Chapter (30) - ကော့တေးပါတီပွဲကို တက်ရောက်ခြင်း(Z+U)

Start from the beginning
                                    






Chapter (30) - ကော့တေးပါတီပွဲကို တက်ရောက်ခြင်း

ရှုဟိန်သည် ကောင်းမွန်သပ်ရပ်စွာဝတ်စားကာ company ကိုအစီရင်ခံဖို့ ထွက်သွားသည်။ သူ့လုပ်ရပ်က ချင်ယွိကျိုးအပေါ် သက်ရောက်မှုကြီးကြီးမားမား ဖြစ်စေမယ်ဆိုရင် သူ့ကို ဂုဏ်ပြုအနမ်းပေးလိုက်မည်ဟု ရှုနင်က တွေးနေသည်။

ရှုနင် ကျောင်းကိုရောက်တော့ ခါတိုင်းကျောင်းနောက်ကျနေလေ့ရှိသော ဟော်ရန်က အတန်းထဲရောက်နှင့်ကာ ခြေချိတ်ထိုင်ကာ သီချင်းညည်းရင်း မောက်မာသောအမူအယာဖြင့် တက်ကြွစွာစောင့်နေသည်ကို တွေ့လိုက်ရသည်။ အတန်းထဲကလူတွေက ဟော်ရန်၏ခုလိုပုံစံကို မမြင်ဖူးလို့ အံ့သြနေသည်။ ရှုနင်က အတန်းထဲကသူ့ခုံဆီ အေးဆေးစွာဝင်ထိုင်ကာ လွတ်အိတ်ထဲကစာအုပ်၊ စာရေးကိရိယာများကို အေးဆေးစွာထုတ်ရင်း ရင်ထဲမှာ ကျိတ်ပြီးဂုဏ်ယူနေသည်။ ဟော်ရန်က သူ့ဘေးကနေ ချောင်းဟန့်ပြီး ပြောလိုက်သည်။

"ငါတို့ တိုက်ပွဲဝင်ဖို့အစီအစဉ်က ဘယ်လိုလဲ.. မင်း ငါ့ကို လှည့်စားလို့ကတော့ မင်းကို ပြန်ပေးဆပ်ခိုင်းမှာ.. ငါ့ကို အပြစ်မတင်နဲ့.."

ရှုနင်က ဟော်ရန်ကို ကစားနေရုံသာဖြစ်လို့ စကားပြန်ပြောဖို့ပင် ပျင်းရိနေသည်။ ဒါကြောင့် စာရွက်တစ်ထပ်ကိုဆွဲထုတ်ကာ ပေးလိုက်သည်။

"ဒါက မနှစ်ကအထိ မေးခွန်းဟောင်းတွေကို စုစည်းထားတာပဲ.. မင်း ဒါကိုဖြေပြီး ညနေ ငါ့ဆီပို့လိုက်.. ငါတစ်ချက်ကြည့်ပေးမယ်.."

ဟော်ရန်၏မျက်ခုံးအစုံက ပင့်သွားသည်။ သူ့ဆရာတွေက ဒီဟာကိုဖြေဖို့ တစ်နှစ်လုံးပြောခဲ့ဖူးသည်။ ဟော်ရန်က စာရွက်ကိုယူပြီး ထွက်သွားတော့ ရှုနင်က တနေကုန်အေးဆေးစွာ စာသင်နေရင်း နှုတ်ခမ်းက ကျေနပ်စွာပြုံးလို့နေသည်။ နေ့လည်ရောက်တော့ ဟော်ရန်က ဖြေပြီးသားစာရွက်အားလုံးကို မာနကြီးစွာ ကမ်းပေးလိုက်သည်။ ရှုနင်က ထိုစာရွက်များကို တစ်ချက်မှမကြည့်ဘဲ သိမ်းလိုက်ကာ နောက်ထပ်စာရွက်တစ်ထပ်ကို ကမ်းပေးလိုက်သည်။ ဒီစာရွက်တွေကို ဟော်ရန်က စာတော်သောကျောင်းသားတစ်ယောက်ကို အနိုင်ကျင့်ပြီးဖြေခိုင်းမှန်း သူသိပြီးဖြစ်သည်။ စာရွက်တစ်ဒါဇင်ကိုတွေ့တော့ ဟော်ရန်၏မျက်နှာက မည်းသွားပြီး သွားစေ့ကာ ပြောလိုက်သည်။

"မင်း ငါ့ကို ကစားနေတာလား.."

