Chapter 10 : further investigation into the murder of bloody Mary /3

476 91 23
                                    

အခန်း (၁၀)
သွေးသံရဲရဲ မယ်ရီ၏ အသတ်ခံရမှုအပေါ် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးခြင်း (၃)

ချွဲဂန်းသည် ဂျောင်းဂုကို တခဏခန့် စိုက်ကြည့်ပြီးနောက် စကားပြောလာသည်။

"ဒီတော့ မင်းက ဘယ် အချက်အလက်တွေကို လိုချင်တာလဲ မင်း ပြောတာကို စဉ်းစားကြည့်ပေးမယ် ဒါပေမယ့် လိုတာထက် ပိုလာမယ်ဆိုရင် အဲ့ဒီအချက်တွေကို ငါ မပေးနိုင်မှာ စိုးရိမ်မိတယ်"

ဂျောင်းဂုသည် နှုတ်ခမ်းထောင့်စွန်းကို တွန့်ကာ မဲ့လိုက်ပြီး ချွဲဂန်း ပြောသည့်စကားကို အထင်သေးသလို ပြုလိုက်၏။

"မလိုဘူး မင်း လုပ်ရမှာက လွယ်လွယ်လေးပဲ စုံစမ်းရေးနဲ့ ပတ်သက်တဲ့ အချက်တွေကို ငါ ထိမှာမဟုတ်ဘူး"

ဂျောင်းဂုသည် ချွဲဂန်း၏ အရှေ့တွင် ရေးလက်စ ဖြစ်နေသော စာရွက်စာတမ်းများကို စိုက်ကြည့်ပြီးနောက် ချွဲဂန်းကို ကြည့်လိုက်သည်။

"ယူဗြောင်ဟို ဆိုတဲ့ တစ်ယောက်ကို မေးကြည့်ပြီးပြီလား"

ယူဗြောင်ဟိုမှာ အစောတုန်းက ဂျောင်းဂုကို ပြဿနာရှာနေခဲ့သည့် ကျောင်းသားဖြစ်သည်။  ထိုသူ၏ ပုံမှန်ထက်ပို၍ အထိမခံသည့် ပုံစံ၊ နီရဲနေသော မျက်နှာပြင်၊ တုန်လှုပ်နေသော လက်များကို ဂရုတစိုက် ကြည့်ပါလျှင် ထိုသူ၏ တစ်မူထူးသော ထိတ်လန့်‌နေပုံကို တွေ့နိုင်လိမ့်မည်။

"အခုထိတော့ မခေါ်ရသေးဘူး မင်းပြီးတော့ နောက်နှစ်ယောက်မြောက်ပဲ"

ချွဲဂန်းသည် ကျောင်းသားစာရင်းကို ကြည့်ပြီးနောက် ပြောသည်။ ချွဲဂန်း၏ လေသံမှာ ညင်သာမနေပေ။ ကလေးတစ်ယောက်၏ လှည့်ကွက်ထဲ ကျရောက်သွားလို့ စိတ်‌တိုနေလောက်ပေမယ့် ဂျောင်းဂုမှာ ထိုအရာကို ဂရုစိုက်မည် မဟုတ်ပေ။

"သူ့ကို သတိထားပြီး မေးကြည့်၊ အဲ့ဒီညနဲ့ ပတ်သက်ပြီး တစ်ခုခုကို သိနေနိုင်တယ်"

"မင်းကို ငါက ဘာလို့ ယုံရမှာလဲ မင်းပြောတဲ့အတိုင်း လုပ်စရာလား"

"ဟမ့်"

ဂျောင်းဂုသည် ထိုလူနှင့် သဘောတူညီမှုရအောင် ညှိနှိုင်းမည်ဟု ဆုံးဖြတ်ထားသော်လည်း အထက်စီးဆန်ပြီး မထီမဲ့မြင် မျက်နှာထားကိုတော့ သည်းခံ မပေးနိုင်ပေ။ ထို့နှင့် သွယ်လှကာ ဖြောင့်မတ်သော ကိုယ်အနေအထားဖြင့် ထိုင်ခုံပေါ်မှ ထလိုက်ပြီး သူ ထိုင်နေခဲ့သော ခုံကို ပြတင်းပေါက် ရှိရာသို့ ကန်ထုတ်လိုက်သည်။ ခုံမှာ စတီးခုံဖြစ်သောကြောင့် အုတ်နံရံနှင့် ထိခတ်သွားသည့်အခါ စူးရှကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။

sea of sorrowsWhere stories live. Discover now