ'၏ ဒုတိယမ္ပိ လူသတ်မှု (၂)

ချွဲဂန်းသည် သနားကရုဏာသက်စွာဖြင့် ဂျောင်းဂုကို ကြည့်လိုက်မိသည်။ ဂျောင်းဂု၏ အတိတ်ကို သိရှိသွားသောအခါ ထိုကလေးအပေါ် သူ့အမြင်မှာ ပြောင်းလဲသွားပြီး ထိုကလေးကို ပို၍ နားလည်လာသလို ခံစားရသည်။ ဂျောင်းဂု ဖြတ်သန်းလာခဲ့ရသော ခရီးလမ်းမှာ မလွယ်ကူသည်ဖြစ်ရာ သူ၏ အေးစက်သော အကျင့်စရိုက်သည် လောကဓံရိုက်ချက်နှင့်အတူ အလိုအလျောက် ဖြစ်ပေါ်လာပေလိမ့်မည်။

ဤကြမ်းတမ်းမှောင်မိုက်သော လူ့ဘောင်ထဲ၌ ကလေးငယ် တစ်ဦးတည်း ရှင်သန်ဖို့ အင်မတန် ခက်ခဲပါသည်။ သို့ဖြစ်ရာ လျှောက်လမ်းလာသောလမ်း ရှည်လေလေ စွန့်စားရမည့် အဖိုးအခမှာ ပို များပြားမည်။ ထိုအချိန်များတွင် နာကျင်ခဲ့ရလိမ့်မည်၊ ပင်းပန်းကာ ချုံးချုံးကျခဲ့လိမ့်မည်။ မိမိကြိုးစားမှသာ ဤအဖြစ်မှ လွတ်မြောက်မည်ဖြစ်သောကြောင့် အရာရာတိုင်း၌ ရက်စက်မှုကိုသာ ရှေ့တန်းတင်ခဲ့လိမ့်မည်။

ဂျောင်းဂုသည် ချွဲဂန်း၏ အကြည့်စူးစူးကို အာရုံခံလိုက်မိသောကြောင့် မှုန်ကုပ်ကုပ်နှင့် လှမ်းကြည့်လာသည်။ ဂျောင်းဂု၏ လှုပ်ရှားမှုကို တစ်ချိန်လုံး စောင့်ကြည့်နေသော ထယ်ဟျောင်းလည်း အလိုလို လိုက်ကြည့်လာ၏။ ချွဲဂန်းသည် သက်ပြင်းချလိုက်ပြီး အကြည့်လွှဲလိုက်သည်။ ဂျောင်းဂုဟူသော ကလေးသည် ရဲရင့်သူဖြစ်သောကြောင့် တစ်စုံတစ်ဦး၏ သနားသမှုကို လိုမည်မဟုတ်ပါပေ။

“ရဲမှူးချုပ်၊ ကျွန်တော်တို့ စကားပြောရအောင်”

လီဆော့ဟွမ်သည် သဘောတူကြောင်းပြပြီး ချွဲဂန်းနှင့် လိုက်သွား၏။ အနားတွင် လူများ မရှိတော့သည့်အခါ ထယ်ဟျောင်း၏ အပြုအမူမှာ ပိုမို ရဲတင်းလာပြီး ဂျောင်းဂုအနားသို့ တိုးကပ်လာသည်။ ၎င်းကိုတွေ့သော် ဂျောင်းဂုသည် သွက်လက်စွာ ရှောင်ဖယ်လိုက်သည်။ သို့သော် ထယ်ဟျောင်းမှာ မမှုပါပေ။ ဂျောင်းဂု မရုန်းနိုင်သည့် နံရံအစွန်းထိ တွန်းကပ်သွားကာ ဂျောင်းဂုပေါ် အုပ်မိုးလိုက်၏။

sea of sorrowsWhere stories live. Discover now