"ဒီစာရွက်က လုံးဝပြည့်စုံတဲ့မေးခွန်းတွေပဲ.. ဒါကိုဖြေလို့ အမှတ် 60 ရရင် မင်းစာမေးပွဲမအောင်မှာ မပူနဲ့.."

ဟော်ရန်က အရူးမဟုတ်ပေ။ ပထမမေးခွန်းတွေကို သူဘယ်လို ကလိမ်ကျထားတယ်ဆိုတာ ရှုနင်သိသွားမှန်းရိပ်မိကာ ရှက်သွားသည်။ ပထဝီနှင့်သမိုင်းဘာသာကို 60 ရဖို့လွယ်ပေမယ့် English ကတော့ ခက်လွန်းသည်။ ဟော်ရန်က လုံးဝမလုပ်တာထက် နောက်ကျတာက ပိုကောင်းသေးသည် ဆိုသည့်စကားပုံအတိုင်း စာရွက်ကိုယူကာ ထွက်လာသည်။ တကယ်လို့ ဒါတွေဖြေလို့မှ စာမေးပွဲမှာ ရလဒ်ကောင်းမရရင် ဒီကောင့်ကို စိတ်ကြိုက်ပြောဆိုကာ ရိုက်နှက်ရမည်ဟု တွေးနေသည်။

စာရွက်ကိုယူရင်း ပြန်လာတော့ ဟော်ရန်၏ခြေလှမ်းများက လေးလံလို့နေသည်။

ဟား.. ဟား.. ဟား. ဒါတွေအားလုံးဖြေရင် ပင်ပန်းလို့သွေးအန်သွားမယ်..။ ဒီကောင်ဟော်ရန်က စာညံ့တာ၊ မောက်မာရိုင်းစိုင်းရာမှာ နာမည်ကြီးတဲ့သူပဲမဟုတ်လား..။

အချိန်က လျင်မြန်စွာကုန်ဆုံးကာ စာမေးပွဲနေ့ကို ရောက်ရှိလာလေပြီ။ ရှုဟိန်လည်း company မှာ ပုံမှန်ကဲ့သို့ လုပ်ဆောင်နေလေပြီ။ ညစာစားပွဲတွင် လူစုံရှိနေပေမယ့် ရှုနင် စိတ်အနှောင့်အယှက်ဖြစ်မည်စိုးလို့ ဘယ်သူမှ စာမေးပွဲအကြောင်း မပြောကြပေ။

ထိုညတစ်ညလုံး ချင်ယွိကျိုးက ရှုချိန်၏ရင်ခွင်ထဲမှာ မှီတွယ်ကာ ကပ်ချွဲနေပြီး ရှုချိန်က အပန်းဖြေခရီးမှပြန်လာပြီး နှုတ်ဆိတ်နေသော သူ့အဖေ၏သဘောထားကို ရိပ်မိသောကြောင့် ထိုကိစ္စနဲ့ပတ်သက်သော အစီရင်ခံစာကို တင်ပြလိုက်သည်။ ဒါပေမယ့် ရှုကောင်းက ခရီးပန်းလာလို့ ဘာမှမပြောသေးပေ။

ဘာသာရပ်အားလုံး ဖြေဆိုပြီးတော့ ထိုနေ့ညနေခင်းတွင် ဟော်မိသား၏ ကော့တေးပါတီပွဲ ကျင်းပသောနေ့ ရောက်ရှိလာသည်။

ချင်ယွိကျိုးက ထိုပါတီမှာ ရှုနင်ကို လူသိများအောင်လုပ်ချင်ပေမယ့် လက်ရှိမှာ ယောက္ခမကြီးက သူမကို မျက်စိဒေါက်ထောက်ကြည့်နေသောကြောင့် အမှားမလုပ်ရဲပေ။ ပြီးတော့ သူ့ယောက်ျားနှင့် ဆက်ဆံရေးကိုလည်း တည်ဆောက်ဖို့လိုနေသေးသည်။ ရှုဟိန်က ရက်ပိုင်းအတွင်း company မှာ ထူးခြားစွာအစွမ်းပြပြီး သူမ၏ခြေသည်းလက်သည်းများကို ဖြတ်ထုတ်ပစ်နိုင်ခဲ့သည်။ ဒီကောင်လေးက 18 နှစ်နှင့်မမျှအောင် တော်လွန်းကာ သူမကို ဖိအားများစွာပေးနိုင်တာ မယုံနိုင်စရာပဲ။

