Part-17( ဗြောင်ဂျီအွန်း)

1.7K 267 2
                                    

UNICODE❤

နေခြည်နွေးနွေးကသစ်ပင်၏အကိုင်းအခက်များကိုဖြတ်၍ဂျီအွန်းထိုင်နေသောခုံတန်းလေးပေါ်သို့ဖြာကျနေသည်။တသုန်သုန်တိုက်ခတ်နေသောလေပြေလေညှင်းထဲတွင်ချယ်ရီရနံ့များရနေသေးသည်။
ဒါပဲလေ...လောကရဲ့အနွေးဓာတ်ဆိုတာ...

ဂျီအွန်းဖိနပ်ချွတ်ပြီးနှင်းရည်စွတ်နေသောမြက်ပင်နုနုများကိုခြေထောက်နှင့်အသာထိနေမိသည်။

အခုမှဘဲစိတ်မွန်းကြပ်နေတာတွေသက်သာသွားတော့တယ်။သူအမယွန်ဟီးရဲ့စကားကိုနားထောင်ပြီးဒီမိဘမဲ့ဂေဟာလေးမှာvolunteerလုပ်ဖို့သဘောတူခဲ့တာမှန်တယ်လို့ခံစားရသည်။

ဂျီအွန်းအလုပ်ဝင်စကအလုပ်ခွင်မှာအသားမကျသေးတာကြောင့်စိတ်ဓာတ်ကျမှုတွေရှိသော်လည်းစိတ်အားတင်းပြီးခပ်ပျော်ပျော်နေခဲ့သည်။အလုပ်မှာအသားကျလာသည့်အခါလုပ်ဖော်ကိုင်ဖက်များ၊ဆရာသမားများနှင့်ခင်မင်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်လာနိုင်ပြီဖြစ်သည်။သို့သော်အခုမှအံဝင်ခွင်ကျခါစသူ့ဘဝထဲကိုအဖျက်အနှောင့်တစ်ခုကဝင်ရောက်လာသည်။သို့သော်ထိုအဖျက်အနှောင့်ကိုလက်ခံလိုက်သည့်သူကလည်းသူကိုယ်တိုင်ပင်ဖြစ်သည်။အရင်ကခင်လှပါတယ်ဆိုတဲ့လုပ်ဖော်ကိုင်ဖက်များကသူ့ကိုစောင်းမြောင်းပြောဆိုတာတွေလုပ်လာပြီးကျောင်းသားများကလည်းသူ့ကိုမလေးစားကြတော့ပေ။ဒါတွေအားလုံးကိုစတင်ခဲ့တဲ့လူက...

ရှင်မြောင်ဟွန်း

ရှင်မြောင်ဟွန်းမှာဂျီအွန်းတာဝန်ယူရသောတန်းခွဲBကကျောင်းသားတစ်ယောက်ဖြစ်ပြီးဖခင်ရဲ့အရှိန်အဝါနှင့်ကျောင်းတွင်းလူဆိုးလုပ်နေသူဖြစ်သည်။ရုပ်ရှိရေလျှံလေးမို့သူ့ကိုသဘောကျတဲ့မိန်းကလေးတွေများသလိုနောက်လိုက်နောက်ပါတွေလည်းပေါလှတယ်။သို့သော်ဂျီအွန်းကတော့သူ့မျက်လုံးထဲကအထီးကျန်ခြင်းတွေကိုမြင်နေရသည်။ထို့ကြောင့်ထိုကောင်လေးကိုဆူပူကြိမ်းမောင်းတာမျိုးမလုပ်ဘဲချော့ပြောတာမျိုး၊နားလည်အောင်ရှင်းပြတာမျိုးတွေလုပ်သင့်သည်ဟုထင်မိသည်။သို့သော်ထိုRich Kidလေးမှာသူ့စကားနားထောင်ဖို့ဝေးစွသူ့ကိုဆရာမဟုပင်မခေါ်ပေ။ထို့ကြောင့်ပထမဆုံးအနေနှင့်ထိုကောင်လေးနှင့်ရင်းနှီးမှုရအောင်ယူပြီးကောင်လေးရဲ့ခံစားချက်တွေကိုသိနိုင်ဖို့ကြိုးစားရမည်ဖြစ်သည်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now