စီရင်ခြင်း(၁)

1.1K 100 1
                                    

Unicode

"ဝင်လာခဲ့လေသမီး"

အပေါက်ဝမှာရပ်နေသောကောင်မလေးကို သူ့ရဲ့လက်စွဲတော် ကြင်နာနွေးထွေးတဲ့အပြုံးနဲ့ စီးကြိုလိုက်သည်။

"ထိုင်လေသမီး"

ကောင်မလေးမှာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး အစားပျက် အအိပ်ပျက် ဖြစ်နေပုံရသည်။

"အိပ်ရေးတွေပျက်ထားပုံဘဲနော်"

"စာမေးပွဲနီးလို့ညဘက်စောစောမအိပ်ဖြစ်တာပါ"

ဖန်တရာတေနေတဲ့အလိမ်အညာစကားပါပဲလား။

စမ်းသပ်စစ်ဆေးမှုတစ်ချို့လုပ်ပြီးနောက် ထိုမိန်းကလေးကို Vitaminတစ်ချို့နှင့်အိပ်ဆေးပေးလိုက်ပြီး နောက်တစ်ကြိမ်ထပ်လာရန် သေချာမှာလိုက်သည်။ ရှေ့လျှောက် စိတ်ဝင်စားစရာတွေ ဖြစ်လာတော့မယ်တူပါရဲ့...

လစာလည်းနည်းတယ်။ လုပ်ပိုင်ခွင့်နယ်ပယ်လည်းကျဥ်းတယ်။ ဒါဆိုဘာလို့ကျောင်းဆေးပေးခန်းကဆရာဝန်လုပ်လဲ။ အဖြေကတော့ရှင်းပါတယ်။ မြီးကောင်ပေါက်အရွယ်တွေဆိုတာသူ့အတွက်ပစ်မှတ်ကောင်းတွေပဲလေ။ ခံစားလွယ်တယ်။ ထိခိုက်လွယ်တယ်။ အားနည်းကြတယ်။ စဥ်းစားတွေးခေါ်နိုင်စွမ်းသိပ်မရှိဘူး။ တစ်ယောက်ယောက်ကလက်ကမ်းပေးလိုက်ရင်ပြန်ကမ်းပေးဖို့ဝန်မလေးတတ်ကြဘူး။ သူ့အတွက်​ေတာ့စိတ်ကျေနပ်စရာကောင်းတဲ့အမဲလိုက်ကွင်းကြီးလိုပဲ။

နောက်ထပ်သုံးရက်လောက်နေတော့ဂိုအွန်ယောင်းဆေးခန်းကိုထပ်လာခဲ့သည်။

"သမီး...ဆေးတွေရောသောက်ရဲ့လား"

ဂိုအွန်ယောင်းကခေါင်းငြိမ့်ပြသည်။

တကယ်တော့ ဒီမေးခွန်းရဲ့အဖြေကိုသူသိပြီးသား...
စိတ်ကြောင့်ဖြစ်နေတဲ့ အိပ်မပျော်တဲ့ရောဂါက ဆေးသောက်နေလို့လဲ သက်ရောက်မှုသိပ်ရှိမှာမဟုတ်ဘူး။ အရင်ဆုံးစိတ်ကိုကုစားရမှာ...စိတ်ထဲကအထုံးတွေကိုတစ်ခုချင်းဖြည်ရမှာ...

"ဟိုလေ...ဟို"

ဆရာ့ကို ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်နော်။ ဆရာ့မှာမင်းတို့ရဲ့
ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာကိုပါစောင့်ရှောက်ဖို့တာဝန်ရှိတယ်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now