ချင်ယွိကျိုးက ယောက္ခမကြီး၏သံသယမှ လွတ်ကင်းဖို့ ဘာမှလှုပ်ရှားလို့မရပေ။ ရှုဟိန်က ကောင်းမွန်စွာဝတ်စားထားပြီး ကောင်လေး၏အခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ ရှုနင်က ချင်ယွိကျိုးဝယ်ပေးထားသော လှပကာ ခေတ်မီသည့် အနောက်တိုင်းဝတ်စုံဖြင့် အရမ်းကိုကြည့်ကောင်းကာ ဆွဲဆောင်မှုရှိနေသည်ကိုတွေ့တော့ သူ့မျက်ဝန်းထဲ အလိုမကျရိပ်များ ထင်ဟပ်လာသည်။ ရှုနင်ကို လူတကာဝိုင်းကြည့်မည့် ကော့တေးပါတီကို ခေါ်သွားဖို့ပင် တွန့်ဆုတ်နေသည်။

"အစ်ကိုကြီး.."

အစ်ကိုကြီးက ဘာကြောင့် သူ့ကိုဒီလိုကြည့်နေရတာလဲ..။

ရှုနင်က နောက်ဆုံးတော့ အရမ်းတောက်ပဝံ့ကြွားသောကုတ်ကို ချွတ်လိုက်ပြီး ခပ်ရိုးရိုးပဲဝတ်ကာ အောက်ကို ရှုဟိန်နှင့်အတူ ဆင်းလာခဲ့သည်။

"သွားကြတော့မလားဟင်.."

"သွားကြစို့.."

ရှုဟိန်က ရှုနင်ကိုဦးဆောင်ကာ အောက်ကိုဆင်းလာသည်။ ရှုကောင်းက ထိုပါတီကို မသွားပေ။ ရှုချိန်နှင့် ချင်ယွိကျိုးက ထူးခြားသောသူတို့သားနှစ်ဦးကို ပါတီသို့လိုက်ပို့ပေးမှာဖြစ်သည်။ အိမ်ပြင်မှာ ကား ၃စီးရပ်ထားပြီး အလယ်မှာ နောက်ဆုံးပေါ် Lincoln ကားကို ရပ်ထားပြီး ရှေ့နောက်မှာ အနက်ရောင် Mercedes-Benz နှစ်စီး ရပ်ထားသည်။ ကားတိုင်းရဲ့ဘေးမှာ ဝတ်စုံနက်ဝတ် ကိုယ်ရံတော်များက စောင့်ကြပ်နေကြသည်။

ဟော်မိသားစုပိုင်သည့် ဟော်တယ်က ဇိမ်ခံပစ္စည်းများနှင့် အဆင့်မြင့်မြင့်မွမ်းမံထားသဖြင့် လှပခန့်ညားရာတွင် နာမည်ကြီးသကဲ့သို့ ဟော်မိသားစု ဘယ်လောက်ချမ်းသာသည်ကိုလည်း ဖော်ပြနေသည်။ သတင်းထောက်များက ဝင်ပေါက်နားကခုံမှာ ထိုင်နေပြီး ကားတစ်စီးဆိုက်ရောက်လာတိုင်း လူချမ်းသာသူဌေးကြီးများကို အလုအယက်ဓာတ်ပုံရိုက်ကြသည်။ သတင်းထောက်များကလည်း ဟော်မိသားစုက စီစစ်ကာ ခွင့်ပြုထားသောသူများသာဖြစ်သည်။

