Part-22

1.4K 234 0
                                    

UNICODE❤

ဒဏ္ဌာရီအရလီဆူယော့မှာစိန့်ပေါလုဘုရားကျောင်းမှာကြီးခဲ့သည့်လီဟွန်းဆိုသည့်ကလေးဖြစ်သည်။စိန့်ပေါလုဘုရားကျောင်းမီးလောင်ပြီးနောက်တွင်ထိုနေရာ၌တည်ဆောက်ခဲ့သောဘုရားကျောင်းသစ်မှာစိန့်မယ်ရီဘုရားကျောင်းဖြစ်သည်။ယခုသင်းအုပ်ဆရာတော်မှာလီဆူယော့ကိုကယ်ခဲ့သည့်ဖာသာမိုက်ကယ်ပင်ဖြစ်သည်။ဖာသာ၏ပြောကြားချက်အရလီဟွန်းဂေဟာမှထွက်ပြီးနှစ်လအကြာမှာအမတ်လောင်းရဲ့အိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်။လီဆူယော့ကမူအစေခံတန်းလျားမှာနေရပြီးထိုတန်းလျားမှာအိမ်မကြီးနှင့်အနည်းငယ်လှမ်းသောကြောင့်ကြီးကြီးမားမားထိခိုက်ခြင်းမရှိခဲ့ပေ။အိမ်စေများ၏ပြောကြားချက်အရမီးလောင်နေတာကိုလီဆူယော့ကအရင်မြင်ခဲ့ပြီးသူတို့ကိုပြောခဲ့ပေမယ့်ဆီပုံးပေါက်သလိုပေါက်ကွဲမှုများဖြစ်နေတာကြောင့်အနားမကပ်နိုင်ခြင်းဖြစ်သည်ဟုဖြောင့်ချက်ပေးကြသည်။အခင်းဖြစ်ပွားရာနေရာကိုရှင်းလင်းပြီးနောက်တွင်ယောကျ်ားအလောင်းနှစ်လောင်း၊မိန်းမအလောင်းတစ်လောင်းကိုသာတွေ့ရပြီးRrynဆိုသည့်၁၅နှစ်အရွယ်လူငယ်၏အလောင်းမှာပျောက်ဆုံးနေခဲ့ကြောင်းသိရသည်။အလောင်းများမှာမီးလောင်မှုကြောင့်ပျက်စီးနေပြီးအလောင်းခွဲစိတ်မှုမလုပ်နိုင်သောကြောင့်သာမန်မီးလောင်မှုအဖြစ်သာအမှုပိတ်သိမ်းခဲ့သည်။

ထိုအချိန်မှစ၍လီဟွန်းဟာလည်းလီဆူယော့ဟုအမည်ပြောင်းပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခဲ့သည်။ဉာဏ်ရည်ထက်မြက်သည့်အပြင်ဖာသာမိုက်ကယ်၏အကူအညီဖြင့်ပညာသင်ထောက်ပံ့ကြေးများရရှိခဲ့သောကြောင့်ကြိုးစားမှု၏ရလဒ်အဖြစ်အထွေထွေရောဂါကုဆရာဝန်ဖြစ်လာခဲ့သည်ဟုသိရသည်။

Baekhyunနားမလည်တာက...

မီးကဘယ်ကစလောင်တာလဲ

အမတ်လောင်းတစ်ယောက်အိမ်မီးလောင်တာကိုအမှုကလွယ်လွယ်ကူကူနဲ့ဘာလို့ပိတ်သိမ်းခဲ့တာလဲ

နောက်ပြီးRrynဆိုတဲ့ကောင်လေးရဲ့အလောင်းဟာဘယ်ပျောက်သွားတာလဲ

ဤအမှုမှာရှင်းလေရှုပ်လေ၊ကြိုးစတစ်ခုကိုမြင်၍ဆွဲထုတ်လိုက်လေ၊နောက်ထပ်အထုံးတစ်ခုပေါ်လာလေဆိုသလိုဖြစ်နေသည်။ဂိုအွန်ယောင်း၏လူသေမှုမှသည်လူသတ်မှု၊ကွင်းဆက်လူသတ်မှု၊အခုတစ်ခါမီးလောင်မှုစသည်ဖြင့်ကြိုးထုံးများစွာပေါ်လာသည်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now