Part-23

1.4K 224 0
                                    

UNICODE❤

"သတိရလာပြီလားHyung"

"ဒါဘယ်နေရာကြီးလဲ"

"ဆေးရုံလေ..."

ဘာလို့ဆေးရုံကိုခေါ်လာတာလဲ...ငါဆေးရုံတွေမုန်းတာမသိဘူးလား!!!

"အယ်...အခုလိုအော်နိုင်ပြီဆိုတော့အားပြည့်သွားပုံဘဲ..."
ဘယ်လိုဖြစ်ပြီးရုတ်တရက်ကြီးမေ့လဲသွားရတာလဲ...လူကိုစိတ်ပူအောင်!!!

ဘယ်သူကမင်းကိုပူခိုင်းလို့လဲ!!!

"ကျွန်တော်သိတဲ့စုံထောက်Byunကအရမ်းကိုသန်မာပြီးဒေါသအရမ်းကြီးတာ...အခုလိုအားနည်းတဲ့ပုံစံကိုမြင်လိုက်ရတော့..."သြော်ငါ့Hyungလည်းအသွေးအသားနဲ့တည်ဆောက်ထားတဲ့လူပါဘဲလား"လို့တွေးမိသွားလို့
ကိုယ့်ကိုယ်ကိုယ်အရမ်းတွန်းအားမပေးပါနဲ့Hyungရယ်...ကျွန်တော်တို့လည်းရှိနေတာပဲလေ"

"သွားစမ်းပါ...ဘာတွေလာပြောနေတာလဲ...နားငြီးတယ်"

ဟက်...
"အဲ့ဒါဆိုလည်းကျွန်တော်အပြင်မှာဆရာဝန်နဲ့သွားတွေ့လိုက်အုံးမယ်။"

အခန်းထဲကထွက်သွားတဲ့Sehunရဲ့နောက်ကျောကိုကြည့်ပြီးသူတွေးမိတယ်။ဟိုလူသာဆိုရင်အားနည်းတဲ့Byun Baekhyunဖြစ်ဖြစ်၊သန်မာတဲ့Byun Baekhyunဖြစ်ဖြစ်ဂရုစိုက်ပေးမှာဘဲ။ထိုလူမရှိတာနဲ့Baekhyunရဲ့နေ့စဥ်ဘဝကအရင်လိုပြန်ဖြစ်သွားသည်။ကြုံရင်စားလိုက်တယ်။အိပ်ချင်မှလည်းအိပ်တယ်။အခုလိုStressတွေများပြီးမေ့လဲတာလဲမဆန်းပါဘူး။အရင်ကလည်းဒီလိုနေနေကြပေမယ့်ဂရုစိုက်ပေးတာခံရတော့အကျင့်တွေကပါနေပြီ။ဒါပေမယ့်ဒီလိုဂရုစိုက်မှုတွေကသူ့ကိုချစ်လို့မဟုတ်ဘဲအားနာလို့ဆိုရင်...တကယ်ဘဲအဖေကသူ့ကိုကယ်ရင်းသေသွားရတာဆိုရင်...Baekhyunဆက်မစဥ်းစားရဲတော့ပါ။

တစ်ရက်ကြာပြီးနောက်မှာသူဆေးရုံကဆင်းခွင့်ရခဲ့သည်။ဆေးရုံကဆင်းဆင်းချင်းသူပထမဆုံးလုပ်တာကအငြိမ်းစားယူသွားသောရဲမင်းကြီးဆီသွားတာဘဲ

ရဲမင်းကြီးဟာအသက်၇၀ကျော်ဆိုပေမယ့်အရင်ငယ်ရုပ်တော့မပျောက်သေးပါ။အဖေဆုံးပြီးနောက်မှာသူတို့သားအမိကိုဂရုစိုက်ပေးခဲ့တဲ့ကျေးဇူးရှင်ဖြစ်တာကြောင့်သူ့ဘက်ကလည်းရိုသေသမှုထား၍ဆက်ဆံခဲ့သည်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now