Chapter 8 : further investigation into the murder of bloody Mary

429 81 22
                                    

အခန်း (၈)
သွေးသံရဲရဲ မယ်ရီ၏ အသတ်ခံရမှုအပေါ် နောက်ထပ် စုံစမ်းစစ်ဆေးခြင်း

မနေ့ညက ဆိုးရွားသော အိပ်မက်တစ်ခုကို ဂျောင်းဂု မက်ခဲ့သည်။

ထိုအိပ်မက်တွင် သူဟာ အဆုံးသတ်မဲ့သည့် လမ်းကို လျှောက်နေခဲ့ပြီး ထိုလမ်းပေါ်တွင် နွန်းဗြောသည် သူ့ကို အသက်မဲ့ မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့၏။ မျက်လုံးများတွင် မျှော်လင့်ချက် အနည်းငယ်ရှိသည်။ နောင်တများလည်း ရှိသည်။ မုန်းတီးခြင်းများလည်း ရှိနေ၏။ အစမှ အဆုံးထိ နွန်းဗြော ပြောခဲ့သော စကားတစ်ခွန်းရှိသည်။ ထိုမိန်းကလေးသည် ထိုစကားကိုပဲ တစ်ချိန်လုံး တစ်ထပ်တည်း ပြောနေခဲ့၏။

ထိုအိပ်မက်ထဲမှ နွန်းဗြော၏ မျှော်လင့်ချက်များနှင့်အတူ အရာအားလုံး ဆုံးရှုံးသွားခဲ့ပြီ ဟူသော ဗလာ မျက်ဝန်းများကို ဂျောင်းဂု လျစ်လျူမရှုနိုင်ပါ။ နွန်းဗြောရဲ့ သေဆုံးမှုက သူနှင့် မသက်ဆိုင်သည့်အရာ ဖြစ်သော်လည်း ထိုအရာကို အလုံးစုံ သူနှင့် မဆိုင်သည့်ကိစ္စဟု မတွေးလိုက်နိုင်ပါ။

နံနက်စာအဖြစ် အမေလုပ်ပေးထားသည့် လိမ္မော်ဖျော်ရည်နှင့် ကြက်‌ဥ ထမင်းကြော်ကို ဒီတိုင်း ငေးကြောင်လျက် ကြည့်နေမိသည်။ စားချင်စိတ်လည်း ရှိမနေဘူး။ စားလည်း မစားနိုင်ဘူး။

လူတွေ စိတ်မှာရှိတဲ့ အကြောက်တရားက တကယ်ကို ဆိုးရွားလွန်းတယ် … ။

ဂျောင်းဂု ကျောင်းသို့ ရောက်ရောက်ချင်း ပိတ်ထားသော အတန်းစီ၏ အခန်းဟောင်းရှိရာသို့ သွားလိုက်သည်။ ထိုအခန်းကို ဖွင့်ဖို့ သော့အပိုသည် ကျောင်းအုပ်ထံတွင် ရှိလိမ့်မည်။

နွန်းဗြော၏ သေဆုံးမှုအပေါ် သူ၏ စိတ်မသန့်မှု တချို့က တရားခံ ဖမ်းပေးခဲ့လျှင် ဖြေသိမ့်နိုင်လိမ့်မည်ဟု ထင်မိသည်။ အနည်းဆုံးတော့ နွန်းဗြော အပူအပင်မရှိဘဲ ထွက်သွားနိုင်အောင် ကူညီပေးတာပေါ့။

သူ့ရဲ့ ဖုံးကွယ်ထားသည့် ပညာတစ်ခုက ကောက်ကြောင်းဖော်တာလို့ ပြောရမလား။ ပျင်းသည့်အချိန်တိုင်း ဖတ်ခဲ့သည့် စာအုပ်များနှင့် လူတွေကို ကြည့်ပြီး သုံးသပ်လေ့လာခဲ့သည့် အချိန်များနှင့် အတွေ့အကြုံများက သူ့ကို ကျွမ်းကျင်သော ပညာရှင်တစ်ယောက် မဟုတ်ခဲ့တောင်မှ အမှုတစ်ခုကို စစ်ဆေးတတ်သည့် ကောက်ကြောင်းဖော်သူ တစ်ယောက်တော့ ဖြစ်နိုင်စေသည်။

sea of sorrowsWhere stories live. Discover now