Part-14

2.1K 358 8
                                    

Unicode❤

တပေါက်ပေါက်ကျဆင်းနေတဲ့မိုးစက်မိုးပေါက်တွေဟာသူ့ရင်ထဲကသောကမီးတွေကိုမငြိမ်းသတ်နိုင်ပါ။တလက်လက်ဖြစ်နေတဲ့လျှပ်စီးတွေနဲ့တစ်အုန်းအုန်းမြည်နေတဲ့မိုးခြိမ်းသံတွေဟာလည်းသူ့ရဲ့ခေါင်းတည့်တည့်ဘဲမိုးကြိုးပစ်ချတော့မလို...
သူကမိုးရွာတဲ့ညတွေကိုသဘောကျတယ်။တစ်နေကုန်အလုပ်လုပ်ပြီးခြေကုန်လက်ပန်းကျနေတဲ့သူ့အဖို့မိုးရွာတဲ့ညတွေကအိပ်ကောင်းသည်ဟုယူဆမိ၍...သို့သော်ယနေ့မှစ၍မိုးရွာတဲ့ညတွေကသူ့အတွက်အိမ်မက်ဆိုးကြီးတစ်ခုလိုဖြစ်နေတော့မည်။

သူရှေ့တိုးသွားချင်သော်လည်းသူ့လက်မောင်းကိုပြန်ဆွဲထားတဲ့လက်တစ်ဖက်...ထိုသူကသူမိုးစိုမှာကိုစိုးရိမ်နေသည့်အလားအမည်းရောင်ထီးကိုသူ့ခေါင်းပေါ်မိုးပေးသည်။ထိုသူရဲ့ပခုံးကတော့မိုးရေစက်တွေနဲ့ရွှဲလို့နေသည်။သို့သော်ထိုလူဆွဲထားရသည့်အကြောင်းကမိုးစိုမှာစိုးတာထက်ရှေ့ကအခင်းဖြစ်ပွားရာနေရာကိုရှေ့ဆက်မသွားစေချင်၍ဖြစ်မည်။

ငါ့ကိုလွှတ်!

Baekhyuna!!!

လွှတ်လို့ပြောနေတယ်လေ!!!

ထိုလူ့လက်ကိုအားနဲ့ခါချလိုက်ပြီးနောက်ရှေ့ကသက်ဆိုင်သူများမှအပကျန်လူများမဝင်ရန်တားမြစ်တားသည့်ကြိုးတို့ကိုမ၍ဝင်သွားလိုက်သည်။

Hyung!!!
"ကျွန်တော်တို့ကြည့်လိုက်မှာမို့အခုတော့မဝင်ပါနဲ့အုံး"

ဖယ်စမ်း!

"Hyung ကျေးဇူးပြု၍...ကျွန်တော်"

ခွပ်!

ဒေါသအလျောက်ပစ်သွင်းလိုက်သောလက်သီးကြောင့်Sehunမှာပုံလျက်လဲကျသွားလေပြီ။

သတ္တိရှိတဲ့ကောင်ငါ့ရှေ့မှာလာပိတ်ရပ်လိုက်!

ဘယ်လိုတောင်ရမ်းကားနေတာလဲ!!!

သူလှည့်ကြည့်လိုက်တော့ဝတ်စုံပြည့်နဲ့Dr.Kim Suho

အခင်းဖြစ်တဲ့နေရာကိုစစ်ဆေးရန်လာခဲ့သည်ထင်ပါရဲ့

"ရန်ဖြစ်ချင်ရင်ဝေးဝေးမှာသွားဖြစ်...အခင်းရဲ့ခြေရာလက်ရာတွေလာမဖျက်စီးနဲ့"

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now