Chapter 3 : the shape of falling dust

782 123 22
                                    

အခန်း (၃)
ကြွေကျသွားသော မြေမှုန်များ၏ အသွင်

သာမန်အတိုင်း ဘာမှ မထူးခြားသော နေ့တစ်ရက် ။
သူသာ ဇာတ်လမ်းတစ်ခုရဲ့ အဓိက ဇာတ်လိုက်သာဆို စာဖတ်သူတွေတော့ ပျင်းရတော့မှာပဲ ။

သူ့ကိုယ်သူ အခြားတစ်ယောက်နှင့် နှိုင်းယှဉ်ပြရမယ်ဆိုရင် --- မိုးမခပင် နှင့် နှင်းဆီတစ်ပွင့် အဖြစ် ။
သက်ဆိုင်မှုတော့ ဘာမှမရှိဘူး အင်း ဒီတိုင်း ပြောချင်ရာ လျှောက်ပြောမိတယ် ထင်တာပဲ ။

မိုးမခပင် ငိုနေတယ် ။
ဘယ်လောက် လှပလွန်းတဲ့ စာသားတစ်ခုလဲ ။ ဒါပေမယ့် သိချင်တာက မိုးမခပင်ကို စားလို့ရလား ။ ကျောင်းက ပြန်ရောက်ရင် မိုးမခရွက်ကို ပေါင်းပြီး ထောပတ်သီးအနှစ်နဲ့ ခရမ်းချဉ်ကို ရောပြီး သုပ်လိုက်ရင် သူ့အရသာက ဘယ်လိုဖြစ်လောက်မလဲ ။

"သူ့ကို မွေးစားထားတာတဲ့၊ စီနီယာလီနဲ့ သူနဲ့ မျိုးရိုးနာမည်မတူဘူးလေ"

ဒါမှမဟုတ် မိုးမခရွက်ကို ကြိတ်ပြီး ရတဲ့အရည်ကို ပန်းသီး ၊ နွားနို့နဲ့ ရောဖျော်မယ်ဆိုရင်ရော .. ။

"ငါထင်သားပဲ ကြည့်စမ်းပါ စီနီယာလို ယဉ်ကျေးပြီး ချောမောတဲ့သူနဲ့ ဒီအရူးကောင်ကို ဘယ်ယှဉ်လို့ရမှာလဲ"

ဂျောင်းဂုထိုင်နေသောခုံနှင့် မလှမ်းမကမ်းတွင်ရှိနေသော မိန်းကလေးနှစ်ယောက်သည် အတင်းစကားမဟုတ်သော အတင်းစကားကို သူကြားအောင်ပင် ပြောနေကြ၏။ စာရေးခုံတွင် ခေါင်းငုံ့အိပ်နေရာမှ ဂျောင်းဂု ထကာ ထိုမိန်းကလေးများ ရှိရာသို့ စူးစိုက်ကြည့်လိုက်သည်။

သူတို့ ငါ့ကို ဘာကြောင့် ဂရုစိုက်နေကြလဲ နားမလည်ဘူး။ သူတို့က ငါအာရုံစိုက်တာကို ခံချင်ကြတာလား။ ငါက ဘာကိုမှ အလေးနက်မထားဘူး ။ ငါလုပ်ချင်တာ လုပ်ပစ်လိုက်တယ်။ ဟုတ်တယ် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို ငါ ဂရုမစိုက်ဘူး ။ ဒါက သူတို့ကို အမြင်ကတ်စေတာလား။ စိတ် အနှောင့်ယှက်ဖြစ်စေတာလား ။

"သူ့မိဘတွေတော့ သနားစရာပဲ ဒီလို လူဖြစ်ရှုံးတဲ့ တိရိစ္ဆာန်ကိုမွေးထားရလို့၊ ဒါနဲ့ နင်သိလား အဲ့ကောင်က ထောင်ထွက်တဲ့"

sea of sorrowsWhere stories live. Discover now