ရှုချိန်က ချစ်ဇနီးချင်ယွိကျိုး၏လက်ကို တွဲကာ ကော်ဇောနီပေါ်ကနေ ဖြတ်လျှောက်ပြီး ဟော်တယ်ထဲဝင်လာခဲ့သည်။ ယောက်ျားက လှပကာ ချမ်းသာသလောက် မိန်းမကတော့ အဆင့်အတန်းမြင့်သော မိသားစုမှအရှိန်အဝါများ၊ ကျက်သရေများ ကင်းမဲ့နေသည်။ သူတို့က အရင်ကလို ဥက္ကဋ္ဌနှင့်လက်ထောက်ပုံစံဟုသာ လူတွေကမြင်ကြသည်။ ဒါကြောင့် ချင်ယွိကျိုးက သူမ၏ပြုမူနေထိုင်မှုပုံစံကို ပြောင်းလဲကာ တကယ့်အထက်တန်းလွှာက သခင်မကဲ့သို့ အဝတ်အစားအဆင်တန်ဆာများထဲတွင် စိန်ပွင့်များစီခြယ်ကာ ဝတ်ဆင်ပြီး သူဌေးကတော်ရုပ်ပေါက်စေရန် ကြိုးစားထားသည်။ ဒါကြောင့် သူမ၏တန်ဖိုးကြီးအဝတ်အစားများကြောင့် ဘယ်သူက သူမကိုနှိမ်ချကာ အနိုင်ကျင့်ရဲဦးမှာလဲ..။

ငါ့ကို ဘယ်သူ အထင်သေးရဲသေးလဲ..။ ရှုချိန်လို စီးပွားရေးလောက ထိပ်သီးပုဂ္ဂိုလ်ကို မင်းတို့ လက်ထပ်ချင်နေကြတယ်မဟုတ်လား..။

ချင်ယွိကျိုးက ခေါင်းမော့ရင်ကော့ကာ ခင်ပွန်းလင်၏လက်တစ်ဖက်ကို တွဲချိတ်ကာ ကျန်လက်တစ်ဖက်က 13 နှစ်အရွယ်သားကိုဆွဲရင်း ဧည့်သည်များကို ပြုံးရယ်ကာ နှုတ်ဆက်စကားပြောနေသည်။ ဟော်မိသားစု၏မိန့်ခွန်းပြောကြားသူ အိမ်ရှင်နှင့် စကားပြောနေစဉ် လူတိုင်းက သူမတို့ကို စိတ်ဝင်တစား ဝိုင်းကြည့်နေကြသည်။

ဒါပေမယ့် ရှုဟိန်ရောက်လာတော့ ရှုနင်က အစ်ကိုကြီးကို တစ်ချိန်လုံးလှမ်းလှမ်းကြည့်နေသည်။ အစ်ကိုကြီးက သူ့ကိုဝိုင်းနှုတ်ဆက်သည့်လူများကို ခေါင်းညိတ်ကာ ပြန်နှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။ သူက ရှုချိန်၏သားကြီးဖြစ်သည့်အပြင် မိခင်ဘက်က အင်အားကြီးအရှိန်အဝါကြောင့် ဒုတိယမျိုးဆက်သခင်လေးတွေကြားမှာ ဦးဆောင်သူနံပါတ်တစ်နေရာတွင် ရှိနေသည်။ ဒီ C မြို့တော်မှာ သူ့ကို ဘယ်သူမှ မထီမဲ့မြင်မပြုရဲကြပေ။ သူ ပါတီပွဲကိုရောက်လာသည်နှင့် လူတိုင်းက သူ့နား ချက်ချင်းဝိုင်းကာ နှုတ်ဆက်ပြီး လေးစားကြောင်းပြကြသည်။

ရှုဟိန်က ရွှီကျင်းနှင့်အတူ ထောင့်ကဆိုဖာမှာ သက်တောင့်သက်သာထိုင်နေပြီး သူတို့ဘေးမှာ သခင်လေးများစွာက ဝိုင်းနေကြသည်။ ရှုဟိန်ဘယ်နေရာမှာ ရောက်နေပါစေ ချက်ချင်း လူစိတ်ဝင်စားခံရပြီး လူတိုင်း၏အာရုံစိုက်မှုကို ခံရတော့သည်။ ရှုဟိန်တို့ဝိုင်းကို မကပ်နိုင်သည့် ဒုတိယအဆင့်မိသားစုက သခင်လေးတွေက ခပ်လှမ်းလှမ်းမှ မနာလိုစွာ ဝိုင်းကြည့်နေကြသည်။

