Chapter 9 : further investigation into the murder of bloody Mary /2

408 82 29
                                    

အခန်း (၉)
သွေးသံရဲရဲ မယ်ရီ၏ အသတ်ခံရမှုအပေါ် နောက်ထပ် စုံစမ်းစစ်ဆေးခြင်း (၂)


တစ်ရက်တာအစ အတန်းခေါင်းလောင်း ထိုးပြီး ခဏအကြာတွင် မျက်လုံးများကိုပွတ်၍ ဂျောင်းဂု နိုးထလာသည်။ ကိုရီးယားဘာသာ အတန်းချိန် တစ်ဝက်သို့ ရောက်ရှိသည့်အခါ အိပ်ချင်မူးတူး ဖြစ်နေသော အာရုံမှာ ကြည်လင်ရှင်းလင်းသွားသည်။ ဆရာမ ထွက်သွားသည့်အချိန်တွင် ဆူညံနေသော အတန်းကို စိတ်ရှုပ်လာသောကြောင့် ထိုင်ခုံတစ်ခုံကို ကိုင်ယူ၍ အတန်းရှေ့သို့ ပစ်ပေါက်လိုက်သည်။ ကျယ်လောင်သော အသံကြောင့် အတန်းသားများ ထိတ်လန့်သွား၍ ဂျောင်းဂုရှိရာသို့ လှည့်ကြည့်လာသည့်အခါ ဂျောင်းဂုသည် စာရေးခုံကို လက်ဖြင့်ရိုက်၍ ၎င်းပေါ်သို့ တက်ထိုင်လိုက်သည်။

"ငါပြောစရာရှိတယ် တိတ်တိတ်လေး နားထောင်ပေးကြရင် ကောင်းမှာပဲ"

အတန်းသားများကို အလိုမကျသော စကားများ ပြောဖို့ အခွင့်အရေး မပေးဘဲ ဂျောင်းဂု တစ်ဆက်တည်း ထပ်ပြောလိုက်သည်။

"အခင်းဖြစ်တဲ့နေ့က နွန်းဗြောကို တွေ့တဲ့သူ မှန်သမျှ အဲ့ဒီအကြောင်းကို ပြောပြကြ၊ လိမ်မယ် မကြံနဲ့ ငါ ရိုက်ရင် လူ မရွေးဘူး"

နွန်းဗြောဟူသော စကားလုံးက ထွက်လာသည့်အခါ အတန်းစီ၏ အခြေအနေသည် သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ် ခြောက်ကပ်သွားသည်။

"ပြီးပြီးသား ကိစ္စကို ဘာလို့ ပြန်အစဖော်နေတာလဲ"

အတန်းထဲမှ နာမည်ပင် မသိသော ကျောင်းသားတစ်ယောက်၏ ကန့်ကွက်စကားကို ဂျောင်းဂုသည် စကားတစ်ခွန်းချင်းစီဖြင့် အေးဆေးစွာ တုံ့ပြန်လိုက်၏။

"အမှန်တရားကို မပြောချင်တဲ့ မင်းက သူ့ကို သတ်တဲ့ တရားခံများလား"

ထိုကျောင်းသား၏ မျက်နှာမှာ အရုပ်ဆိုးစွာ မဲ့သွား၍ ထိန်းချုပ်ခြင်း မဲ့စွာ အော်ဟစ်လာ၏။

"အဓိပ္ပါယ်မရှိတာ!! တရားခံက မင်း အဖြစ်နိုင်ဆုံး ဆိုတာကို မမေ့နဲ့ ဂျွန်ဂျောင်းဂု"

"ဒါဆို ပြောကြလေ၊ တရားခံ ရှာတွေ့ဖို့ကို မင်းတို့က မဖြစ်စေချင်ကြဘူးလား"

sea of sorrowsWhere stories live. Discover now