စီရင်ခြင်း(၃)

1K 91 4
                                    


Unicode

"Richardကဘာလို့မိဘစကားနားမထောင်တာလဲဟင်"

"အရွယ်ရောက်လာပြီးကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်လာလို့ပေါ့။ ဒါပေမယ့် သူတို့ချတဲ့ဆုံးဖြတ်ချက်တိုင်းက မမှန်နိုင်ဘူးဆိုတာကိုသူမသိဘူး။ မိဘကဆုံးမလာရင် သူတို့ကိုချုပ်ချယ်တာ သူတို့အပေါ်နားမလည်တာလို့မြင်လာတယ်။ ကိုယ့်ကိုယ်ကိုချုပ်ချယ်ခံနေရတဲ့လူလိုခံစားနေရတဲ့အတွက် မိဘအရိပ်အောက်က​နေထွက်ပြေးဖို့ကြိုးစားကြတယ်။

"တကယ်ဆို Richardသာ ငှက်မေမေကြီးရဲ့စကားကိုနားထောင်ခဲ့ရင်ဒီလိုမုန်တိုင်းကြောင့်သေရမှာမဟုတ်ဘူးနော်"

"ဟုတ်ချင်လည်းဟုတ်မှာပေါ့"

မျှော်လင့်တကြီးစောင့်စားနေပေမယ့် သူရဲ့အဖြေကို
"ပက်ထရစ်"ဆိုတဲ့ကောင်လေးကို စိတ်ကျေနပ်မှုမပေးနိုင်ဘူးနဲ့တူပါရဲ့။ တကယ်တော့ သူ့မှာ ထိုမေးခွန်းအတွက်အဖြေကရှိပြီးသား။ ဒါပေမယ့် ၅နှစ်အရွယ်ကလေးတစ်ယောက်ကတော့ ကောင်းကောင်းနားလည်မှာမဟုတ်ဘူး။

လူသားတော်တော်များများက ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ဘူး။ မှန်တယ်ထင်ရင်ဇွတ်တိုးချင်တယ်။ ခေါင်းလည်းမာကြတယ်။ အဲ့ဒီအထဲမှာ အသက် ၂၀ ဝန်းကျင်မြီးကောင်ပေါက်အရွယ်တွေကအဆိုးဆုံး။ စိတ်ဓာတ်အတက်အကျမြန်သလို ဘာမဟုတ်တဲ့အကြောင်းအရာတစ်ခုကိုလိုက်ခံစားပြီး ကိုယ့်စိတ်ကိုဆွဲချနေတတ်ကြတယ်။ ပျံတတ်ခါစငှက်ကလေးRichardလို အသစ်အဆန်းတွေကိုရှာဖွေစူးစမ်းချင်ကြတယ်။ အကျိုးသင့်အကြောင်းသင့်မစဥ်းစားတတ်တော့ဘဲ သူတို့ယုံကြည်မှုနဲ့ဆန့်ကျင်လာတဲ့လူမှန်သမျှက သူတို့အပေါ်မကောင်းတဲ့လူလို့မှတ်ယူတတ်ကြတယ်။ ဥပမာအားဖြင့် ဂိုအွန်ယောင်းနဲ့ ချွဲယောင်ဟီးလိုပေါ့။

သူက တစ်လတစ်ခါဒီ Holy Heartဆိုတဲ့ဘုရားကျောင်းကိုလာနေကြ...ဒီမှာရှိတဲ့ကလေးတွေကိုစာဖတ်ပြတာ ၊ ကျန်းမာရေးစစ်​ဆေးပေးတာ ၊ စိတ်ပိုင်းဆိုင်ရာဆွေးနွေးတာတွေလုပ်ပေးလေ့ရှိတယ်။ ဒီအလုပ်ကအကျိုးမရှိပုံပေါ်ပေမယ့် တကယ်တမ်းကျတော့အရမ်းအကျိုးရှိတယ်။ သူ့ရဲ့မြင့်မြတ်တဲ့သန့်စင်ခြင်းအတွက်အရွေးခံရတဲ့လူတွေကိုစာသင်ကျောင်းနဲ့ဘုရားကျောင်းအပြင် ဒီလိုနေရာမျိုးတွေမှာလည်းတွေ့ရတတ်တယ်။

Catching a Serial Killer to Get A Detective's LoveDonde viven las historias. Descúbrelo ahora