ချင်ယွိကျိုးက ရှုဟိန် ဒီပါတီပွဲလာသည်ကို မတားနိုင်ပေမယ့် သူစိတ်အနှောင့်အယှက်ဖြစ်စေမယ့် နည်းကိုတော့ လုပ်ဖြစ်အောင်လုပ်လိုက်သေးသည်။ ရှုနင်ကို ရှုချိန်ဘေးမှာကပ်နေစေပြီး ရှုချိန်နှင့်စကားပြောနှုတ်ဆက်သော လုပ်ငန်းရှင်တိုင်းကို ရှုနင်ကိုတစ်ခါတည်းသိသွားအောင် လုပ်လိုက်ခြင်းဖြစ်သည်။ ဒီပွဲမလာခင် ရှုနင်က ပါတီပွဲကိုမတက်ဖူးသောကြောင့် ကြောက်နေမည်စိုးသောကြောင့် ဖခင်ဘေးမှာနေခွင့်ရဖို့ ချင်ယွိကျိုးက ကြိုပြောထားသည်။ ရှုချိန်က စဉ်းစားကာ သဘောတူလိုက်သည်။ ရှုဟိန်များ စိတ်အနှောင့်အယှက်ဖြစ်သွားမလားဟု ချင်ယွိကျိုးက ဟန်ဆောင်ကာပြောလိုက်သေးသည်။ ရှုချိန်က ရှုနင်ကို လိုလားစွာနံဘေးခေါ်ထားကာ လူကုံထံများကို မိတ်ဆက်ပေးခြင်းက ရှုဟိန်၏ပါးကို ဖြတ်ရိုက်လိုက်တာနှင့် အတူတူဖြစ်သည်။ ရှုချိန်က ချင်ယွိကျိုး၏အမေးကို ပြုံးရုံသာပြုံးပြီး ဘာမှပြန်မဖြေပေ။

ချင်ယွိကျိုးက ပျော်လွန်းလို့ ရူးမတတ်ဖြစ်နေသည်။ ရှုချိန်ရင်ထဲက သားကြီးရှုဟိန်ကို သူမ တဖြည်းဖြည်း ဖယ်ထုတ်နိုင်တော့မည်ဟု ယုံကြည်နေသည်။ အခုဆို သူမဆီမှာ သားနှစ်ယောက်တောင်ရှိလာမှပဲ။ ရှုဟိန် ဘယ်ခံနိုင်မလဲ..။

လက်ရှိမှာ ချင်ယွိကျိုးက မြင်သာအံ့သြလောက်အောင် ကျက်သရေရှိသည့် ဂုဏ်သရေရှိအမျိုးသမီးပမာ ပြုမူနေသည်။

မြို့တော်ဝန်က ဇနီးနှင့်အတူ W နိုင်ငံမှာ တယောပညာသင်ပြီးပြန်လာသော သမီးကိုခေါ်ကာ ရှုချိန်နှင့် လာရောက်စကားပြောသည်။ ထိုမိန်းကလေးက အလယ်တန်းတက်နေပြီး နာခံကာ ပညာတတ်သူဖြစ်လို့ ချင်ယွိကျိုးက ရှုနင်နှင့် ချက်ချင်းမိတ်ဆက်ပေးဖို့ လှည့်ကြည့်လိုက်တော့ ရှုနင် ကိုမတွေ့တော့ပေ။

ရှုနင် ဘယ်ရောက်သွားပြီလဲ.. မြို့တော်ဝန်ကတော်ကို လက်ဆွဲနှုတ်ဆက်ဖို့ ရှုနင်ကိုကိုင်ထားရာမှ လွှတ်ပေးလိုက်စဉ် ဒီကလေး ဘယ်ပျောက်သွားတာပါလိမ့်..။

ရှုနင်က သူမရဲ့အရူးကွက်အတိုင်း လိုက်လုပ်မယ်ထင်လို့လား..။ (╮(╯▽╰)╭)

အရင်ဘဝက ဒီပါတီကို ရောက်ခဲ့ပြီးဖြစ်လို့ ဒီပါတီရဲ့တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှုနင်သေချာသိပြီးဖြစ်သည်။ ဒါကြောင့် သူက ထောင့်စွန်းကစားပွဲကိုလာပြီး အချိုရည်နှင့် မုန့်များ စားသောက်နေသည်။ ဒီပါတီပွဲတက်သမျှလူတိုင်း လှပစွာဝတ်စားကာ ရှေ့မှာပြုံးရယ်နှုတ်ဆက်ပေမယ့် အကျိုးစီးပွားအတွက် တစ်ယောက်ကိုတစ်ယောက် နောက်ကျောဓားနှင့်ထိုးဖို့ ဝန်မလေးကြပေ။ များများပြုံးလေ စိတ်ထားက ပိုယုတ်ညံ့လေဖြစ်သည်။

