Part-25 (Final)

3.1K 352 30
                                    

UNICODE❤

ယနေ့ကားArsenic Killer လီဆူယော့ကိုပြစ်ဒဏ်ချမည့်နေ့ဖြစ်သည်။

တရားရုံးတော်အဆောက်အဦးအရှေ့၌သတင်းစာနှင့်စာနယ်ဇင်းသမားများ၊မီဒီယာအသီးသီးမှာတာဝန်ခံများ၊အမှုကိုလေ့လာချင်သူများအပြင်အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ပေးရန်ဆန္ဒပြသူများနှင့်အုံးအုံးကျက်ကျက်ဆူညံလျက်ရှိသည်။လီဆူယော့ကားပေါ်ကဆင်းလာသည်နှင့်လူအစုအဝေးတစ်ခုလုံးမှဆဲရေးတိုင်းထွာခြင်း၊ကျောက်ခဲများဖြင့်ပစ်ပေါက်ခြင်းများလုပ်လာကြသဖြင့်ရဲအရာရှိများကလီဆူယော့ကိုကာကွယ်၍အဆောက်အအုံအတွင်းသို့ခေါ်ဆောင်သွားရပေသည်။

အမှုကြားနာခြင်းစမည့်အချိန်တွင်တရားခွင်ထဲသို့ဝင်ရရေးအတွက်အလုအယက်တိုးဝှေ့နေကြသောသတင်းထောက်များနှင့်အမှုကိုလေ့လာရန်ရောက်လာသည့်ဥပဒေဘက်တော်သားများလည်းရှိသေးသည်။

လီဆူယော့မှာသူတို့ထင်ထားသလိုပုံစံမျိုးနဲ့အနည်းငယ်တော့ကွာဟနေသည်။ချောမောခံ့ညားသည့်မျက်နှာပေါ်တွင်အေးစက်သည့်အလွှာတစ်ခုအပြင်ဂုဏ်ယူဝမ်းမြောက်ခြင်းဟူသောအမူအရာတစ်ချို့ပါရှိနေသေးသည်။

ယခုလက်ရှိတွင်နယ်ပယ်အရပ်ရပ်တွင်အောင်မြင်နေကြသောပညာရှင်များ၏စကားဝိုင်းများတွင်ဤအမှုနှင့်ပတ်သတ်၍သူ့အမြင်ကိုယ့်အမြင်ဖလှယ်မှုများရှိကြသည်။မီဒီယာပေါင်းစုံမှာလည်းထိုအမှုအကြောင်းဖော်ပြကြပြီးစိတ်ပညာပေးအစီအစဥ်များတွင်တင်ပြဆွေးနွေးခြင်းများလုပ်လာကြသည်။ထို့အပြင်ထိုအမှုကိုမှီငြမ်း၍ဝတ္ထု၊Fan Fictionရေးသူများပါရှိလာခဲ့သည်။လီဆူယော့မှာသူ၏လုပ်ဆောင်ချက်များအတွက်ကျေနပ်နေပုံပေါ်သည်။

"မင်းသိလား...ငါသတ်လိုက်တဲ့လူတွေရဲ့မျက်လုံးတွေထဲမှာငါရုပ်ငါပြန်မြင်ရတာကြိုက်တယ်။ငါကသူတို့ရဲ့ဘုရားသခင်လိုဘဲ"

"ငါလူတစ်ယောက်ကိုသတ်ရတာဘယ်လိုခံစားရသလဲသိချင်နေခဲ့တာ"

စသည့်စကားများအပြင်သူ၏ထူးချွန်ပြောင်မြောက်သည့်ပြစ်မှုကျူးလွန်မှုများနှင့်စိတ်နေသဘောထားများကိုပါရှင်းပြတတ်သေးသည်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now