အရင်ဘဝကမှတ်ဉာဏ်တွေအရ ဘာကောင်းကျိုးမှမရှိတာကို ရှုနင် သိပြီးဖြစ်သည်။ တချို့လူတွေရဲ့ နှလုံးသားက ဒီလောက်ပုပ်သိုးနေမည်ဟု ဘယ်သူကြိုသိမှာလဲ။ ဆယ်နှစ်ကျော် ခင်မင်ပေါင်းသင်းလာပေမယ့် သူတို့ရင်ထဲက မနာလိုမှု၊ မုန်းတီးမှုကို သိုဝှက်ထားကြသည်။ အဆုံးသတ်မှာကျရှုံးဖို့ မျှော်လင့်နေကြသည်။ သူတို့အကျိုးအတွက် အလောင်းအစားပိုးကောင်လို မိမိနားမှာ တွယ်ကပ်နေကြပြီး ဘယ်လိုမှခါချလို့မရပေ။ အရိုးပြိုင်းပြိုင်းကျမှာသာ စွန့်ခွာသွားကြမည့် မိတ်ဆွေတုများသာဖြစ်သည်။ သူတို့အကျိုးရှိမယ့်အရာမှန်သမျှ လေးစားစွာဆက်ဆံပြပြီး သူတို့အတွက် အကျိုးမရှိတော့ရင် နှိမ့်ချစော်ကားကာ ဝိုင်းဖျက်ဆီးကြလိမ့်မည်။

ရှုနင်သည် လူအုပ်ကြီးစုဝေးရာနေရာမှာ ရှုဟိန်ရှိသည်ကိုသိပေမယ့် ထိုနေရာကို မသွားလိုက်ပေ။ ရှုဟိန်ဘေးက သူဌေးသားတွေက သူ့ကို မျိုးမစစ်ဆိုပြီးဝိုင်းနှိမ်ကာ တိုက်ခိုက်ခဲ့သည်ကို မှတ်မိနေသေးသည်။ ထိုအကြောင်းကိုတွေးမိတော့ ရှုနင်၏ရင်ထဲ တင်းကျပ်လာခဲ့သည်။ ဖိအားတွေကြောင့် အသက်ရှူရခက်သလို ခံစားလာရသည်။

ထိုစဉ် ရှုနင်၏ဘေးခုံတွင် လူတစ်ယောက်ဝင်ထိုင်ကာ ပုခုံးကိုဖက်ရင်း ပြောခဲ့သည်။

"ဟေ့.. မင်းကို ငါ လိုက်ရှာနေတာ.."

ဟော်ရန်..။ ဒီပါတီ၏ အဓိကမင်းသားလေးဖြစ်သည်။ သူက စာမေးပွဲဖြေခဲ့စဉ်က ယခင်နှင့်လုံးဝမတူဘဲ မေးခွန်းအတော်များများ ဖြေနိုင်ခဲ့သည်ကို အံ့ဖွယ်သရဲကြုံခဲ့ရသည်။ စာမေးပွဲနီးစဉ်က ဒီစာတွေကိုဖြေခဲ့ရစဉ်က နှာရည်နှင့်မျက်ရည်ပါကျအောင် ပင်ပန်းခဲ့ရသည်။ အင်္ဂလိပ်အက္ခရာတွေကြောင့် မျက်ရည်ကျတော့ သူ့အစ်ကို၏စနောက်ခြင်းကိုပင် ခံခဲ့ရသည်။ ရှုနင်ကြောင့် စာလုပ်ရလွန်းလို့ ပင်ပန်းပြီး ကိုယ်ရည်စစ်သွားကာ ပိုလို့ပင်ကြည့်ကောင်းလာခဲ့သေးသည်။

"မင်းရဲ့ကျေးဇူး ငါ့အပေါ်တင်သွားပြီ.. ငါ မင်းကို သူငယ်ချင်းလို့ သတ်မှတ်လိုက်ပြီကွ.. မင်းပျော်လား.. Jolly နဲ့ မိတ်ဆက်ပေးရမလား.."

ရှုနင် : "......"

ခဏလောက် ငါ့ကို နားခွင့်ပေးစမ်းပါကွာ.. ဒီကလူတွေက အမှိုက်တွေချည်းပါပဲ..။ အသက် ၃၀ ဦးလေးကြီးကို တစ်ယောက်တည်းနေခွင့်ပြုစမ်းပါကွာ..။ သူ ခါးသီးစွာတွေးလိုက်မိသည်။ ရှုနင်က ဘာမှမဖြေဘဲ ငြိမ်နေလိုက်သည်။

"မင်း ဘယ်သူနဲ့ အတူရှိနေတာလဲ.."

မလွှဲသာလို့ ရှုနင်က ဟော်ရန်တို့ဝိုင်းရှိရာကို ရွှေ့လာရသည်။ ထိုဝိုင်းတွင် မုန့်မျိုးစုံတို့ အရသာရှိဖွယ်ပြင်ဆင်ထားသည်။

ဟော်ရန်က သက်ပြင်းချကာ ရှုနင်ကိုသနားကာ တီးတိုးကပ်ပြောလိုက်သည်။

"မင်းအခြေအနေကို ငါ သဘောပေါက်ပါတယ်.. ဘာမှမကြောက်နဲ့.. မင်းကို ငါ ကာကွယ်ပေးမယ်.."

ရှုနင်၏မျက်နှာပေါ်မှာ အနက်ရောင်လိုင်း ၃ကြောင်းပေါ်လာသည်။

လူငယ်လေး..မင်း ဘာသောက်အတွေးတွေ တွေးနေတာလဲ..။

ဟော်ရန်၏သူငယ်ချင်းများလည်း ရောက်နေပြီး ဆူညံစွာ ရယ်မောစကားပြောနေကြသည်။ သူတို့ပြောကြသည့် အကြောင်းအရာများက ဘယ်မိန်းကလေးရဲ့ရင်ဘတ်က ပိုကြီးသည်၊ ဘယ်အိမ်ကမိန်းကလေးက အပျိုစစ်သည်၊ ထိုမိန်းကလေးမျာကို ရအောင်ချိန်းကာ အိပ်လိုက်မည် စသည့် ညစ်ညမ်းသည့်အကြောင်းအရာများချည်း ဖြစ်သည်။ ဒီအသိုင်းအဝိုင်းက ကလေးတွေက ဒီလိုချည်းပဲဖြစ်ပြီး အရင်ဘဝကတည်းက ဒီလိုလူတွေကို သူအမုန်းဆုံးဖြစ်သည်။ ဒါကြောင့် ရှုနင်က ဘာမှဝင်မပြောဘဲ မုန့်စားကာ တိတ်ဆိတ်စွာပဲ နားထောင်နေသည်။ ဗိုက်ပြည့်သွားတော့ သူလည်း နည်းနည်းစိတ်ကြည်လာခဲ့သည်။

ဒါပေမယ့် လူတချို့က သူ့ကို မပျော်အောင်လုပ်နေသည်။

ချင်ယွိကျိုးက ဟော်ရန်တို့အုပ်စုကြားထဲ ရောက်နေသော ရှုနင်ကို တောက်ပစွာကြည့်ကာ လက်ယမ်းပြီး ဆက်လက်ပေါင်းသင်းဖို့ အချက်ပြလိုက်သည်။

မင်းက ငါ့ကိုမပျော်အောင်လုပ်ရင် ငါလည်း မင်းကို မပျော်အောင်လုပ်ရသေးတာပေါ့။

"အမေ.."

ရှုနင်က ဗိုက်ကိုနှိပ်ကာ ခေါ်လိုက်သည်။

"သား.. နင်နင်.. ဘာဖြစ်လို့လဲ.."

ချင်ယွိကျိုးက စိတ်ပူပြီး ချက်ချင်းရောက်လာပြီး နဖူးကိုစမ်းကြည့်လိုက်သည်။ ကြည့်ရတာ ချင်ယွိကျိုးက သူ့အစီစဉ်ထဲ ရောက်လာပြီထင်သည်။
=====================



ရေခဲတုံးအကိုကြီးကို ဆွဲဆောင်သော ဝံပုလွေညီငယ်လေးWhere stories live. Discover now